Episode 1

4K 215 11
                                    

Episode 1(mini fic)

"ဥုံ ~~~~ ဥုံ ~~~~ ဥုံ ~~~~"

Singto က မမှိတ်မသုန်ကြည့်နေပေမယ့် Krist ကတော့
ဆရာကြီးရဲ့ ပထမဆုံး ဥုံ မှာတင် ကိုယ်လေးတုန်တက်
သွားသည်။

"အုံ ဆိုတာ ဘာလဲ ~~ဘာအုံကို ပြောတာလဲ~~ယင်အုံ
လား~~ ပျားအုံလား "

Singto က ဆရာကြီး နှုတ်ခမ်းတွေကို မမှိတ်မသုန်ကြည့်
ရင်း အနားက Krist ကို မေးလိုက်သည်။

"ခင်ဗျား ပြောတဲ့ တိရစ္ဆာန်အုံကို ပြောတာမဟုတ်ဘူး~~
ဆရာကြီး ရွတ်နေတာ ဥုံ ဂါထာ~~ အပနှင်နေတာ~~"

Sing က အနားမှာ ဒူးတုပ်ကာ ထိုင်နေသော Krist ကို
တစ်ချက်ကြည့်လိုက်သည်။သို့သော် မယုံသလိုကြည့်နေ
သည်ကို ခံစားမိသည်မို့ Krist က မျက်စောင်းလေးပင့်
ထိုးလိုက်သည်။

^^ ဟာ !! ဘာလေးလဲဟ ^^

ပိုကီမွန် အရုပ်နာရီလေးပတ်ထားသော ကောင်ကလေး
က ကျပ်ပြည့်ပုံမရ ။ တစ်ကိုယ်လုံးလဲ ရေတွေစိုရွဲနေတာ
ပဲ~~~ ရိုးရိုးရေတောင်ဖြစ်ပုံမရ။ မြောင်းပုပ်နံ့ပါ ရောရ
နေသည်မို့ Sing က နှာခေါင်းလေးနား လက်နဲ့ဟိုခတ်
သည်ခတ် ခတ်လိုက်သည်။Mae တို့က ဆရာကြီး Chanchai ဆို၍သာ သူ့အနေနဲ့ အလုပ်တွေ ဖျက်ပြီး
လိုက်ပို့ပေးရသည်။ တကယ်ဆို Khun Raai က အပမှီ
နေသည်မဟုတ် ။ အသက်ကြီးလာလို့ ညည ကယောင်
ကတမ်းတွေ ထပြောနေသည်ကို သူများပြုစားသည်ဟု ဆိုကာ နာမည်ကြီး ဆရာကြီး Chanchai ဆီပဲ လိုက်ပို့
ခိုင်းနေသည်မှာ ဒီနေ့အထိ။ ခုလို ရောက်လာတော့လဲ
Sing အနေနဲ့တော့ သဘောမကျ ။ ဘာတွေရွတ်ရွတ် ဒီ
ဥုံ ဆိုတာ မပါရင် မပြီး ။ ပိုဆိုးတာက တကယ် အပမှီ
နေတယ်ဆိုပြီး Khun Raai ကို ရေမန်းတွေနဲ့ တောက်
နေတာ လူကြီးက အပမထွက်ခင် လေဖြတ်သေတော့
မည်ထင်ရ၏။

"Krist ~~~ Krist ရေ~~~"

"Krup !! "

ရှေ့နားတိုးလာသော Krist ကြောင့် ဆရာကြီးက နှာခေါင်း
ပိတ်လိုက်သည်။

"Krist!! ဘယ်မြောင်းထဲ ဆင်းလာတာလဲ "

"မဟုတ်ဘူး ဆရာကြီး~~ Africa ပြုတ်ကျသွားလို့ ဆင်း
ဆယ်တာ~~~"

Africa ဆိုသည်က ဒီမှာ မွေးထားသော ကြောင်လေး
ဖြစ်သည်။

"ယောက်ျား ~~ "

🌜အမှောင်ယံညက ကိုယ့်ဖူးစာ🌛Where stories live. Discover now