Part 5 (Z & U)

2K 195 9
                                    

Zawgyi

ကျွန်တော် ကုတင်ပေါ်တက်ထိုင်လိုက်တော့ အလိုက်မသိ Pကပါ နိုးလာခဲ့တယ်

Perth: P နိုးပြီလား

Saint: အင်း

Joss: ဝင်ခွင့်ပြုပါ P

Saint: N'joss ရောက်လာတာပဲ့ ဝင်ခဲ့လေ

Joss: ဟုတ် ကျွန်တော် Pအတွက် ပူတင်းလုပ်လာတယ် P နေမကောင်းတဲ့ အချိန်မှာ ခံတွင်းတွေ့အောင်လို့ပါ

Perth: P က ပူတင်းမကြိုက်ဘူး

Joss: ကျွန်တော် သိပါတယ် အဲ့ကြောင့် Pကြိုက်တဲ့ အသီးတွေနဲ့ လုပ်ခဲ့တာပါ ခဏစောင့်နော် P ကျွန်တော် အောက်မှာ အန်တီကို ထည့်ခိုင်းထားတယ် သွားယူလိုက်ဦးမယ်

အောက်ကိုပြေးသွားတဲ့ ကောင်လေး မသိရင် သူ့အိမ်ကျနေတာပဲ့

Perth: P ပူတင်းမကြိုက်ဘူး မဟုတ်လား ဘာလို့စားမှာလဲ မစားနဲ့

Saint: အဲ့ကောင်လေး စေတနာနဲ့ လုပ်လာပေးတာပဲ့ မြည်းကြည့်ရမှာပေါ့်

အရင်က P မကြိုက်ရင် နည်းနည်းလေးမှ မစားတတ်ပါဘူး အခုတော့😒😒

Joss ပြန်ရောက်လာပြီး ပူတင်းကို ဇွန်းနဲ့ခပ်ပြီး ပါးစပ်နားတေ့လိုက်တယ် ဘာလဲ သူခွန်ကျွေးစရာ လိုလို့လား Pကလည်း ပါးစပ်ဟလိုက်သေးတယ်

Joss:ကောင်းတယ်မလား P

Saint: အင်း ကောင်းတယ်

Joss: အဲ့ဆို နောက်တစ်ဇွန်းထပ်စားဦးနော်

P ခေါင်းညိမ်ပြတယ် ပြီးတော့ အဲ့ကောင်လေး ခွံတာကို ကျေကျေနပ်နပ်ပြုံးပြုံးကြီးစားနေတယ်
ကျွန်တော့် တစ်ယောက်လုံးရှိတာကို မမြင်တဲ့ ပုံပဲ့

P တကယ်စားကောင်းတာလား ကျွန်တော်လည်း ပူတင်းစားချင်နေတာနဲ့ အတော်ပဲ့

ကျွန်တော် အဲကောင်လေး လက်ထဲက ပူတင်းကို ယူပြီး အားလုံးစားပစ်လိုက်တယ်

အဲကောင်လေးနဲ့ P ကတော့ ကျွန်တော့်ကိုကြောင်ပြီး ကြည့်နေတာပေါ့်

Joss: P အတွက် milk လည်း ဖျော်လာတယ် P ညနေကျမှ သောက်နော် ကုန်အောင်သောက်ရမယ်နော်

Saint: အင်း ကျေးဇူးပဲ့နော် joss ပင်ပန်းသွားပြီ

Joss: မပင်ပန်းပါဘူး နေမကောင်းတဲ့ P မျက်နှာက အခုထိဖြူဖတ်ဖြူရော် ဖြစ်နေသေးတာ ကျွန်တော် စိတ်မကောင်းဘူး အေးဆေးနားပါ ဆိုင်အတွက် မပူပါနဲ့နော် ရောင်းအားတက်အောင် ကျွန်တော်ကြိုးစားပြီး ကိတ်မုန့်လုပ်ပါမယ်P

ကျွန်တော့်ရဲ့လမင်းလေး { Completed }Where stories live. Discover now