10

4.1K 479 31
                                    


(Zawgyi)

နံနက်ခင်းမိုးလင်းခါစ
အပြင်တွင်မိုးစက်တို့သည် တဖွဲဖွဲကျနေ၏

သို့သော် အခန်းထဲက ကောင်လေးနှစ်ယောက်ကတော့အိပ်ကောင်းတုန်း

ညကကလေးကိုချော့သိပ်ရင်း ကိုယ်တောင်ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိ ငုံကြည့်လိုက်တော့ ရင်ခွင်ထဲက အကောင်ပေါက်လေးက အိပ်လို့ကောင်းတုန်း အိပ်တယ်သာပြောတာ လက်တစ်ဖက်က ကျွန်တော့်ကိုသေချာဖက်ထားတာ ထွက်ပြေးမယ်ထင်နေလားမသိပါဘူး

ကလေးငယ်ကိုကြည့်ရင်း တအောင့်နေတော့လှုပ်လှုပ်လေးနဲ့နိုးလာလေပြီး

မျက်လုံးလေးမပွင့်တပွင့်နဲ့ကျွန်တော့်အားမော့ကြည့်ကာ

"Hyung "

"ဗျာ "

"နိုးနေတာကြာပြီးလား"

"မကြာသေးပါဘူး ခုနကဘဲ"

"ဒီနေ့ရော Company သွားအုံးမှာလား?"

JmအမေးကိုYgမဖြေခင် သက်ပြင်းတစ်ချက်ချလိုက်ကာ

" ဒီနေ့တော့ မသွားဖြစ်ဘူး ကလေး"

"Hyung Companyမှာအဆင်မပြေလည်းစိတ်မညစ်နဲ့သိလား ဟောဒီက Park Jiminက Hyungဘေးမှာရှိတယ် ခိခိ"

"ကလေးက စကားတွေတတ်နေတာ ကိုယ်ကအလုပ်အဆင်ပြေမှဖြစ်မှာလေ ဒါမှ ကလေးကိုကောင်းကောင်းထားနိုင်မှာပေါ့ တော်ကြာကလေးကိုကောင်းကောင်းမွန်မွန်မထားနိုင်လို့ ကိုယ့်ကိုစိတ်ကုန်သွားမှဖြင့်"

"sob* Hyung မကောင်းဘူး ဟင့်"

စကားပင်မဆုံးသေး ငိုသံပါလာတဲ့ ကလေးငယ်ကြောင့် လူက ဘာလုပ်လို့လုပ်ရမှန်းမသိ

"ဟမ်... ဟမ် ကိုယ်ဘာလုပ်မိလို့လည်း"

"Hyungမကောင်းဘူးsob*."

ဆက်တိုက်ထိုစကားသာပြောနေမို့ အိပ်နေရာမှ ထ ထိုင်လိုက်ကာ ကလေးငယ်အားပေါင်ပေါ်ပွေ့ချီရင်း

"အင်း အင်း ကိုယ်ဘာလုပ်လို့လည်းလို့"

"ကျွန်တော်က Hyungကိုဘဲ ချစ်တာ Hyungရဲ့ပိုင်ဆိုင်မှုတွေကိုချစ်တာမဟုတ်ဘူး...sob* Hyung ကျွန်တော့်ကိုကောင်းကောင်းမထားပေးနိုင်လည်းချစ်တယ် ခုနလိုမျိုးမပြောပါနဲ့ sob* Hyung တကယ်မကောင်းဘူး.ဟင့်"

Jimin is mine[M.Y.G×P.J.M]✔Where stories live. Discover now