Episode 6

1.3K 163 18
                                    

Episode 6

1943 အစောပိုင်းကာလ

** ယနေ့မနက် ထိုင်းစံတော်ချိန် ၈:၃၅ မိနစ်တွင် အမေရိကန်အစိုးရ၏ ရေလုပ်ငန်းဆိုင်ရာ ရင်းနှီးမြုပ်နှံခွင့်ကို ထိုင်းဘုရင်မှတရားဝင် ခွင့်ပြုကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ် ..အဆိုပါ ထုတ်ပြန်ချက်
နဲ့ ပတ်သက်ပြီးတော့ ထိုင်းတော်ဝင်နန်းတော်၏ ပြောရေး
ဆိုခွင့်ရှိသူ ~~~×××÷÷÷### **

Tanet က ရုံးမသွားခင် နားထောင်လက်စ ရေဒီယိုကို ပိတ်လိုက်သည်။

" တောက် !! "

ယောက်ျားဖြစ်သူရဲ့ တောက်ခေါက်သံကြောင့် Yukisan
ဧည့်ခန်းဆီကို အပြေးထွက်လာကြည့်လိုက်သည်။

"Tanet kon ~~ ဘာဖြစ်လို့လဲ "

Tanet က ရိုးစင်းလှသော မိန်းမဖြစ်သူကို ကြည့်ကာ
ခပ်ရေးရေးလေး ခေါင်းခါပြလိုက်သည်။

"American တွေ ထိုင်းမှာ ခြေရှုပ်ဖို့ လုပ်ကြပြန်ပြီ~~
ကိုယ်သိနေတယ်~ ဒါလဲ CIA ရဲ့စနက်တစ်ချို့ပါလိမ့်မယ်"

Yukisan အနေနဲ့လဲ အနည်းငယ် စိုးရိမ်သွားသည်။တကယ်လို့သာ Tanet kon ပြောတာ
အတည်ဖြစ်ရင် ထိုင်းမှာ နေရာယူထားတဲ့ ဂျပန်စစ်တပ်နဲ့
အမေရိကန်တို့ရဲ့ြ့ပဿနာက စလာတော့မည်။ ဥရောပ
ရဲ့ ဒုတိယကမ္ဘာစစ်မီးက အာရှကိုပါ ပျံ့နှံ့လောင်မြိုက်နေ
သည်ကို တစ်ကမ္ဘာလုံး သိကြသည်။ ဒုတိယကမ္ဘာစစ်
တွင် အဓိက main actor ဖြစ်နေကြတဲ့ ဂျာမနီနဲ့ ဂျပန်
ကို အမေရိကန် အနေနဲ့ ဖြုတ်ချမည်ဖြစ်ကြောင်းလဲ
သတင်းဌာနတွေကနေ တစ်ဆင့် နေ့စဉ် နေ့တိုင်း ကြေညာ
နေသည်။

"Tanet san ~~ ရှင်ရော အန္တရာယ်ရှိလာမှာလား "

ယောက်ျားဖြစ်သူက ဂျပန်-ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေးရဲ့
အရာရှိတစ်ဦးဖြစ်နေသည်မို့ Yukisan စိုးရိမ်ကြီးစွာမေး
လိုက်မိသည်။

"မပြောတတ်သေးဘူး~~ ကြည့်ရှောင်နေရမှာပဲ!! ဒီလို
အချိန်ဆို ပေါင်းကူးတွေက ပေါ်လာဦးမှာ!! ဒီကောင်တွေ
ရဲ့ အချွန်နဲ့ မတာ မခံရဖို့ပဲ ဆုတောင်းရမှာပဲ "

Tanet က သက်ပြင်းတစ်ချက်ချပြီး သမီးလေးအခန်း
ထဲဝငိသွားလိုက်သည်။ ဒီအိမ်လေးကို Yukisan တို့အနေနဲ့ ရောက်လာတာ မကြာသေး ။ ပထမက ဂျပန်မှာပဲ Tanet kon က ရုံးထိုင်သည်မို့ ။ အခု ထိုင်းဘက် ပြန်ပြောင်းရတာနဲ့ မိသားစုလိုက် ပြောင်းလာ
ကြခြင်းဖြစ်သည်။

🌜အမှောင်ယံညက ကိုယ့်ဖူးစာ🌛Hikayelerin yaşadığı yer. Şimdi keşfedin