H

721 62 0
                                    

တောက်ပနေတဲ့ မီးရောင်အောက်မှာ မင်းကလှပလျက် ပဲကောင်လေး။

အဲ့နေ့က ကိုယ်တို့ ရဲ့ အိပ်မက်တွေ
အကောင်အထည်ပေါ်လာတဲ့နေ့ လေးပေါ့။
လက်ခုပ် သံတွေတောင် အရှုံး ပေးရမယ့် ကိုယ့် ရင်ခုန်သံတွေကို နှလုံးသားချင်းနီးစပ်တဲ့ မင်းလေး ကြားနိုင်ပါစေကွယ်။

လူတွေအများကြီးကြားမှာ မင်း ကြောက်လွန်းလို့ ကိုယ့်ကျော နောက်မှာ တွယ် ကပ်နေတာလေးကို မှတ်မိသေးလား။
ဟော ဒီ ကျောပြင်ကျယ် ကြီးက မင်းကို မင်းကြောက်သမျှ အရာတွေအားလုံးဆီက ကာကွယ် ပေးသွားမယ် ဆိုတာ ယုံစားလိုက်စမ်းပါကလေးရယ်။

ဖြူဖွေးနေတဲ့ မင်းလက်သေးသေး လေးရဲ့ ဆုပ်ကိုင်မှု က ကိုယ့်နှလုံးသားကို ထိခိုက်စေတယ်။
ဆုပ်ကိုင် ထားတဲ့ မင်းလက် ကလေးကို
ကိုယ်တင်းတင်းကျပ်ကျပ် ပြန်ကိုင်ပြီးတုံ့ပြန့်လိုက်တော့
ခေါင်းလေးခါပြရင်း ကိုယ့် ကိုစိုက်ကြည့် နေတာများ
လမ်းပျောက်နေတဲ့ကလေးငယ် လေးအတိုင်းပဲ။
မျက်လုံးလေးတွေက ဝိုင်းစက်ပြီး မျက်ရည် လေးတွေ ခိုတွယ် လို့ နှုတ်ခမ်း သေးသေး လေးက အအေးဒဏ်ကြောင့် နီရဲလျက် "ကျွန်တော် မလုပ်နိုင်ဘူးထင်တယ်" လို့
အထပ်ထပ်အခါခါ ပြောရင်း ခေါင်းတဆတ်ဆတ်ခါနေတဲ့
မင်းလေးကို
အဲ့ဒီနေ့ကကိုယ်အချစ်ဆုံးပဲ။

"ဟင့်အင်း မင်းလုပ်နိုင်တယ် ကိုယ်ယုံတယ် "
လို့ခပ်ပြတ်ပြတ် ပြောရင်း စင်ပေါ် ကို တစ်ယောက်လက်တစ်ယောက်ကိုင်ရင်း တက်သွား စဉ် ကြား ရတဲ့လက်ခုပ်သံတွေက သိပ်သာယာတာပဲ။

ကိုယ်တို့ရဲ့ လက်ထပ် ပွဲဆိုရင် ဘယ်လောက်ကောင်းမလဲ။

မင်းကတော့ ကိုယ့်ကို အားကိုးတကြီး ငေးကြည့်တုန်း
မင်းလက်ကလေးက လည်း ကိုယ့် လက်ကလေး ရဲ့ ဆုပ်ကိုင် မှု ကို ခံနေရတုန်းပဲ။
ဟောဒီလက်တစ်စုံကို မင်းပိုင်တယ် ကောင်လေး။
မင်းအတွက် အားအင်တွေပေးနေမယ့် လက်တစ်စုံ
မင်းဝမ်းနည်း ရင်မျက်ရည်သုတ်ပေးမယ့် လက်တစ်စုံ ကို မင်းပိုင်ထားတယ် ကောင်လေးရဲ့

လောကကြီးကို အော်ပြောလိုက်စမ်း
"ကျွန်တော် ကသိပ်ကံကောင်းတာပဲလို့"

ကိုယ့်ကို မင်းပိုင် တယ်
ကိုယ့်ရဲ့အရာအားလုံး ကိုမင်းပိုင်တယ် ဆိုတာ နှလုံးသား ထဲမှာ ကမ္ပည်းထိုးထားပါ ကောင်လေးရယ်။
ကိုယ့် ရင်ခွင် က မင်းအတွက် ခိုနားရာ
ကိုယ့် လက်တွေက မင်းအတွက် ဖေးမရာ
ကိုယ့် နှလုံးသား ကို မင်းအပျင်းပြေ ကစားသွားနိုင်တယ်
ဒါပေမယ့် မပျက်စီးစေနဲ့။မင်းကစားစရာ မရှိဖြစ်သွားလိမ့်မယ်ကွယ့်။

အဲ့ဒီ့နေ့ ည က မင်းကိုယ့် ကို ကျေးဇူး တင်စကား တွေပြောခဲ့ပေမယ့် ကိုယ့်နားထဲတော့ ဝင်တစ်ချက် မဝင်တစ်ချက်ပဲ။ဘာရယ်ကြောင့်မှန်းမသိ ပြုံးရီနေတဲ့ မင်းမျက်နှာက သိပ်ချစ်ဖို့ကောင်းတာပဲ ။မင်းအသံချိုချိုလေးက ကိုယ့် အာရုံ ကို ဖမ်း မစားနိုင်တော့အောင်ပဲ အပြုံး လေးတွေ က လှနေခဲ့တာ။

ရုတ်တရတ် ဆိုသလို မင်းကိုယ့်ကို ဖက်လိုက်တော့ ကိုယ်ပြန် တုံ့ပြန် ဖို့ မေ့ရလောက်အောင် မှင်သက်နေမိတယ်။
ရင်ခွင်ထဲ ပစ်ဝင် လာတဲ့ ကောင်လေးရေ
အမြဲတမ်း ဟောဒီ ရင်ခွင်ထဲမှာပဲ မင်းပျော် နေပါတော့လား။

နီးစပ် နေလျက် လွမ်း သလိုခံစားရတာ ဘယ်ဘဝကဝဋ်ကျွေးတွေ ကြောင့်များလားကွယ်။

The Unseen Feelings Where stories live. Discover now