Part 9

58 12 0
                                    

Unicode

"အခု မင်းက ငါ့ကို အဲ့ဒီ ရေသတ်တဝါ တွေကို အစိမ်းစားခိုင်းနေတာလား ပတ်ချန်းယောလ် ''

"ဟုတ်တယ် ဘတ်ခွန်းနီး ကိုယ်တို့ဒီနည်းကိုရွေးမှဖြစ်တော့
မယ် မဟုတ်ရင် ကိုယ့်တို့နှစ်ယောက်လုံး ဒီကျွန်းပေါ်မှာပဲ
သေသွားလိမ့်မယ်''

"အခုရောဘာထူးနေလို့လဲ သေလူတစ်ယောက်လိုပဲ မဟုတ်ဘူးလား...ငါတော်တော်စိတ်ပျက်နေပြီ ချန်းယောလ်
မင်းရဲ့ အိမ်ကိုပြန်နိုင်တဲ့ နည်းလမ်းတွေကိုလဲ စိတ်ကုန်နေပြီ
ဘာလို့လဲ...ဘာလို့ငါမှလာဖြစ်ရတာလဲ ''

ဘတ်ခွန်း မျက်ရည်များတစ်သွင်သွင်စီးကျကာ ငိုကြွေးလျက်
ထွက်ပြေးသွားသည်

ကျန်ခဲ့တဲ့ ချန်းယောလ်မှာလည်း ပင်လယ်ပြင်ကြီးကို ကြည့်
ပြီး မျက်ရည်ဝဲနေမိသည် ကောင်လေးပြောသွားသလိုပါပဲ
ကျွန်တော့်ရဲ့ အိမ်ကို​​ပြန်ဖို့မဖြစ်နိုင်တဲ့နည်းလမ်း တွေကို
ကျွန်တော်ကိုယ်တိုင်လည်း မျှော်လင့်ချက်မဲ့စပြုနေပါပြီ

ဒါပေမယ့် ကျွန်တော်လက်မလျှော့ချင်သေးဘူး

ချန်းယောလ် ကမ်းစပ်မှာ တော်တော်လေးထိုင်နေပြီး
မှ ဂူဆီသိုပြန်လာခဲ့သည်

အပြန်လမ်း၌ သောင်စပ်တွင် ဂဏန်းငယ်ငယ်များ ပြေးလွှား
နေသည်ကို တွေ့ရသောကြောင့် ချန်းယောလ် သေချာကြည့်မိသောအခါ မြင်းစိုင်း ကဏန်းများဖြစ်နေသည်

ထိုကဏန်းများသည် အလွန်အပြေးမြန်သည်ဟု စာအုပ်ထဲတွင် ဖတ်ဖူးသည်

ချန်းယောလ် မြင်းစိုင်းကဏန်းဆယ်ကောင်လောက်ကို အပြေးအလွှားလိုက်ဖမ်းလိုက်သည် ဖမ်းရသည့်အလုပ်မှာမလွယ် တစ်မိုင်လောက်ပြေးလိုက်ရသကဲ့သို့ မောသည်

သို့သော် ချန်းယောလ် အနားမယူအား ဂူမှာဟိုကောင်လေး
ဗိုက်ဆာနေလောက်ပြီ ထို့ကြောင့် ချန်းယောလ် အပြေးအလွှားပြန်ရသည်

ဂူပြန်ရောက်တော့ ဘတ်ခွန်းနီး က ထောင့်လေးတစ်ထောင့်
မှာကွေးကွေးလေးနေနေသည် ချန်းယောလ် ကို ကျောပေး
ထားပုံအရ ဒီကောင်လေး စိတ်ကောက်နေသည်ထင်

Love in the sea 🌊Where stories live. Discover now