Part 1

442 39 1
                                    

"let's kill this love.....ရေးရေးရေးရေး
ဘရမ်ပန်ပန်ပန်ပန်.... "

နှစ်ထပ်အိမ်လေးတစ်လုံးရဲ့ အပေါ်ထပ်တစ်ခန်းဆီမှ
ပျံ့လွှင့်လာသော သီချင်းသံများပင်ဖြစ်သည် Blackpink အဖွဲ့ရဲ့ comeback သီချင်းကို ကိုယ်နေဟန်ထားအပြည့်ဖြင့် ဖင်လေးလှုပ်ကာ Baekhyun တစ်ယောက် လိုက်ဆိုနေသည်

ဒီနေ့baekhyun အရမ်းကိုအူမြူးနေပါသည်ဘာ
ကြောင့်လဲ ဆိုတော့ သူအခုတက်နေတဲ့ ကျောင်းက ဒီတစ်ခေါက်ပိတ်ရက်မှာဂျယ်ဂျူသို့ လေ့လာရေးခရီး လိုက်ပို့မည်ဆို၍ပင်။
ငယ်ငယ်လေးကထဲကသူငယ်ချင်းတွေနဲ့ခရီးထွက်ရဖို့ အရမ်းမျှော်လင့်ခဲ့ရသူ baekhyunအဖို့ ဒါထီဆုကြီး  ပေါက်တာထက်တောင် ပိုပျော်ဖို့ကောင်းသေးသည်။တကယ်ဆို trip ထွက်မဲ့နေ့က သန်ဘက်ခါမှဆိုပင်မဲ့ အခုကထဲက baekhyun မှာ အ၀တ်အစားတွေ ထည့် အသုံးအဆောင်တွေထည့်နှင့်ပြီးပြီ။ အဲ့လောက်ထိ သူခရီးထွက်ဖို့ပျော်ပါသည်

Love in the sea

Trip ထွက်မည့်နေ့

"ကဲ ကဲ ကိုယ့်မေဂျာကားကိုစီးကြနော် Roll အလိုက်ထိုင်ရမယ် 1က2နဲ့ ထိုင် 3က4နဲ့ထိုင်
roll မကောင်းတဲ့လူကတော့ အနောက်မှာ ထိုင်ရမှာပေါ့ကွ ဒါကိုယ့်ညံ့ကိုယ်ခံပဲဟုတ်တယ်မလား "

အတန်းပိုင်ဆရာရဲ့ ထိုင်ခုံနည်းစနစ်ကြီးကြောင့်
ကျွန်တော်တို့ ကျောင်းသားများအကုန် မျက်နှာများရှုံ့မဲ့ကုန်ကြသည် ဘယ်သူမဆို ကိုယ့်သူငယ်ချင်းနဲ့ ကိုထိုင်ချင်ကြမှာပဲ အတွဲတွေဆိုသည်မှာလည်း K drama ထဲကလို ကားပေါ်မှာ ရိုမဲ့အကြံတွေအကုန် ရေစုံမျောကုန်ကြပြီထင်ပါရဲ့ အီးမှန်ထားတဲ့ရုပ်တွေနဲ့

နောက်ပြီးကားနောက်ပိုင်းမှာထိုင်ရမဲ့ကျောင်းသား
တွေအတွက်တော့ စိတ်မကောင်းစရာပင် အားလုံးသိတဲ့အတိုင်း ကားနောက်ပိုင်းဆိုတာ ငါးခုံတွဲကျပ်ကလဲကျပ်
အဲကွန်းလေကလဲ နောက်ပိုင်းထိ သိပ်မရောက် ဒီကြားထဲ လမ်းမကောင်းနေရာတွေဆို ခုန်ကခုန်ဦးမယ် ကျွတ် ကျွတ် သနားပါတယ်

ဒီလိုတွေးလိုက်လို့  Byun Baekhyun လေးတို့ ကိုယ်ချင်းစာစိတ်ရှိတယ်များထင်မနေကြပါနဲ့

Love in the sea 🌊Where stories live. Discover now