16

4.1K 468 52
                                    

(Zawgyi)
အိမ်ရှေ့ဝရန်တာရှိ ကောင်လေးတစ်ဦးသည်.

ဆေးလိပ်လေးတဖွာဖွာသောက်ရင်း အလွမ်းအဆွေးတို့ဖြင့် အပြင်ဘက်ကို ငေးကြည့်နေမိ၏..

အခုဆို ကလေးငယ် ကျွန်တော့်ဆီကထွက်သွားတာ သုံးလလောက်ရှိပြီး ဘယ်လောက်ရှာရှာ ရှာလို့မတွေ့ခဲ့ ကိုယ်မတွေ့အောင်များ ဘယ်လိုတောင်ပုန်းနေနိုင်ရတာလည်းကွာ တော်တော်လည်တဲ့ ကလေးလေးဘဲ. ဒါပေမယ့် စိတ်မပူပါနဲ့ ကလေးကို မတွေ့မချင်း ကိုယ်မြေလှန်ပြီးရှာမှာမို့ ကိုယ့်ကိုစောင့်နေပါ ကလေးငယ်..

အခုဆို Comapanyကလည်း ပြန်အဆင်ပြေနေပြီး...

Han Soraနဲ့ Mr.Parkတို့လည်း သူတို့ယုတ်မာထားသလောက် အပြစ်တွေကြောင့်
ဥပဒေအရ ကောင်းကောင်းကြီးကို အပြစ်ပေးခံနေရပြီးလေ.

အကုန်လုံးပြီးဆုံးသွားပြီးလေ ကလေးငယ် ဘာလို့ ရှောင်ပြေးနေရတာလည်း ကိုယ်တို့မခွဲဖို့ကတိတွေပေးခဲ့ကြတယ်လေ

ဘာဘဲဖြစ်ဖြစ် Park Jiminဆိုသော ထိုလူသားသည် ကျွန်တော်တစ်ဦးတည်းသာ ပိုင်ဆိုင်သော ကျွန်တော့်အပိုင်မို့ ကျွန်တော်တစ်ယောက်တည်း အတွက်သာမို့ အတ္တကြီးစွာနဲ့ဘဲ ဆက်ချစ်နေပါရစေ......

*စောင့်နေပါကလေးငယကိုယ်မင်းဆမရရရအောင် အရောက်လာခဲ့မယ်*

တီတီ...တီတီ 📞 📞 📲 📲..

"Hello ပြော"

".........."

"ဘာ! တကယ်လား ဘယ်မှာလည်း?"

"................"

"ကောင်းပြီးလေ.. ငါ့ကိုကားအဆင်သင့်လုပ်ထားပေး"

~~~~~~~~~~~~~~~~~~~

သတင်းကြားကြားချင်း Yoongiချက်ချင်းပင် မဆိုင်းမတွဘဲ အပြေးသွားတော့သည်

လူလွှတ်ပြီး စုံစမ်းချက်အရ ကလေးငယ်ဟာ အရင်ကသူနေခဲ့တဲ့ Busan က Angel မိဘမဲ့ဂေဟာမှာ ရှိနေသည်တဲ့လေ

ကိုယ်မင်းကိုအရမ်းတွေ့ချင်လှပြီး ကလေးငယ် မင်းရဲ့မျက်နှာလေးကို ကိုယ်သိပ်လွမ်းတယ်ကွာ..

အတော်ကြာ ခရီးနှင်ပြီးနောက် နောက်ဆုံး
သူ့ကလေးငယ်ရှိရာ မိဘမဲ့ဂေဟာလေးဆီသို့ ရောက်လာခဲ့လေသည်..

Jimin is mine[M.Y.G×P.J.M]✔Where stories live. Discover now