Episode 4

1.3K 165 2
                                    

Episode 4

"ဒေါက် ဒေါက် ဒေါက် "

တံခါးခေါက်သံကြောင့် Krist ခေါင်းလေးတွန့်ကာ နိုးလာသည်။

"Krist !! ငါ ဝင်လာမယ်နော် "

"ဟင် !!! အင်း လာခဲ့ "

မျက်လုံး သေချာမဖွင့်ဘဲ ခေါင်းအုံးလေးပေါ် ပြန်အိပ်
ပျော်သွားသော Krist ကို Sing က ဝင်ဝင်လာချင်း
တွေ့လိုက်ရသည်။

"ဘယ်လိုလဲ !! နေလို့မှ ကောင်းရဲ့လား '

"ကောင်းတယ် !!! "

"ပြစမ်း ကိုယ်တွေပူနေသေးလား ~~~"

Sing က သူ့နဖူးနဲ့ Krist နဖူးလေးကို ယှဉ်ကာ စမ်းကြည့်
လိုက်သည်။

"အဖျားတော့ မရှိပါဘူး '

"ဒီမှာ  သားကြီး !! မင်းထင်သလို ငါ ပျော့ညံ့ညံ့ကောင် မဟုတ်ဘူး "

Sing ဖိထားသော စောင်လေးကို အတင်းဆွဲယူကာ တစ်ဖက်ကို လှည့်သွားသော Krist ကိုကြည့်ကာ ရယ်
လိုက်မိသည်။ မနေ့ညက ကလေးတစ်ယောက်လို ထငို
တာ ဘယ်သူပါလဲ ။ နောက်ပြီး သရဲတွေ့ရင် ကုန်းအေိာ
တာကရော ဘယ်သူပါလဲ ~~~။

"ကဲ ထားပါတော့!! ဒီနေ့ သရဲမ နဲ့တွေ့သေးလား '

"သရဲမ နှင်ဖို့နေနေသာသာ ငါ့ဘာသာငါတောင် ထဖို့ အနိုင်နိုင် "

"ခုနက မင်းပြောတော့ ကောင်းတယ်ဆို "

"ကောင်းတယ်ဆိုပေမယ့် သရဲမကို နှင်ဖို့ အားမရှိဘူး '

Krist မျက်နှာကို မမြင်ရပေမယ့် မဲ့ကာ ရွဲ့ကာ ပြောနေမည်ဆိုတာ Singto ဒက်ထိသိလေသည်။

"မင်း နေကောင်းရင် အောက်မှာ အသားကင် ဝယ်လာတယ် ~~~ "

"ငါ့အတွက်လား ~~"

"အင်း !! မင်းအတွက် "

"အခု မစားလို့ရလား ~~"

"ရပါတယ် အဆင်ပြေတဲ့အချိန် ထစားလေ~~ ထမင်းစားပွဲပေါ်မှာ ဖော့ဘူးလေးနဲ့ ထည့်ထားတယ် "

"အင်း ကျေးဇူး "

"ရပါတယ်!!! ငါသွားပြီနော် "

"အခန်းတံခါး သေချာပိတ်ပေးခဲ့ "

"Ok !! "

Krist က စားပွဲခုံပေါ်က နာရီလေးကို တစ်ချက်ကြည့်
လိုက်သည်။

🌜အမှောင်ယံညက ကိုယ့်ဖူးစာ🌛Tempat cerita menjadi hidup. Temukan sekarang