2

7.6K 820 78
                                    

Zawgyi>>>

စားပွဲပေါ်မှ ပန်းပင်လေးပေါ် အတင်းဖက်တက်နေသော အနှီအကောင်ပေါက်ကို Baekhyun မနည်းဆွဲထားရ၏…

ခုနကလေးတင် ညစ်ပတ်နေတဲ့ အဲ့ဟာလေးကို ရေချိုးသန့်စင်ပေးပြီး ဗလာကျင်းနေတဲ့ကိုယ်လေးက မြင်မကောင်းတာမို့ အဝတ်စလေးနဲ့ ပတ်ပေးထားတာ…
အခု အပင်ပေါ်ဖက် တက်နေပြီလေ ဘယ်လိုမျောက်လေးလဲမသိ

"ဟေ့ ဟေ့ ငြိမ်ငြိမ်နေနော် အကောင်ပေါက်…
ထပ်ပြီးညစ်ပတ်ရင် ငါမင်းကိုရိုက်မှာ"

ရိုက်မယ်အသံကြားတော့ အကောင်ပေါက်က ငြိမ်သွား၏…
ထို့နောက် မကျေမနပ်ဟန် မျက်နှာဘေးလေးနဲ့ စူပုတ်ပုတ်လုပ်ပြီး Baekhyun ကိုကြည့်နေသည်

Baekhyun
သည် အကောင်ပေါက်လေးကို စားပွဲပေါ်တင်ထား၍ ဟိုဘက်ကကြည့်လိုက် ဒီဘက်ကကြည့်လိုက်နဲ့ လှည့်ပတ်ကြည့်နေမိ၏…

အမှန်စင်စစ် ချာနူးလ်သည် သေးသေးလေးဖြစ်သော်ငြား ဥာဏ်ပြေး၏… သင်ယူတတ်မြောက်မှုလဲ လွယ်၏…

ဝမ်းနည်းစရာက ထိုကလေးသည် စကားမပြောတတ်ပါချေ…

သူ့နာမည်မေးရင် ချာနူးလ် ဆိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြေတတ်ပေမဲ့ တခြားစကားလုံးတွေတော့ သူမပြောတတ်ရှာ…တစ်ခုခုဆို Baekhyun ကို အမူအရာလေးတွေနဲ့သာ လုပ်ပြသည်

Baekhyun အတွက် ချာနူးလ်သည် ပဟေဠိ တစ်ခုအလား ဝေခွဲရခက်ပါ၏…

ဒီလိုနေရာမှာ ဒီလိုလူပိစိလေးကို ရှာတွေ့လိမ့်မယ်လို့ Baekhyun မထင်ထားမိတာအမှန်…

ချာနူးလ်လေးကအရမ်းလည်သည်…
ကြောင်ပေါက်လေးလိုပဲ အမြှီးလေးကိုရမ်းပြီး တစ်ခါတစ်လေ မိမိကိုယ်ကိုဘောလုံးလေးလို ကွေးပြီး ကြမ်းပြင်ပေါ်လှိမ့်ဆော့တတ်သေးတာ…

"ကြောင်ပေါက်လေး…."

Baekhyun ခေါ်တော့ ချာနူးလ်လေးက ဆော့နေရာမှ တလှိမ့်လှိမ့်ပြေးလာ၏…
အလျင်အမြန်ပင် Baekhyun လက်ဖျံပေါ်ခွတက်ကာ မျက်နှာလေးလာအပ်ထားလေသည်

ဘယ်လိုအကျင့်လေးလဲမသိပေမဲ့ ချာနူးလ်လေးက အဲ့လိုပဲ တစ်ခုခုဆို သူ့မျက်နှာလေးနဲ့လာအပ်ထားပြီး ချွဲတာ…

Pussy cat!Where stories live. Discover now