T

1.3K 81 1
                                    

မင်းနဲ့ကိုယ်ရဲ့စတွေ့ချိန်ကို မှတ်မိသေးလားကောင်လေး

အဖြူရောင်နှင်းတွေ တဖွဲဖွဲ မြေခလျက်
ရာသီဥတုကလည်းသိပ်အေးလို့ ပေါ့
ငွေနှင်းတွေ ငိုကြွေးသွားလောက်မယ့် မင်းမျက် နှာ ဖွေးဖွေးလေးကို ကိုယ် မှတ်မိသေးတယ်

ပါးလေးနှစ်ဖက် နီရဲ နေတာကို ကိုယ် ဘယ်လိုတင်စားရမလဲ
နှင်းတွေကြားမှာ အစာရှာထွက်လာတဲ့ ယုန်ပေါက်ကလေး လို့ဆိုရမလား
ဒါမှ မဟုတ် အပျံသင် စ ငှက်ပေါက်လေးလို့ ခိုင်းနှိုင်းရမလား။

ခပ်ထူထူ အနွေးထည် ကြီးအောက် မျက်နှာ လေးကို ငုံ့ပြီး
"ကျွန်တော် က ဂျွန်ဂျောင်ဂု ပါ" ပါလို့ မင်းနှုတ်ဆက် စဉ်
ကိုယ့် နှလုံးသားမှာ မုန်တိုင်း တိုက်သွားသလိုပဲ

အကိုတွေက "အငယ်လေး ကချစ်စရာကောင်းတယ်" လို့ပြောနေချိန် ကိုယ်က တော့ ရှက် သွေးဖြာ နေတဲ့ မင်းမျက်နှာလေးကို ပြောစရာစကားမရှိအောင်ငေးကြည့်နေမိခဲ့တယ်
စကားတစ်ခွန်းမှ ပြန်မပြောဘဲ ခေါင်းလေးတစ်ချက် ငုံ့ပြရင်း လှည့်ထွက် သွားတဲ့ မင်းကို အကိုတွေက တွေးရခက်စွာ
ကြည့်နေချိန်မှာ ကိုယ်ကတော့ ပြုံးမိတယ်
သိပ်ချစ်စရာကောင်းတဲ့ ကောင်လေး

ညဉ့်နက် သန်းခေါင် ရေသံကြားလို့ ထကြည့်ရင်း ရေချိုးနေတဲ့ မင်းကို တွေ့တုန်း ကရော မင်း ဘယ်လောက် ရှက်သွားမလဲ ကိုယ် ခန့်မှန်းလို့ရတယ်
နားရွက် လေးတွေအထိ နီရဲနေတာများ
အသက်ရှူတဲ့ စတော်ဘယ်ရီသီးလေးကျလို့
ဘာမှမဝတ်ထားလို့ ရှက်ကိုးရှက်ကန်းနဲ့ ကိုယ့် ကို အော်ထုတ်နေခဲ့တဲ့ အသံလေးက ချိမြိန်လျက်
ခပ်ပြုံးပြုံးလှည့်ထွက် သွားတဲ့ ကိုယ့်ကြောင့်
နှစ်ရက်လောက် မျက်နှာချင်းမဆိုင်ရဲတာများ
တကယ့် ကလေးဆိုးလေး အတိုင်း ပဲ။

ရှက်တတ်လွန်းတဲ့ မင်းအတွက် ကိုယ် က ဖေးမ သူဖြစ်ခဲ့ ဖူးတယ် လို့ မင်းဖွင့်ဟပြောတော့
ကိုယ် ဘယ်လောက်ပျော်ခဲ့မယ်ထင်လဲ။
မင်းအတွက် ကိုယ် က ဘုရားကစီမံထားတဲ့ ဘဝလက်တွဲဖော်လို့သာ သတ်မှတ်လိုက်စမ်းပါကလေး။

မွေးရပ်မြေနဲ့ ဝေးနေတဲ့ ကိုယ့် အတွက် မင်းမရောက်လာခင်အထိ ကောင်းကင်ပေါ် ကကြယ် လေးတွေကသာ ကိုယ့် သူငယ်ချင်း ကိုယ့်ချစ်သူ ကိုယ့်ကလေးလေးတွေပေါ့
မြေပေါ်မှာ ခြေချ သွားလာနေတဲ့ အဖြူရောင် ကြယ်ကလေး မင်း ရောက်လာကတည်းက ကောင်းကင် ကြယ် တွေနဲ့ ကိုယ် လမ်းခွဲခဲ့ပြီ။
ကိုယ့်နှလုံးသားကောင်းကင် မှာ ထာဝရတောက်ပပေးမယ့် တစ်လုံးတည်း သော ကြယ်ဖြူလေး။

The Unseen Feelings Where stories live. Discover now