Zawgyi>>>
"အဲ့တာကြောင့် အင့် ပြောတာကို...
ချာနူးလ်လုပ်တာ မဟုတ်ပါဖူးဆို ဟင့် မယုံပဲနဲ့..."တရှုံ့ရှုံ့ငိုနေသော အကောင်ပေါက်စလေးကြောင့်
Baekhyun ခေါင်းကုတ်ရသည်...သူကလဲသူပင်...
ညနေပိုင်း Baekhyun အပြင်က ပြန်လာတော့ ဟင်းပန်းကန်တွေ မှောက်ကျပြီးကွဲနေတာရယ်
သူက ချာနူးလ်လေးဆော့လို့ထင်ပြီး အကောင်ပေါက်လေးကို ဆူတာလေ...
ကြောင်ပေါက်က ပြန်ခံအော်တော့ တင်ပါးလေးကိုသုံးချက်လောက် ခပ်စပ်စပ်လေးရိုက်လိုက်တာ
နောက်မှ ကြွက်တွေသောင်းကျန်းနေမှန်းသိရတာ...
အခု
ချာနူးလ်လေးရဲ့ တင်ပါးလေးမှာ နီရဲလို့...Baekhyun ကို မကျေနပ်သလိုလေးကြည့်ရင်း ကုတင်ထောင့်မှာ ကုတ်ကုတ်လေးထိုင်နေတာရယ်...
ငိုထားလို့ နှာခေါင်းလေးတွေရဲတာကတစ်မျိုး မကျေနပ်လို့နှုတ်ခမ်းလေးဆူထားတာကတစ်မျိုး အသည်းယားစရာကောင်းနေသော နီတာရဲချာနူးလ်လေးပင်..
Haha အဲ့လိုကျတော့လဲ ချစ်စရာလေး...
အင်း ချစ်ဖို့ကောင်းတာ အသာထား...
အခုတော့ လက်လွန်ကြက်သွန်ဖြစ်သွားတဲ့ကိစ္စလေး အရင်ချော့ရဦးမှာပေါ့..ပြီးမှ စိတ်ကြိုက်နမ်းပစ်ဦးမှာ
ဟင်းဟင်း..."ကြောင်ပေါက်လေး"
"အင့် မခေါ်နဲ့"
Baekhyun ခေါ်တော့ ကြောင်ပေါက်က သူ့ကိုစိတ်ကောက်နေကြောင်းပြချင်ဟန် ခြေတဆောင့်ဆောင့်နှင့်...
အင်္ကျီပွပွနဲ့အထုတ်လေးက baekhyun ကို လှုပ်စိလှုပ်စိနဲ့ စိတ်ကောက်ပြနေပြန်သည်
"အဲ့လိုမဆိုးရဘူးလေကွာ"
"မုန်းမှာ ကိုကို့ကို..."
မျက်စောင်းပုစိကို မထိုးတတ်ထိုးတတ်နဲ့ ထိုးရင်း
ဒူးလေးပိုက်ကာ ထိုင်နေရှာတဲ့ပုစိကြောင့် အသဲတွေလဲယားလှပါသည်...Baekhyun ကို မုန်းတယ်ချည်းပြောနေပြီး
အနားလဲ အကပ်မခံ..ကိုယ်လုံးပုကျိကို ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း ကြောင်ပေါက်လေးရုန်းမရအောင် တင်းတင်းဖက်ထားတော့
တအင့်အင့်နဲ့ မကျေနပ်ကြောင်းဆန္ဒပြနေပြန်သည်
YOU ARE READING
Pussy cat!
FanfictionAhh ကြောင်ပေါက်! မင်းကသိပ်ချွဲလွန်းတယ်... (warning:Chanyeol uke only!) baekyeol yaoi sorry for bad writings 90°bow #Yoohyunee