13

3.9K 458 2
                                    

Zawgyi>>>

မိမိအရှေ့မှ ကြောင်ပေါက်လေးကို Baekhyun မေးထောက်၍ ငေးကြည့်နေမိသည်...

Baekhyun ပြင်ပေးထားတဲ့ ပန်းသီးပန်ကန်လေးကိုရှေ့ချပြီး ကာတွန်းကားကြည့်နေတာ...

ဖရိုဖရဲ ခပ်ပွပွအင်္ကျီကြီးထဲ ချာနူးလ်လေးကိုယ်လုံးလေးက နစ်မြုပ်နေ၏...

ကြောင်လေးက TV ကို စိတ်ဝင်တစားကြည့်နေတာမို့ မျက်လုံးလေးကဝိုင်းလို့...

ပန်းသီးကိုက်တာကလဲ ကလေးလေးလိုမျိုး ကိုက်ရာသေးသေးလေးတွေ အများကြီးလျှောက်ကိုက်ပစ်တာမို့
နှုတ်ခမ်းတစ်ဝိုက်သာမက ပါးပြင်နုနုလေးမှာပါ ပေကျံနေတာရယ်...

Baekhyun အသည်းတယားယားနဲ့ အရှေ့မှ ဂျယ်လီတုံးလေးကိုစိုက်ကြည့်နေတော့
ချာနူးလ်လေးက သတိထားမိလို့ထင်ရဲ့ သူ့ကိုလှည့်ကြည့်လာတယ်...

"ကိုကို စားမို့လား"

လက်ထဲမှ အသီးပန်းကန်လေးကိုကိုင်ကာ Baekhyun ရှေ့ ထိုးပေးသော ချာနူးလ်လေး...

Baekhyun ကလဲဟုတ်တာပဲ
အသီးစားနေတဲ့ချာနူးလ်လေးကို တစိမ့်စိမ်ထိုင်ကြည့်နေတော့ ချာနူးလ်လေးက အသီးစားချင်လို့ကြည့်တယ်ထင်သွားတာနေမှာ...

Baekhyun ရယ်ရင်း ခေါင်းခါပြတော့ ချာနူးလ်လေးက သူ့ဘာသူ ဆက်စားနေသည်...

တကယ် ဘယ်လိုဟာလေးမှန်းမသိ...
အသည်းတွေယားလို့ ဆွဲညှစ်ပစ်ချင်တာတအား...

"ချာနူးလ်လေးရေ ကိုကို့ကို ပန်းသီးလာကျွေးပါဦး"

Baekhyun ပြောတော့ ချာနူးလ်လေးက သူ့ဝတ်ရုံကြီးမနိုင့်တနိုင်နဲ့ အသီးပန်ကန်လေးကိုင်ကာ အနားရောက်လာသည်...

Baekhyun က အလျင်အမြန်ပဲ ကြောင်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း အနောက်ကနေတင်းတင်းလေးဖက်ထားလိုက်၏...

အိခနဲအသံနဲ့အတူ ကြောင်လေးရဲ့ ကိုယ်လုံးပိစိလေးက ကွေးကွေးလေးဖြစ်သွားကာ သူ့ရင်ခွင်ထဲအံဝင်ခွင်ကျရောက်နေသည်....

မေးစေ့လေးကို လက်နဲ့ဖွဖွတို့ရင်း ဂုတ်ကအမွှေးပါးလေးတွေကို ပွတ်သတ်တော့
ကြောင်လေးက မရုန်းတော့..မျက်လုံးလေးမှိတ်ပြီး ငြိမ်နေလေရဲ့ ဇိမ်ခံနေတာ အလည်လေး...

Pussy cat!Where stories live. Discover now