Zawgyi>>>
အကောင်ပိစိလေး ပြန်ဖြစ်သွားသဖြင့်
ပန်းကန်လုံးထဲဝင်ပြီး ရေဆော့နေသော ချာနူးလ်လေးကို Baekhyun
ထိုင်ကြည့်နေမိသည်"ချာနူးလ်လေး"
Baekhyun အသံကြားတော့ ချာနူးလ်လေးက ပန်းကန်လုံးဘောင်ကနေ ခေါင်းလေးပြူထွက်လာကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်လာသည်
"ဒီမှာကောင်းကောင်းနေခဲ့မလား?
ကိုယ်သွားစရာရှိလို့..."ဒီနေ့သူ့စာမူတွေကို သွားအပ်၍ လိုအပ်သည့်စာရွက်အချို့လဲ သွားဝယ်ရပေဦးမည်...
ဒါပေမဲ့ အပြင်မှာအရမ်းအေးတော့ ကြောင်လေးကိုခေါ်မသွားချင်ဘူး...
အခုကြောင်လေးဝတ်ထားရတာက
ခေါင်းအပေါက်ဖောက်ထားတဲ့
အဝတ်စလေးတစ်ခုတည်းရယ်...ချာနူးလ်လေးကအရမ်းသေးလွန်းတော့ အဝတ်အစား ချုပ်ပေးဖို့ကအဆင်မပြေဘူးလေ...
သူ့ရဲ့အဝတ်စပါးပါးလေးအောက်က အမြှီးလေးတရမ်းရမ်းနဲ့ဆော့နေတဲ့ ဝါဂွမ်းလုံးလေးက အရမ်းနူးညံ့ပါသည်
Baekhyun ပြောတော့ ချာနူးလ်လေးက ချက်ချင်းပင် ပန်းကန်လုံးထဲကနေ ပြေးဆင်းကာ Baekhyun လက်ပေါ်ဖက်တက်လာသည်...
သူ့အနားမှာပဲနေပေါ့...
မသွားနဲ့ဆိုတဲ့ ပုံစံလေး...
Baekhyun ရဲ့လက်ချောင်းကို သူ့ကိုယ်လုံးလေးနဲ့ အတင်းဖက်ထားတာ မျက်နှာလေးအပ်၍ချွဲရှာသည်..."အဆိုးလေး...ဂျီမကျရဘူးလေ...
ကိုယ်ကအဆိုးလေးအတွက် မုန့်တွေဝယ်လာခဲ့မှာ"Baekhyun ပြောမှ ကြောင်ပေါက်က မလွှတ်ပေးချင်ပဲ လွှတ်ပေးရသည့်နှယ် မျက်နှာလေးကငိုမဲ့မဲ့...
"ကြောင်လေး popo..."
Baekhyun က ကြောင်လေးအနား မျက်နှာကပ်လိုက်ပြီး
ပါးကိုအနားတိုးပေးတော့
ကြောင်လေးက ခြေဖျားထောက်ကာ ဖွဖွလေးလှမ်းနမ်းသည်...ကြောင်လေးက Baekhyun ပါးကို သူ့လက်ပုစိလေးတွေနဲ့ကိုင်ကာ နှုတ်ခမ်းလေးကသေးသေးလေးဆိုတော့
နမ်းသည်ဟုပင်မထင်ရ...
အိစိစိကိုယ်လုံးလေးက ပါးပြင်နဲ့ထိနေတာပဲသိသည်...
YOU ARE READING
Pussy cat!
FanfictionAhh ကြောင်ပေါက်! မင်းကသိပ်ချွဲလွန်းတယ်... (warning:Chanyeol uke only!) baekyeol yaoi sorry for bad writings 90°bow #Yoohyunee