ကိုယ့်ကောင်လေး။
ဘယ်သူမှမသိပေမယ့် ကိုယ် တစ်ယောက် တည်း ပေးထားတဲ့ မင်းရဲ့ နာမည်ပြောင်လေး။
ညတိုင်း ဖုန်းတွေနဲ့ ဂိမ်းမကစားနဲ့ကောင်လေးရယ်
မင်းမျက်လုံးလှလှလေးတွေ ကို မှန်တစ်ချပ်ခြားပြီး
ကိုယ် မမြင်ပါရစေနဲ့။
ညတိုင်း ဖုန်းကိုပဲကြည့်နေတဲ့ မင်းအတွက် ကိုယ့်ရဲ့
ပြစ်ဒဏ် က ဖုန်းကို မင်းလက်ထဲက ဆွဲယူရင်း စားပွဲပေါ်တင်
မင်းမျက်နှာလေးကို ကိုယ့်ရင်ခွင်ထဲ ဆွဲထဲ ပြီး
တင်းတင်းကျပ်ကျပ် ဖက်ထား ရတာပဲ။
လူဆိုးကြီး လို့ မပီမသ မင်းပြောရင်
မင်းပါးလေးကို ဆွဲရတာလည်းအမောပဲ။
ချစ်စရာ ယုန်ပေါက်လေး။
မနက်ခင်းတိုင်း ကိုယ့် ကို လာနိုးရင်း
မင်းဘယ်နှခေါင် အနမ်းခံရပြီးပြီလဲ။
ရှက်ကိုးရှက်ကန်း နဲ့ ကိုယ့်ကို တစ်နေ့လုံး
မျက်နှာချင်းမဆိုင် တဲ့ နေ့တွေဆို ကိုယ်သိ တယ်
မင်းရှက်နေပြီဆိုတာ။
မျက်လုံးချင်းဆုံရင်မျက်လုံးတွေကို လွှဲ ရင်းခေါင်းလေးငုံ့သွားရတာလည်း မင်းရဲ့
နေ့စဉ် အလုပ်ပဲ။
ကိုယ်ကတော့ မင်းရဲ့ ရှက်နေတဲ့ ပြစ်မျိုးမထင် ချစ်စရာ
မျက်နှာလးကို ချစ်တယ်။
နားရွက် လေးကအစ နီရဲလို့။
ဒီလောက်ရှက်တတ်တဲ့ကောင်လေးက
ရေချိုးခန်းထဲ ဝင်တိုင်း သဘက် မေ့ကျန်တတ်တာလည်း အလုပ်တစ်ခုပဲ ။
အကိုတွေကတောင် ပြောကုန်ပြီ
မင်းလေး က ဂိမ်းတွေဆော့ပါများပြီး
မေ့တတ်နေပြီတဲ့။
ကောင်ဆိုးလေး
ကိုယ့်ကို အနိုင်ကျင့်ချင်လို့မလား။
အခုရက်ပိုင်း မင်းကတော့ ပျော်နေမှာပဲ
တစ်နေ့တစ်နေ့ မင်းကိုချစ်တဲ့ သူတွေ
မင်းကို အားပေးတဲ့ သူတွေများလာလို့လေ။
ကိုယ်လည်း သူတို့ထဲ ကတစ်ယောက် ဖြစ်ချင်တယ်။
မင်းအတွက် အကို တစ်ယောက် လို့ အများက သတ်မှတ် တာကိုခံရမယ့် အစား
မင်း ကို ချစ်တဲ့ နှစ်သက်တဲ့ ပရိသတ်တစ်ယောက်ဖြစ်ချင်တယ်။
အနည်းဆုံး မင်းကိုပိုင်ဆိုင်ဖို့ အတွက်
စည်းကမ်းတွေက သိပ်မတင်းကျပ်နေဘူးလေ။ယုန်သွားလေးတွေက မင်းပိုင်တယ် ဆိုပေမယ့်
အနာဂတ်မှာတော့ ကိုယ်ပိုင်ချင်တယ်။
မင်းရဲ့ ခပ်ပါးပါး နှုတ်ခမ်း လေးတစ်စုံက
မင်းသွားကြီးကြီးလေးတွေကို မဖုံးအုပ်နိုင်ဘူး ထင်တယ်
အကူအညီလိုသလား ကောင်လေး။
ကိုယ့်နှုတ်ခမ်း လေးတွေနဲ့ ဆိုရင်တော့ မင်းသွားလေးတွေ
ပျောက်သွားနိုင်တယ်။
ချစ်တယ် လို့ တဖွဖွ ပြောဖို့ ကံကြမ္မာ က အခွင့်မသာပေမယ့်
ကိုယ်ချစ်တာကို တော့ မင်း နှလုံးသားက
ရိပ်မိပါစေကွယ်။