(Zawgyi)
မိုးလင်းလာတော့ တော်တော်ပင် နောက်ကျနေပြီးဘဲ ဒီနေ့လည်း Company သွားဖို့အစီစဉ်မရှိ ကလေးငယ်အားစိတ်မချတာကြောင့် တစ်နေကုန် ကလေးနဲ့နေဖို့သာ စိတ်ကူးထားခြင်းဖြစ်သည်...
အိပ်မောကျနေသော ကလေးအားမနှိုးသေးဘဲ ကလေးအတွက် မနက်စာပြင်ဆင်ဖို့ရန် မီးဖိုချောင်သို့သာထွက်လာခဲ့သည်......
ကလေးအတွက် ဆန်ပြုတ်ပြုတ်ပေးပြီး အခန်းထဲ ဝင်သွားတော့နှိုးနေပြီးဖြစ်တဲ့ကလေးငယ်
သူ့ဘေးနားဝင်ထိုင်တော့
မျက်လုံးလေးနှစ်ဖက်ကို လက်ခုံဖြင့်ပွတ်ကာ"Hyungဘယ်သွားနေတာလည်း"
"Awwကိုယ်လား ကလေးအတွက် မနက်စာလုပ်ပေးနေတာ"
"အင်း"
"ကလေးနာတာသက်သာလား"
"နည်းနည်းသက်သာတယ်"
"ကလေးကဘယ်ကတည်းက နိုးနေတာလည်း?"
"ခုနလေးတင်ဘဲ"
"ဒါဆို မျက်နှာသစ်ပြီးရင် ဆန်ပြုတ်စားလိုက်နော်"
"Hyung ကျွန်တော့်ကိုချီ ကျွန်တော် လမ်းမလျှောက်နိုင်ဘူး "
"အင်းပါ ကလေးမပြောလည်း ကိုယ်ချီသွားမလို့ပါဘဲ"
ညအိတ်ဝတ်စုံမိုးပြာရောင် ပွပွလေးဝတ်ထားကာ နိုးခါစမို့ ဆံပင်ကလေးတွေကလည်းရှူပ်ပွ.မျက်လုံးလေးကလည်း မပွင့်တပွင့်နဲ့မို့ Ygအသည်းယားလာသည်မှာ အမှန်ပင်
မချီခင် ပါးဖောင်းဖောင်းလေးအား အားရပါးရနမ်းလိုက်သည်..ပြီးမှ ရေချိုးခန်းသို့ချီပို့ပေးလိုက်ရသည်...
ရေချိုးခန်းထဲက ထွက်လာတော့
"Hyung ဗိုက်ဆာနေပြီး"
"လာ ဒီနားလာထိုင် ကိုယ်ခွံ့ကျွေးမယ်"
"Hyung နွားနို့သောက်ချင်တယ်"
"နွားနို့သောက်ချင်တာလား အင်း..ကိုယ်ပြီးရင် လမ်းထိပ်မှာသွားဝယ်ပေးမယ်"
Ygလည်း နွားနို့သွားဝယ်ရန် အိမ်မှ မြန်မြန်ထွက်လာခဲ့သည် ကလေးတစ်ယောက်ထဲမို့သိပ်တော့စိတ်မချ