Episode 3

1.3K 175 19
                                    

Episode 3

Krist သည် ညတစ်ညကို ဘယ်လိုကုန်ဆုံးခဲ့ရသည်မသိ။
နောက်တစ်နေ့ မိုးသောက်ကို ရောက်ရှိလာပြန်သည်။
စောင်ပုံထဲကနေ ကုန်းရုန်းထပြီး ညက အဖြစ်များကို
ပြန်တွေးကြည့်မိသည်။သူ ဒီအပေါ်ထပ်ကို ဘယ်လိုအား
နဲ့ တက်လာခဲ့သည်မသိ။ သေချာသည်ကတော့ ဟိုဘက်ခန်းက တစ်ယောက် လိုက်ပို့ပေးသည်ကိုတော့
သိသည်။

Krist က အခန်းလေးထဲက ခပ်တိုးတိုးလေး ထွက်လာပြီး
တစ်ဖက်အခန်းကို ချောင်းကြည့်လိုက်သည်။ ဘာသံမှ
မကြားရသဖြင့် တံခါးနားကို နားကပ်လိုက်စဉ်

"ဒုတ် "

"အ "

"မင်း ဘာလုပ်နေတာလဲ Krist "

Krist က Singရင်ဘတ်ထဲ စိုက်ဝင်သွားသော ခေါင်းလေး
ကို အသာနှုတ်ယူလိုက်ပြီး လက်လေးနောက်ပစ်ကာ...

"မင်း အသံမကြားတော့လို့ အကြောက်လွန်ပြီးများ သေနေ
လား သိချင်လို့ ~~~~"

Sing က ဘယ်ဘက် နှုတ်ခမ်းစလေးကို လွင့်လွင့်လေး
တင်ပြုံးလိုက်ရင်း Krist နားနားကို ကပ်ကာ ပြောလိုက်
သည်။

"အကြောက်လွန်ပြီး ရှူးပေါက်ချတာ မင်းနော် "

Krist နားရွက်လေးများရဲတက်လာသည်အထိ ဖြေးဖြေး
လေးပြောလိုက်သည်

"အဟမ်း !! ငါ အဲဒါကြောက်လို့ မဟုတ်ဘူးကွ!! တစ်နေကုန် အပေါ့မသွားရသေးလို့ ~~"

"အေး မကြောက်လဲ ပြီးတာပဲ ~~~"

Sing က လက်ကောက်ဝတ်နားက ကြယ်သီးကို သေချာ
တပ်ကာ လှေကားကနေ ဆင်းမည်အပြု ......

"မင်း ဘယ်သွားမလို့လဲ "

"အလုပ်ရှိသေးတယ်လေ~~~"

Krist က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လျက် Sing
ကိုကြည့်လိုက်ကာ......

"ငါလဲ လိုက်မယ်လေ~~~~"

"လိုက်ပြီး ဘာလုပ်မှာလဲ~~ ငါက ငါ့အလုပ်သွားတာလေ
မင်းအလုပ်က ဒီအိမ်မှာလေ~~ဒီမှာပဲနေ  "

"သားကြီး ငါပြောပြမယ်!! မင်းက ကြောက်လဲ မကြောက်
တတ်ဘူးကွာ!!သရဲနဲ့လဲ နေရဲနေတာပဲလေ~~ သရဲကို
နှင်စရာမလိုပါဘူး~~ ပြီးတော့ သူ့ခမျာ ဒီဘက်ခေတ်ကြီး
ထဲ နေစရာရှာရတာ ခက်လို့ဖြစ်မှာပေါ့~~ မင်းကလဲ
ကျောတစ်နေရာစာ ပေးလိုက်ပါ ~~ '

🌜အမှောင်ယံညက ကိုယ့်ဖူးစာ🌛Where stories live. Discover now