Anna And Plot God

216 22 14
                                    

" အက်ခိုး .. ဒီဟာ က အဆင်ပြေပါ့မလား.. "

Alika ၏ အမေးစကားကို အက်ခိုးက မထုံတက်တေးအမူအယာဖြင့်သာ တုန့်ပြန်သည်။ သူမနှင့် Alika တို့က ကနုတ်ပန်းများသေသပ်စွာ ရေးခြယ်ထားသော ကုလားထိုင်တစ်ခုစီတွင် ထိုင်နေကာ သူတို့ရှေ့တွင် တော့ ဇာလွှာ ပါးပါး အုပ်ဆိုင်းထားသော စားပွဲခုံတစ်လုံး..။ ထိုစားပွဲပေါ်ရှိ ဖန်သားပြင်ခပ်သေးသေး တစ်ခုတွင်တော့ အမျိုးသမီးငယ်လေး တစ်ယောက်၏ ပုံရိပ်က ထင်ဟပ်နေသည်။ ထိုပုံရိပ်ကို စိတ်ဝင်တစား စောင့်ကြည့်နေသူတစ်ယောက်လည်း ရှိသေးသည်။

" သူ ယုန်ကို ကိုင်ထားတဲ့ ပုံလေးက... "

ပုံရိပ်ငယ်ကို စိုက်ကြည့်နေသူသည် ချစ်မြတ်နိုးခြင်းကို ထိန်းမထားနိုင်စွာပင် အသံတိုးဖွဖွ  ထွက်လာသည်။ ဖန်သားပြင်ကို လက်ဖြင့် တယုတယ တို့ထိလိုက်ပုံကလည်း ပုံရိပ်ထဲရှိ အမျိုးသမီးငယ်လေးကို ချက်ချင်းလက်ငင်းပင် ပွေ့ဖက်လိုသည့်ဟန်..။ ထိုအရာကို မြင်သော အက်ခိုးကတော့ လိုချင်တာရသွားသော ကလေးတစ်ယောက်ကဲ့သို့ပင် ညစ်ကျယ်ကျယ်ပြုံးတော့သည်။

" တွေ့တယ်မလား.. ငါမှန်းတာ ကွက်တိပဲ.. "

" ဒါပေမယ့် အက်ခိုးက ဘာလို့ သူ့ကို ဒုက္ခပေးချင်နေရတာလဲ.. "

Alika ၏ အမေးစကားကို အက်ခိုးက အေးဆေးစွာပင် ပြန်ဖြေလေသည်။

" ဒုက္ခပေးတယ်လို့ သေချာပေါက်ပြောလို့တော့ ဘယ်ရမလဲ.. ဖူးစာရေးတယ် ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့.. "

အက်ခိုးတို့နှစ်ဦးသား တိုးတိုးကျိတ်ကျိတ်ဆွေးနွေးနေသော်လည်း ဖန်သားပြင်ကို ကြည့်ရှုနေသူကတော့ သူ့အာရုံကို ပုံရိပ်ငယ်လေးဆီမှ လုံးဝ မခွာခဲ့ပေ..။

_____________

" ကြာပန်းလေးလိုမျိုး နူးညံ့တဲ့ မိန်းကလေး.. Eutopia က ဇာတ်ကောင်အချို့နဲ့ အဆက်အသွယ်ရှိပြီး စာရေးဆရာတစ်ယောက် အနေနဲ့ကျော်ကြားတယ်..စာရေးနေရရင်ပျော်တယ်.. သူမ အချစ်ဆုံးက ပိုက်ဆံ.. ပြီးတော့ ယုန်လေးနှစ်ကောင် ရှိတယ်.. အဲဒီ့ယုန်လေးနှစ်ကောင်ကို သူသိပ်ချစ်တယ်.. သူမရဲ့ နာမည်ပြောင်က အာလူးလေး .. "

Fanfiction Book Of RuptureWhere stories live. Discover now