Episode 7

1.2K 152 7
                                    

Episode 7

Momoko တစ်ယောက် အခန်းလေးထဲမှာပဲ နာရီပေါင်းများစွာ ကြာအောင် ထိုင်နေခဲ့သည်။ ဟို နှစ်
ယောက်ကိုလဲ လိုမကြည့်အားတော့ ။ တဖြည်းဖြည်း
ပျောက်ကွယ်လုနီးဖြစ်နေသော ကိုယ်ထည်ကို ငုံ့ကြည့်
ရင်းသာ အဖြေရှာနေမိသည်။

×× ဒီအိမ်ကြီးသာ သူတို့လက်ထဲမှာ ဆက်ရှိနေရင် ငါစိတ်
ချပါပြီ.... ××

Momoko က သူ့ကိုသူ မှန်ထဲသွားပြန်ကြည့်သည်။ အနီ
ရောင် ကီမိုနိုလေးက အရောင်တွေ လွင့်ကာ အဖြူထည်
လေးအဖြစ်သို့ ရောက်ရှိနေပြီ ။ Krist ပြောသလို ရေနုး
နေတဲ့ မျက်နှာဟာလဲ တဖြည်းဖြည်း တင်းတင်းရင်းရင်း
ရှိလာပြီး ပြေလျော့နေသော ဆံထုံးများက သပ်သပ်ရပ်
ရပ် ပြန်ဖြစ်လာသည်။

×× နေဦး!! ငါ့ကို မခေါ်ပါနဲ့ဦး!! ငါ... ငါ ~~ကလေးတွေ
ကို နှုတ်ဆက်ချင်သေးလို့ပါ~~~××

သို့သော် ကောင်းကင်ယံမှာ အလင်းတန်းကြီး Momoko
ဆီသို့ ထိုးကျလာသည်။

×× ငါ့ကို အချိန်ပေးပါဦး!! ကလေးတွေကို နှုတ်ဆက်ချင်
သေးလို့××

သူမ အလင်းတန်းအောက်မှာပဲ တဖြေးဖြေး
ပျောက်ကွယ်သွားခဲ့ရတော့သည်။

~~~~~~

"ဥုံ~~~~ ဥုံ~~~ ဥုံ~~~"

Krist က လက်သီးလေးဆုပ် ပါးစပ်နားတေ့ကာ မန်းမှုတ်
ထားသော ဆန်မန်းတွေကို အိမ်အနှံ့လိုက်ကြဲနေသည်၊

"Krist!!ငါ အလုပ်သွားဦးမယ်~~ ကိစ္စရှိရင် ဖုန်းဆက် "

Krist က ခေါင်းညိမ့်ပြမယ်ကြံရုံရှိသေး~~ ဖုန်းသံမြည်
လာသည်မို့ လက်ထဲက ဆန်မန်းအိုးကို ချကာ ဖုန်းကို
ဘောင်းဘီအိတ်ထဲက ထုတ်ကာ ကိုင်လိုက်သည်။

"Hello krup!! "

"Krist ~~ မင်းဘယ်မှာလဲ ပြန်မရောက်သေးဘူးလား "

"ဆရာကြီး~~~ "

Krist ရဲ့ ဆရာကြီးလို့ အားကိုးတကြီး ခေါ်သံကြီးက
အိမ်ကို တုန်ဟီးစေသည်။ Sing က အိမ်အဝမှာ ဖိနပ်စီး
နေသလိုနဲ့ Krist ကို လှမ်းကြည့်နေလိုက်သည်။ အားကိုး
စရာ လူကိုတွေ့၍ အတော်ပျော်နေသော ကလေးငယ်
သဖွယ် ။

🌜အမှောင်ယံညက ကိုယ့်ဖူးစာ🌛Hikayelerin yaşadığı yer. Şimdi keşfedin