" Anna Sama က ရက်စက်တယ်.. "
နားယဉ်နေသော အသံလေးတစ်ခု ကြားလိုက်ရသောကြောင့် လတ်လျားလတ်လျား လမ်းသလားနေသော ခြေထောက်များကို ချက်ချင်း တုန့်ခနဲ ရပ်လိုက်မိသည်။ စိမ်းမြသော ရေကန်ကျယ်ကြီး ဘေးရှိ သစ်မြစ်ထူထူ အပင်ကြီးကို ဟိုတိုက် ဒီတိုက်လုပ်နေသည်က တိမ်မည်းပုစိလေး..။ မကျေနပ်ချက်များကို စိတ်ထွက်ပေါက်ရှာသည့်နှယ် တိုးကာတိုက်ကာ လုပ်နေသော်လည်း သူ့ကိုယ်လုံး အိကျိလေးနှင့်မို့ သစ်ပင်ကြီးကတော့ အယားဖြေပေးနေသည်ထင်ပေလိမ့်မည်..။
" အသည်းလေး.. !!! "
" Sinner ရေ.. !!!! "
သြော်ဟော... ခလုတ်ထိတော့ အမိ တ မဟုတ်ဘဲ Sinner တ တဲ့အထိ ဖြစ်နေပြီပေါ့..။ ကလေးရဲ့ ရောဂါက ရင့်နေပြီပဲ..။
သူမ လှန့်လိုက်သောကြောင့် အသားကုန် အော်ဟစ် လန့်ဖျပ်သွားပြီးမှ စူပုတ်ပုတ်ပြန်ကြည့်နေသော ကိုးကိုးလေးကို အသည်းတယားယား ဖျစ်ညစ် ချင်မိသွားရသည်။
" ခင်ဗျားက ဘာလို့ ဒီရောက်နေတာလဲ.. ခင်ဗျားက .. "
လှုပ်စိ လှုပ်စိနှင့် သူမအား မှတ်မိသွားပုံ ရသည့် တိမ်မည်းလေးကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်သည်။
" အင်း.. ဟိုတစ်ခါ မုန့်လာပို့တဲ့ မမလေ.. မှတ်မိသွားပြီလား.. "
" ဘာ မမလဲ.. ခင်ဗျား ကြည့်ရတာ ငယ်တဲ့ပုံပေါက်ပါတယ်.. "
" ငယ်တာတော့ မငယ်ဘူး သဲကိုးလေးရဲ့.. သဲကိုးလေးက မမ မခေါ်ချင်လို့လား.. "
" သဲကိုး မခေါ်နဲ့.. "
ဒေါသထွက်လာသည့်နှယ် ဆောင့်ကြီးအောင့်ကြီး ပြောပြီး သစ်ပင်ကို သွားတိုက်နေပြန်သည်။ သဲကိုးလေး အူပွ နေသည့် အကြောင်းကို သူမက သိနေသည်မို့ ခပ်သာသာပြုံးရင်း ဆိုမိသည်။
" ကလေးက မမအက်ခိုးနား မနေရလို့ စိတ်ဆိုးနေတာလား.. "
" ခင်ဗျားက ဘယ်လို သိလဲ .. မဟုတ်သေးပါဘူး.. ဘယ်သူက သူ့နားနေချင်လို့လဲ.. မနေရလေ ကောင်းလေ.. "
ဖင်ပိတ်ငြင်းနေသော ကလေးကို စိတ်ရှည်လက်ရှည်သာ သူမရှင်းပြဖြစ်သည်။
ESTÁS LEYENDO
Fanfiction Book Of Rupture
FanficRupture ကို သင်သိပြီးသားမလား.. ချစ်စရာ တိမ်မည်းပုစိလေးရယ်.. အကြွေဆင် မမအက်ခိုးရယ်.. သူရဲ့ ချစ်လှစွာသော Noise ရယ်.. စိတ်ဝင်စားစရာ Story line တွေရယ် နဲ့ ဖန်တီးထားတဲ့ Anna Sama ရဲ့ ကမ္ဘာလေး တစ်ခု.. အဲဒီ့ကမ္ဘာလေးကို ဘေးက ရပ်ကြည့်ရုံနဲ့ အားမရတဲ့ ကိုယ်ဟာ အတ...