(Zawgyi)
အိမ်ခန်းကျယ်ကြီးမှာ မဲ့ပြုံးပြုံးနေတဲ့ နှုတ်ခမ်းပိုင်ရှင်တစ်ဦး Min Companyရဲ့ ပိုင်ရှင် Min Yoongi
"အခုအဲ့ကောင်လေးဘယ်မှာလဲ??"
"သူ့အဖေအိမ်မှာပါဘဲသူဌေး"
"အဟက် Mr. Park ခင်များ သားကိုကျုပ်ကောင်းကောင်းနှိပ်စက်ပြမယ် စောင့်ကြည့်နေ"
...........
Yoongi တစ်ယောက်စားသောက်ဆိုင်ထဲသို့ဝင်ကာ တစ်စုံတစ်ယောက်ကိုထိုင်စောင့်နေသည်။
ခနနေတော့ Yoongiရှိရာသို့လှမ်းလာတဲ့ အသက်ခပ်ကြီးကြီးလူတစ်ယောက်
"ထိုင်ပါဦး Mr.Park"
"ကျွန်တော့်အကြွေးတွေကိုခနလောက်စောင့်ပေးဗျာ အချိန်ပေးပါဦး"
"ဒီမှာ ခင်များကို ကျွန်တော်အချိန်ပေးထားတာ တော်တော် ကြာနေပြီး ဘယ်အချိန်ထိစောင့်ရဦးမှာလဲ ဟမ်??"
"ကျွန်တော်လည်းမတတ်သာလို့ပါဗျာ"
"ကောင်းပြီးလေ ဒါဆိုကျွန်တော် ခင်များကိုအခွင့်အရေးတစ်ခုတော့ပေးမယ်"
"Nae"
"ခင်များသား ကျွန်တော့်ကိုပေးလိုက် အကြွေးတွေ
ကြေပေးမယ်""ဗျာ !!တကယ်လား သဘောဗျာ မင်းပြောတဲ့စကားတည်နော် ဒါဆို ညနေကျရင် ငါ့သားကိုမင်းဆီလွှတ်ပေးလိုက်မယ် မင်းနဲ့ငါ ကိစ္စပြီးပြီး"
Mr.Park ပြောပြီးပြုံးရွှင်စွာနဲ့သာ ဆိုင်ထဲကထွက်သွားသည်။
Yoongiကတော့ စိတ်ထဲထူးထူးဆန်းဖြစ်ကာဆိုင်ထဲကျန်ခဲ့သည်။
ဘယ်လိုအဖေမျိုးပါလိမ့် ကိုယ့်သားကိုအဲ့လောက်တောင် သူများလက်ထဲ လွယ်လွယ်ထည့်ပေးနိုင်တယ်။ အဟက်အင်းပေါ့လေ သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်တဲ့ ကျွန်တော့် အဖေ့ ကိုတောင်လုပ်ကြံခဲ့သေးတာဘဲ မထူးဆန်းပါဘူး။..................
ညနေပိုင်းရောက်တော့
"သူဌေး ကောင်လေးရောက်ပါပြီး"
"အထဲဝင်ခဲ့ခိုင်း"
ထို့နောက် ခေါင်းငုံကာ Yoongiဆီဖြေးဖြေးချင်းလျှောက်လာတဲ့ကောင်လေး