Part 8 ( Z & U)

2.3K 197 25
                                    

Zawgyi

Saint pov
မနက်မိုးလင်းတော့ ခန္တာကိုယ် မှာ အဝတ်မရှိတော့တဲ့ အပြင် အောက်ပိုင်းနာကျင်မှုကလည်း အတော်ဆိုးတယ် ဘေးနားကြည့်တော့ Perth ညက ကျွန်တော်တို့မှားခြဲ့ကတာပဲ့ ကုတင်ပေါ်ကအဆင်း နာကျင်မှုကြောင့် လဲကျသွားသည်

Perth: P ဘာဖြစ်သွားတာလဲ
ကျွန်တော် Pကိုအရမ်းစိတ်ပူသွားတယ် ကုတင်ပေါ်က ဆင်းပြီး Pကို ထူဖို့အလုပ်

Saint: မင့် ငါ့အသားကိုလာမထိနဲ့ ညကငါမူးလို့သာခံလိုက်ရတာ အခုငါ့အသားကို နည်းနည်းလေးမှ လာမထိနဲ့

Perth: ညက ကိစ္စအတွက် ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် Pကို တကယ်ချစ်တာပါ တကယ် နှစ်နှစ်ကာကာနဲ့ကို ချစ်တာပါ P ကျွန်တော့်ကို ယုံပေးပါနော်

Saint:မင့်ကငါ့ကိုချစ်တယ်....... ငါတို့်က ညီအစ်ကိုတွေလေ

Perth: ကျွန်တော် ဒါတွေ ဂရုမစိုက်ဘူး ကျွန်တော်သိတာက Pကိုချစ်တယ်
Pမျက်နှာကို ကြည့်လိုက်တော့ အံ့သြမှုက အတိုင်းသား

Saint: ငါ..ငါမင့်ကို မချစ်ဘူး မုန်းတယ် ငါ့ကိုအနိုင်ကျင့်တဲ့ မင့်ကို အရမ်းမုန်းတယ်

ကျွန်တော် ရေချိုးခန်းထဲဝင်ပြေးပြီး ငိုနေမိတယ် Nong ရဲ့ ခံစားချက်ကို သိလို့ ပျော်လည်း ပျော်သလို ဝမ်းလည်း ဝမ်းနည်းတယ် သူကျွန်တော့် ခံစားချက်ကို ဘယ်တော့မှ အလေးမထားဘူး သူဖြစ်ချင်တာပဲ့ သူသိတယ်

ညကဖြစ်တဲ့ ကိစ္စမှာ ငါကအကြီးလေ လုပ်ရင်တောင် ငါကလုပ်ရမှာပေါ့် အခုတော့.........  Nong Perth မင့် တကယ် မကောင်းဘူးကွာ... အင့်..
(မတရားကို Sonpin ဖြစ်ချင်နေတဲ့ saintလေးပါနော်😁)

ဒေါက် ဒေါက် ဒေါက်

Perth: P အအေးမီလိမ့်မယ် မြန်မြန်ချိုးပါ ကျန်းမာရေးလည်း ကောင်းတာမဟုတ်ပဲ့

Saint: ငါဘာငါ အအေးပဲ့မီမီ သေပဲ့သေသေ မင့်အပူမပါဘူးကွ

ကျွန်တော် ရေမြန်မြန်ချိုးပြီး Perth မျက်နှာတောင် မကြည့်ပဲ့ အိမ်ပြန်လာခဲ့တယ်

Mae: သားကြီး ညက ဘယ်တွေ လျှောက်သွားနေတာလဲ သားPar က အရမ်း စိတ်ပူနေတာ

ကျွန်တော့်ရဲ့လမင်းလေး { Completed }Where stories live. Discover now