Final Part ( Z & U)

3.3K 258 18
                                    

Zawgyi

Koung : ဘာ လက်ထပ်တော့မယ်!!!! ဟုတ်လား

Saint: Koung ဘာလို့အကျယ်ကြီးထအော်တာလဲ ၊ ဆိုင်ထဲကလူတွေ လန့်ပြီးထပြေးသွားဦးမယ်

Koung: ကိုယ့်သူငယ်ချင်းလေး စော်စော်စီးစီး စွံသွားတယ်ဆိုတော့ ဝမ်းသာလို့ပါကွယ်

Saint: ဟဲဟဲ အားကျရင် မင်းလည်းမြန်မြန် လှုပ်ရှားတော့

Koung: မလိုမလို ကိုယ်အပူနှင့်တောင် ကိုယ်အနိုင်နိုင်ဖြစ်နေတာ ဒီကိစ္စတွေ မစဉ်းစားနိုင်သေးဘူး

မင့်တော့ အိမ်ထောင်ကျပြီးနောက်ပိုင်း ပုံဆိုးပန်းဆိုးဖြစ်သွားမှာကို မြင်ယောင်နေသေးတယ်

Saint: ဘာဆိုင်လို့လဲကွာ

Koung: ဆိုင်တာပေါ့် ဟိုဘက်အိမ်ကကောင်မလေးဆိုလေ အပျိုတုန်းကဆို ပိန်ပိန်ပါးပါးလေးနဲ့ အရမ်းလှတာ အခုက ဝတုတ်ကြီးကိုဖြစ်လို့

Saint: မဆိုင်လောက်ပါဘူးကွာ သူ့ဟာသူဝချိန်တန်လို့ ဝတာနေမှာပါ ပြီးတော့ သူကမိန်းကလေး လေ

Koung: မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် အတူတူပဲ့ကွာ ၊ ပြီးတော့လေ ဆက်ပြောရဦးမယ် အဲ့ကောင်မလေးရဲ့ ယောကျာ်းက မယူခင်တုန်းကတော့ သူ့အပေါ်အရမ်းချစ်တယ် ယူလည်းယူပြီးရော အရင်တုန်းကတစ်ဝက်လောက်တောင် သူ့ကိုမချစ်တော့ဘူးတဲ့

အိမ်မှာဆိုလည်း အိမ်အလုပ်တွေပဲ့ လုပ်ခိုင်းထားတယ်

Saint: တကယ် 😮

Koung: အေကွာ ငါ့ကမင့်ကို သဘောပြောပြတာပါ အရမ်းလည်းတွေးမနေနဲ့😁

Saint: တော်ပြီကွာ ဆိုင်ကိုမင့်တို့ပဲ့ရောင်းထားနှင့်တော့ ငါအိမ်ပြန်တော့မယ် 😒

Koung: အိမ်ကိုပြန်မှာလား အိမ်နားကဆေးခန်းဆီကိုသွားမှာလား

Saint: သေလေ ငါ့ဘာငါဘယ်သွားသွားပေါ့်

Saint လည်း ဆိုင်ပြင်ထွက်ဖို့ပြင်လိုက်တော့

Koung & Saint: Joss😮

Koung: ဟိတ်ကောင် မင့်ဒီဆိုင်ကို ဘာပြန်လာလုပ်တာလဲ မင့်နဲ့ ဒီဆိုင် ဘာမှမပတ်သက်တော့ဘူး

Joss: ကျွန်တော်တောင်းပန်ပါတယ် P'saint နဲ့ စကားခဏလောက်ပြောချင်လို့ပါ

ကျွန်တော့်ရဲ့လမင်းလေး { Completed }Where stories live. Discover now