Part 4 (Z & U)

2.1K 194 19
                                    

Zawgyi

ဒီနေ့ ထူးထူးဆန်းဆန်း P'saint အိပ်ရာက မထသေးပါလား ခါတိုင်းPအိပ်ရာထတာ နောက်ကျပေမဲ့လည်း ဒီနေ့တော်တော်နောက်ကျနေတယ်

ဒီနေ့ ဆေးခန်းပိတ်ရက်မို့ Pလိုချင်တာလိုက်ဝယ်ပေးမလို့ကို Pကအခုထိ အိပ်ရာကမထသေး

Mae: သားငယ်

Perth:...................

Mae: သားငယ် ကော်ဖီသောက်ရင်း ဘာတွေတွေးနေတာလဲ

Perth: Mae ခါတိုင်း Pဘယ်အချိန်ထလဲ

Mae: ခါတိုင်း ဒီချိန်ဆိုထပြီး ဆိုင်တောင်သွားနေပါပြီ သွားနိုးချင်နိုးလေ ဒီနေ့ သားငယ်ဆေးခန်းပိတ်ရက်မှန်းသိလို့ တမင် လာနိုးတာ စောင့်နေတာဖြစ်မယ်

Perth: အဲဆို သားသွားနိုးလိုက်ဦးမယ် ခါတိုင်းဆိုင်သွားဖို့ တက်ကြွနေပြီးမှ ဒီနေ့ဘာဖြစ်တာလဲ

အပေါ်တပ်တက်ပြီး Pအခန်းထဲဝင်တော့ အိပ်ပျော်နေသေးတဲ့ Pမျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေတယ်

နဖူးကိုစမ်းကြည့်လိုက်တော့ ကိုယ်တော့သိပ်မပူဘူး ကျွန်တော် အခန်းထဲကဆေးအိတ်ယူပြီးတော့ mae ရေ mae

Mae: ဘာဖြစ်တာတုန်း

Perth: Mae Pနေမကောင်းဖြစ်နေတယ်

Mae လည်းစိုးရိမ်ပြီး အပေါ်တက်လာခဲ့တယ်

ကျွန်တော် Pကိုစမ်းကြည့်တော့ ထုံးစံအတိုင်းသွေးအားနည်းနေပြန်ပြီး

Mae: ဘာဖြစ်တာလဲ သား သွေးအားနည်းနေပြန်ပြီးလား

Perth: အင်း ဟုတ်တယ် Mae Pကို ဆေးသေချာတိုက်ရဲ့လား

Mae: ငါနေ့တိုင်း သေချာတိုက်ပါတယ်

ခဏကြာတော့ Pနိုးလာတယ် ကျွန်တော်တိုကိုကြည့်ပြီး

Saint: Mae Perth

Mae: ဘယ်လိုနေသေးလဲလား ခေါင်းကိုက်နေသေးလား

Saint: inn နည်းနည်း

Perth: P ဒီနေ့ နားနားနေနေ နေရမယ်နော် လာဆေးသွင်းမယ်

Saint: ခဏနေပါဦး မျက်နှာ အရင်သွားသစ်လိုက်ဦးမယ်

ရုပ်တရက်ထလိုက်တော့ ခေါင်းက မိုက်ကနဲ ဖြစ်သွားပြီး ကုတင်ပေါ် ထိုင်လျက် ပြန်ကျသွားတယ်

ကျွန်တော့်ရဲ့လမင်းလေး { Completed }Where stories live. Discover now