15

4K 459 16
                                    

(Zawgyi)

ဘယ်လောက်ဘဲ နာကျည်းနာကျည်း သူအရမ်းချစ်ခဲ့သည်မလား...

ခေါင်းကိုချိန်ရွယ်လိုက်သော်လည်း ဘယ်လိုမှမလုပ်ရက်ခဲ့ တခြားလွတ်ရာ နေရာကိုချိန်ကာတမင်ပစ်လိုက်ပေမဲ့ ပစ်ချက်ကလက်မောင်းကို ထိသွားလိုက်သေးသည်..

ကလေးငယ်မှာ လန့်သွားသည်ဖြစ်မည် လက်မောင်းမှ သွေးစက်တို့ကျနေသော ဒဏ်ရာနဲ့အတူ မေ့မျောသွားသည်

သတိမေ့သွားသောကလေးနားအမြန်သွားကာ..

"ကလေး Ji...Jimin သတိထားဦး ကလေး!"

အရူးတစ်ယောက်လိုပါဘဲလား Min Yoongi မင်းဘဲလုပ်ခဲ့တာလေ မင်းဘဲသူ့ကိုနာကျင်အောင်လုပ်ခဲ့တာလေ အခုမှဘာလို့

ကိုယ့်ကိုယ်ကို ယူကျုံးမရဖြစ်ကာ လက်ထဲမှာ ပျော့ခွေခွေလေးရှိနေသော ကလေးငယ်အား ပွေ့ချီကာ ကားထဲသို့ထည့်ရင်း ဆေးရုံသို့သာ အမြန်မောင်းလာခဲ့ရသည်

ဆေးရုံရောက်တော့ ဆေးအနည်းငယ်ထိုးထားပေးတာတောင် ခုထိ သတိမရသေး
အင်းပေါ့လေ သူလေးလန့်သွားရှာမှာပေါ့....

ဆေးရုံကုတင်ထက် လှဲလျောင်းနေသောကလေးငယ်အားအကြည့်ပိုမိ၏

ခပ်အုပ်အုပ်ကျနေသော ဆံသားတို့ကို သပ်တင်ပေးလိုက်ကာ

"ကိုယ်တောင်းပန်ပါတယ်ကလေကိုယ်အဲ့လောက်ထိမလုပ်လိုက်သင့်ဘူး..ကလေးပြန်သတိရလာတော့နော်"

ခပ်ဖောင်းဖောင်းဖြစ်နေသော လက်တစ်ဖက်အားဆုပ်ကိုင်ကာ

"ကလေးကိုယ့်ကို အရင်က ချစ်ခဲ့မချစ်ခဲ့ ဘာမှမဖြစ်ဘူးသိလားကလေး ကိုယ်ကလေးကိုဆက်ချစ်နေမှာမို့"

သွေးရူးသွေးတန်းမို့ ချစ်ရသောသူအား နာကျင်အောင်လုပ်မိသော်လည်း ပိုပြီးနာကျင်ရသည်ကား Min Yoongi ဟူသော သူကိုယ်တိုင်ပင် နဂိုကတည်းက ကလေးတစ်ခုခုဖြစ်လျှင် သူရင်ကျိုးမတတ်ခံစားခဲ့ရသည်မလား

အခုကလေးငယ်အား သူကိုယ်တိုင်နာကျင်အောင်လုပ်မိလေတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့်မဆုံး...

ကလေးငယ်ရဲ့ ပါးပြင်အိအိလေးအား နှုတ်ခမ်းပါးတို့နစ်ဝင်အောင်နမ်းလိုက်ကာ

Jimin is mine[M.Y.G×P.J.M]✔Where stories live. Discover now