Part 5

165 37 9
                                    

"အင်း....ကျွတ် ကျွတ် ''

baekhyun ဘယ်လောက်ကြာကြာ သတိမေ့
မျောနေသည်မသိ ။ တစ်ကိုယ်လုံး နာကျင်နေပြီး
ခေါင်းလဲမူးသည် ခြေလက်တွေလဲ လှုပ်ရှားလို့မရ
တံတွေးမျိုချလိုက်သော်လည်း ပါးစပ်ထဲမှာ
တံတွေးပင်မရှိတော့ ခန်းခြောက်နေလေသည်

ခေါင်းထောင်ကြည့်လိုက်သော်လည်းမရ
ခေါင်းထောင်လိုက်သည်နှင့် အရုပ်ကြိုးဖြတ်ချသလို
မြေကြီးပေါ် ပြန်ကျသွားသည်

အင့်ခနဲ ညည်းကာ မျက်စိကိုဖွင့်ကြည့်သည်
လင်းထိန်သောအလင်းရောင်သည် စူးခနဲ
ဝင်လာသောကြောင့် မျက်လုံးများသည် အလိုလိုပြန်
မှိတ်သွားသည်

သူ့နားထဲက လေတွေတဟူးဟူးထွက်နေပြီး နားထဲ
တွင်တရွှီရွှီ မြည်နေသည် ကျွန်တော် ဘယ်နေရာ
ကိုရောက်နေတာလဲသူအတတ်နိုင်ဆုံးဦးနှောက်ကို
အလုပ်ပေးကြည့်သည် သို့သော် ဘာမှစဉ်းစားမရ
သူ့တစ်ကိုယ်လုံးနာကျင်နေပြီး အလွန်အမင်း
မောဟိုက်နေတာကလွဲလို့ဒီထက်ပိုပြီး ဘာမှစဉ်းစားမရ

အာကာသသို့ သွားမည့် သူတို့ကို အသံလုံးဝမရှိ
သော အလုံခန်းထဲ၌ ရက်ပေါင်း လပေါင်းများစွာ
နေထိုင်၍ စိတ်ဓာတ် ကြံ့ခိုင်မှု ရအောင်လေ့ကျင့်
ပေးရသည်ဟုbaekhyun ဖတ်ဖူးသည်

အဲ့တုန်းက baekhyun လေးလေးနက်နက်
မယုံကြည်ခဲ့ လိုရမယ်ရ စမ်းသပ်ကြခြင်းသာ
ဖြစ်လိမ့်မည်ဟု ပေါ့ပေါ့တန်တန် သဘောထား
ခဲ့သည်

အခုတော့ baekhyun ယုံချင်လာပြီ

နားကို စွင့်ကြည့်သည့်အခါ၌ ပတ်ဝန်းကျင် တစ်ခုလုံး
ဘာသံမှမကြားရ လုံးဝတိတ်ဆိတ်နေသည်
ထိုတိတ်ဆိတ်နေမှုသည် ဆူညံသံထက်ပိုကြောက်ဖို့
ကောင်းသည်တုန်လှုပ်ဖွယ်ကောင်းသည်
ခြောက်ခြားဖွယ်ကောင်းသည်

ခနကြာတော့ ဘာသံမှန်းမသိတဲ့ အသံများကိုကြားလာရသည်
ထိုအသံသည် တစ်သံတည်း မဟုတ် အရာ
ထောင်များစွာသော အသံများဖြစ်သည်

မြေကြီးပေါ်သို့ မိုးသီးတွေကြွေကျသံလိုလို
ကျောက်စရစ်ခဲများကို ဆုပ်၍ ကြဲနေသံလိုလို
အသံများဖြစ်သည် baekhyun အမျိုးအမည်
ခွဲခြားမရသော ထိုအသံများကိုနားထောင်ရင်းမှိန်း
နေခိုက်နောက်အသံတစ်မျိုးကို ကြားရပြန်သည်

Love in the sea 🌊Where stories live. Discover now