Part 3

200 33 7
                                    

"၀ါး အိပ်လို့ကောင်းလိုက်တာ"

" ဘယ်နှနာရီထိုးပြီလဲ"

Baekhyun တစ်ယောက် ရေချိုးပြီးကထဲက အိပ်ယာထဲထိုးအိပ်လိုက်တာ ညနေ4နာရီလောက်မှ
နိုးတော့သည် မနက်ကအစောကြီးထလာတာရော
ကားစီးရတာပင်ပန်းတာရောပေါင်းပြီး အိပ်လိုက်တော့
တော်တော်လေးကို အိပ်လို့ကောင်းသည်

အခန်းပြတင်းပေါက်ကနေအပြင်ကို လှမ်းကြည့်လိုက်တော့ လှိုင်းတစ်ဝုန်းဝုန်းနဲ့ ပြာလဲ့နေသော ပင်လယ်ပြင်ကြီးကိုမြင်
လိုက်ရ၍baekhyun အားရပါးရ ပြုံးလိုက်မိသည်

မှန်အတိုင်းပြောရရင်ကျွန်တော်တစ်ခါမှပင်လယ်ကို မရောက် ဖူးပါ  ငယ်ငယ်က family trip ထွက်ရင်လဲ တစ်ခြားအထင်ကရနေရာတွေသာ သွားသည် ပင်လယ်ဘက်ကိုမသွားပါ မားမားကပြောဖူးတယ်ကျွန်တော်က ရေနဲ့အကျိုးမပေးဘူးတဲ့ ဒါကြောင့် မားမားက ကျွန်တော့်ကို ဟန်မြစ်တောင်ပေးသွားသည်မဟုတ်
အခုက ကျောင်းကနေမဖြစ်မနေမိုလို့သာ ခွင့်ပြုလိုက်ခြင်း။

🎶let's kill this love...... 🎶

"အမလေး ဘုရားကျန်းရီရှင်းနဲ့ငါနဲ့ညား "

ကိုယ့်ဘာသာကိုယ် တွေးနေစဉ် ရုတ်တရက်ကြီးဖုန်းထ
မြည်တာကြောင့် အလကားနေရင်း ကျန်းရီရှင်းနဲ့
ညားလိုက်ရသေးသည်

"ဟယ်လို.... အေး Jondae ပြော"

"အေး... Baekhyun ငါမင်းအခန်းရှေ့ရောက်တော့မယ် ထွက်လာခဲ့တော့ ရေသွားကူးမယ်"

"အွန်းအွန်း ခနလေး ငါအ၀တ်အစားလဲလိုက်ဦးမယ်"

"မြန်မြန်လုပ်... ဒါပဲ"

ဖုန်းချပြီးတာနဲ့တစ်ပြိုင်နက် အ၀တ်အစားလဲဖို့
Luaggae ကိုဖွင့်ရသည် အပေါ်ယံမှာ ထည့်ထားတဲ့
Shirt အဖြူရောင်တစ်ထည်ရယ် JJ ဘောင်းဘီတိုတစ်
ထည်ကိုယူလိုက်သည် အကုန်လုံးပြင်ဆင်ပြီးမှ
သတိရလိုက်တာက Park Chanyeol

*ဒီကောင် ငါမအိပ်ပျော်ခင်ထဲကထွက်သွားတာ အခုထိပြန်မလာသေးဘူး *

Love in the sea 🌊Where stories live. Discover now