Lovey Dovey OTengI

524 71 15
                                    

Moryo တစ်ကောင်ဒုက္ခပေးနေသည်ကို seimei အိမ်တော်၏ နာမည်အောက်တွင် ဖြေရှင်းပေးပြီးနောက် Ogi သည် Tengu နောက် လိုက်ရန် ပြင်ဆင်လိုက်သည်..။ Moryo ကဲ့သို့ မိစ္ဆာလေးများကို တကယ်တမ်းတော့ သူကိုယ်တိုင်ပင် ရှင်းရန်မလိုသော်လည်း သခင်မ ခိုင်းထားသည့် အလုပ်သဖွယ်သာ သဘောထား၍ တစ်လက်စတည်း ရှင်းပေးလိုက်သည်။ သခင်မထွက်သွားပြီး နှစ်နှစ်ဆယ် ကြာသည့်တိုင် ရွာနီးချုပ်စပ်များကို seimei အိမ်တော်၏ အမည်ဖြင့် သူတို့ စောင့်ရှောက်ပေးဆဲပင်..။ ယခု ဤရွာတွင်တော့ သူ့တာဝန် ပြီးပြီ ဖြစ်၍ သူ Tengu နောက် လိုက်မည်..။ Tengu နှင့်သူ စာရင်းရှင်းရန်ရှိသည်။

သူ မူလ အသွင်သို့ ပြန်ပြောင်းရင်း Tengu သွားသည့် အရပ်သို့ လိုက်လာလိုက်သည်။ သူသတ်ရမည့်သူကို သတ်သွားခဲ့သော ထိုကျီးကန်းနှင့် သူ အကျေအလည် ရှင်းလင်းရန် လိုသေးသည်..။ သို့သော် ထိုကျီးကန်းက သူ့ကို မြင်တိုင်း ပတ်ပြေးနေဆဲ..။

အမှားလုပ်ထားတဲ့သူဟာ ကိုယ့်အရိပ်ကိုယ်တောင် ပြန်ကြောက်တယ်တဲ့..။ ကျီးကန်းကောင်လည်း ထိုအကြောက်တရားကြောင့် ထွက်ပြေးခြင်း ဖြစ်ရမည်..။

Tengu အကြောင်း တွေးတော စိတ်တိုနေရင်းမှ အရိပ်ကောင်းစွာရသည့် တောအုပ်တစ်ခုကို ဖြတ်သန်းသွားလိုက်သည်။ တောအုပ်အလွန် တောင်စောင်း ချိုင့်ထဲတွင်တော့ အေးဆေးစွာ အနားယူနေသော Tengu..  ။ ဒင်း နန်းတော်ကြီး မီးထပ်လောင်သွားလို့ ဒီလို သစ်ပင်ပေါ်မှာ လာအိပ်နေတာလား ? ..။

Ogi အနားတွင် ရှိနေသော သစ်ပင် တစ်ပင်ကို ဆွဲနှုတ်ရင်း Tengu ဆီ ပစ်လွှတ်လိုက်သည်။ သစ်ပင်ခွကြားတွင် အေးဆေးစွာမှီအိပ်နေသော Tengu တစ်ယောက် မျက်လုံးပင် မဖွင့်ဘဲ ပျံတက် ၍ ရှောင်လိုက်သည်။

" နှုတ်ဆက်ပုံလေးက သင်းသားပဲ.. "

" မင်းနဲ့ ငါနဲ့ စာရင်းရှင်းဖို့ ရှိသေးတယ်..."

Ogi ၏ စကားကို Tengu က ယောင်တိယောင်ဝါး ပြန်ကြည့်နေသည်။

" မင်း ငါသတ်ရမယ့်သူကို သတ်သွားတဲ့ ကိစ္စလေ.. ဘာအူကြောင်ကြောင် လုပ်နေတာတုန်း.. မတွေ့တာ နှစ် နှစ်ဆယ်ပဲ ရှိသေးတာကို .. မေ့သွားပြီလား.. "

Fanfiction Book Of RuptureWhere stories live. Discover now