18(final)

6.3K 558 53
                                    

(Zawgyi)

အခုဆို ကျွန်တော်ကလေးနားမှာနေနေတာ တလနီးပါးလောက်ရှိနေပြီး ဆရာဝန်တွေကလည်းပြောတယ် ကလေးကမကြာခင်အရင်အတိုင်းပြန်ဖြစ်တော့မှာတဲ့လေ ကလေးကလည်း ကျွန်တော်နဲ့အတူရှိရင် ရယ်လို့မောလို့
ကျွန်တော်အရမ်းပျော်တာဘဲ

အတွေးတွေထဲ ပျော်မြူးနေရင်း

"Yoongi"

ဘေးနားကခေါ်နေသော်လည်း Min Yoongi တို့အတွေးကမ္ဘာထဲရောက်နေသည်မို့ ကြားပင်မကြား

"Yoongi~~~~"

သံရှည်စွဲကာခေါ်နေသောကြောင့် အတွေးတို့ပင်ပျက်ကာ ကပြာကယာပင်ဖြစ်ရသည်

"ဗျာ..ဗျာ"

"Yoongi ကလည်းကွာ ဒီမှာခေါ်နေတာကြာပြီး ဘာတွေတွေးနေမှန်းမသိဘူး ရုပ်ကစပ်ဖြဲဖြဲနဲ့"

"Arr ဒီလိုပါဘဲ ကိုယ်ဘာမှမတွေးပါဘူး"

"ပြီးတာဘဲ "

မိမိအား မျက်စောင်းလေးထိုးကာ နှုတ်ခမ်းဆူ ပြီး တစ်ဖက်ကိုလှည့်သွားသည့် အသေးကောင်လေးကြောင့် ဒီက Min Yoongiတို့ အသည်းယားရပြန်ပါသည်

လှည့်သွားသောကိုယ်လေးကို ပခုံးမှကိုင်၍ တစ်ဖန် ကိုယ့်ဘက်ပြန်လှည့်စေကာ

"ကလေးက ကိုယ့်ကိုဘာပြောမလို့လည်း"

"ပျင်းလို့ Yoongiနဲ့စကားပြောမလို့"

"အင်း စကားပြောမယ်? ဘာအကြောင်းပြောရမလည်း"

"ထားလိုက်တော့ ကျွန်တော်အိပ်ငိုက်နေပြီး ကျွန်တော့်ကိုပုံပြောပြ"

"ဟာကလေးက မူကြိုကလေးမှမဟုတ်တာ"

ထိုအခါ အမောင်တော်ရဲ့ ရွှေမျက်စောင်းက Yoongi ဆီ တန်းကနဲ

"တော်ပြီး မပြောချင်လည်းမပြောနဲ့ ဒါပေမယ့် ခင်များပခုံးပေါ်မှာဘဲ အိပ်မှာ ဟွန့် "

"ဟုတ်ပါပြီး ဗျာ ဟုတ်ပါပြီး ကလေးသဘောအတိုင်းပါဗျာ "

သူ့ကိုယ်လေးကို ပေါင်ပေါ်တင်ပြီးပခုံးပေါ်မှီစေတော့ အသာလေးမျက်လုံးလေးတွေမှိတ်ကျသွားတဲ့သူ

Jimin is mine[M.Y.G×P.J.M]✔Where stories live. Discover now