4

5.8K 744 56
                                    

Zawgyi>>>

အချိန်အားဖြင့် ချာနူးလ်လေးသူနဲ့အတူနေတာ တစ်လလောက်ရှိပြီဖြစ်သည် ယခုအခါ ချာနူးလ်လေးက Baekhyun ရဲ့ အသည်းကျော်လေးပေါ့…

ပြောရရင် သူငယ်ချင်းလိုပဲ…
စလိုက်နောက်လိုက် ပျော်ဖို့လဲကောင်းတယ်
ချာနူးလ်လေးသူ့အနားရှိနေရင် သူလဲအထီးမကျန်တော့သလိုခံစားရတယ်

Baekhyun ကချာနူးလ်ကို သူမွေးထားတဲ့ကြောင်ပေါက်လေးလိုဆက်ဆံပြီး ချာနူးလ်ကလဲ အသဲယားရအောင် အလွန်ချွဲလွန်းပါသည်

"ချာနူးလ်ရေ!ကိုယ့်ဆီလာဦး"

မကြာမီအချိန်တွင်း ချာနူးလ်အပြေးလေးရောက်လာ၏…
Baekhyun ဆွဲထားတဲ့ ခြင်းတောင်းလေးထဲ ခုန်ဝင်လိုက်ပြီးနောက် သူထိုင်ပြီးပြီဖြစ်ကြောင်း မျက်လုံးလေးမှိတ်သည်အထိရယ်ပြ၍ အချက်ပေးသည်…

Baekhyun တစ်ချက်ပြုံးလိုက်ရင်း ခြင်းတောင်းအဖုံးလေးကိုပိတ်ကာ အပြင်ထွက်လာမိတယ်

သူဘယ်သွားသွား ချာနူးလ်လေးကို ခေါ်သွားဖြစ်ပါသည် ခြင်းတောင်းလေးက အပေါက်ပါတော့ အသက်ရှုလို့လဲရတယ် ချာနူးလ်လေးလေို့အဆင်ပြေအောင် သေချာစီစဉ်ပေးထားတာရယ်…

အခုဆို သူ့အတွက်အပြင် ချာနူးလ်အတွက်ပါ ဝယ်ဖြစ်တယ်
ပစ္စည်းသေးသေးလေးတွေဆိုလဲ ချာနူးလ်လေးအတွက်စဉ်းစားပြီး ဝယ်မိနေကြ…

သူ့ဘဝအတွက် အစိတ်အပိုင်းလေးတစ်ခု ထပ်တိုးလာသလို ခံစားရပါသည်…

"ချာနူးလ်လေး ဒီဟာယူမလား?"

ခြင်းတောင်းအဖုံးလေးကို ခပ်ဟဟလေးသာဖွင့်ပြီး မေးတော့ ချာနူးလ်လေးက ခေါင်းတဆတ်ဆတ်ငြိမ့်ပြတယ်…
သူကြိုက်တဲ့ ကိတ်မုန့်လေးတွေမို့ အူမြူးပြီး ခုန်ဆွဆွလုပ်နေသေးတာ

"ဟေ့ ငြိမ်ငြိမ်နေလေ အကောင်ပေါက်ရဲ့ ထွက်ကျသွားရင် ကိုယ်ပြန်မကောက်ဘူးနော်"

"အွန့်"

သူ့ကိုပြန်မကောက်ဘူးဆိုတော့ မျက်ရည်လေးဝဲပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ Baekhyun ကိုကြည့်ပြန်ရော…

အဲ့ပေါက်စဟာလေ…
အသည်းယားအောင် သိပ်လုပ်!

"ဟုတ်ပြီ ဟုတ်ပြီ ကောက်ပါ့မယ်ကွာ မျက်နှာလေးအဲ့လိုလုပ်မနေပါနဲ့"

Pussy cat!Where stories live. Discover now