Zawgyi
ကျွန်တော်လည်း စိတ်ပူပူနဲ့ အပေါ်ထပ်ယူကာ Pနောက်လိုက်လာခဲ့တယ်
Par နဲ့ စိတ်ဆိုးလာလို့ ထင်တယ် ခြံအပြင်ဖက်က မြက်ခင်းပြင်မျာ ထွက်ထိုင်နေတယ် ကျွန်တော်လည်း Pကျော့ပေါ်ကို အင်္ကျီထပ်ပေးလိုက်တယ်
Perth: Pဘာလို့ အပြင်ထွက်ထိုင်နေတာလဲ နေလည်းမကောင်းသေးပဲ့ ပြန်အအေးမီနေဦးမယ် အိမ်ထဲ ပြန်ဝင်ရအောင်
P နေမကောင်းထပ်ဖြစ်ရင် ကျွန်တော်ပဲ့ ဒုက္ခရောက်ဦးမှာ
Saint: Noung....
ကျွန်တော် သူ့မျက်ဝန်းကို စေ့စေ့ကြည့်လိုက်တယ်Perth: ဘာလို့လဲ P
Saint: Noung က Pကို ဘယ်လိုမြင်လဲ
Perth: ဘယ်လိုမြင်ရမှာလဲ Pက အရမ်းပြသနာရှာတဲ့ P ကျွန်တော့်ကိုဆို အမြဲ အနိုင်ကျင့်တဲ့ Pလေ
Saint: ဘာ Nက ငါ့ကို ဒီလိုမြင်တယ်ပေါ့်
Perth: အင်းလေ ကျွန်တော်ပြောတာ မဟုတ်လို့လား
Saint: တော်ပြီကွာ နားညီးတယ်
ပြောပြောဆိုဆိုနဲ့ ထထွက်သွားပြန်ပြီPerth: P ဘယ်သွားဦးမလို့လဲ နေမကောင်းသေးပါဘူးဆိုမှ
Saint: ငါဘာသာ ဘယ်သွားသွားပေါ့် မင့်ငါ့နောက်လိုက်မလာနဲ့နော် လိုက်လာရင် အသေပဲ့
Perth: P
ကျွန်တော်ခေါ်တာတောင် ဂရုမစိုက်ပဲ့ထွက်သွားတယ် Pပြောတော့ မဆိုးတော့ပါဘူးဆို အခုလည်း ဘယ်နေရာမှာ ဘယ်လိုမျိုး ပြသနာ သွားရှာဦးမလဲ မသိပါဘူး
ဘယ်ထွက်သွားမှန်း မသိတဲ့ P ကို လိုက်ရှာရတာ အမော နောက်ဆုံးတော့ တွေ့ပါပြီ စတိုးဆိုင်ရှေ့က အရက်ဆိုင်မှာ အရက်တောင်ထိုင်သောက်နေသေး
Perth: P...... ဘာလုပ်နေတာလဲ P ဦးနောက်မရှိဘူးလား နေမကောင်းပဲ့ အရက်တွေသောက်ထားတယ်
ကျွန်တော် စိတ်တိုတိုနဲ့ Pကိုအော်လိုက်မိတယ် ခဏကြာတော့ P ကျွန်တော့်ကို ရီဝေဝေ မျက်လုံးတွေနဲ့ကြည့်လာတယ်
Saint: ဒါ ဘယ်သူလေးလဲ အော် သိပြီ ဘာမှ သွေးမတော်တဲ့ ညီလေ အကြီးကို အမြဲတမ်းဆရာလုပ်တဲ့ ညီလေ