တစ်ခါတစ်ခါ မင်းမျက်လုံးတွေကိုမုန်းမိတယ် ကောင်လေး
အိပ်မက်တွေ လက်တွေ့ဖြစ်လာပြီကို ဘာလို့ ငိုနေနိုင်သေးတာလဲကွယ်။ညဘက်တိုင်း ကိုယ့်ရင်ခွင်ထဲမှာ
"ကျွန်တော် သီချင်းတွေရေးထားတယ် "
လို့ ဂုဏ်ယူစွာနဲ့ ကိုယ့်ကို ပြောရင် နဖူးလေးကိုနမ်းရင်း
"တော်တယ် ကလေး"
လို့ အဖြေပြန်ပေးတော့
မင်းသိပ်ပျော်ရှာတာပဲနော်။
တစ်နေ့နေ့မှာ သူတို့က မင်းကို အသိအမှတ်ပြုလာကြလိမ့်မယ်။
မင်းအပြုံးတွေက သူတို့ကို ပြုံးစေမယ်။
မင်းမျည်ရည်တွေက သူတို့ကို ငိုကြွေးစေမယ်။
ကိုယ်နဲ့ ထပ်တူပေါ့ကွယ်။
မင်းအလုပ်ကြိုးစားတာတွေ တွေ့ရင် ကိုယ် သိပ်ဝမ်းသာတယ်။
ဘယ်လောက် လိမ္မာလိုက်တဲ့ ကလေးလေးလဲ။
ကိုယ့်ရင်ခွင်ထဲ ကနေ မင်းက ကြီးထွားလာလိုက်တာကွယ်။
ကိုယ့်မျက်ဝန်းတွေကို တည့်တည့် မကြည့်နိုင်ခဲ့တဲ့
ကောင်လေး က အခုတော့ အခြားခြားသော
သူတွေရဲ့ နှလုံးသားကိုခြွေနိုင်ခဲ့ပြီတဲ့။
ကိုယ့် ရင်ခွင် ထဲမှာ ခေါင်းနှစ်ငို ခဲ့တဲ့ ကောင်လေးက
အခုတော့ အခြား သူတွေရဲ့ မျက်ရည် တွေကို
သုတ်ပေးနိုင်ခဲ့ပြီ။
ကိုယ့် လက်ကလေးတွေကြားမှာ အမြဲပျောက်ဆုံးနေတဲ့
လက်ကလေး က အခုတော့ တစ်စုံတစ်ယောက်ကို
ကူညီပေးနိုင်တဲ့ လက်ကလေးတစ်စုံဖြစ်နေပြီ။
ဒါပေမယ့်
တစ်ခုကတော့မပြောင်းလဲဘူး
မင်းက ကိုယ့်ရင်ခွင်ထဲက ကလေးလေးပဲ။
မင်း သူများတွေကို နှစ်သိမ့်ပေးလို့ဝရင်
ကိုယ့်ရင်ခွင် ထဲ မင်းလာငိုနိုင်သေးတယ်။
မင်းသူများတွေကို နူးညံ့ ပေးလို့ ကျေနပ်ရင်
မင်း ကိုယ့်ကို လာ အစိုး ရနိုင်သေးတယ်။
သူများ တွေကို ကူညီ ပေးလို့ သဘောတွေ့ရင်
ကိုယ့် လက်တစ်စုံကို ဆုပ်ကိုင်နိုင်သေးတယ်။
အို..
မင်းလက်ကလေးသာ ကိုယ့်ကိုဆုတ်ကိုင်ထားစမ်းပါ
လူတိုင်း ဒူးထောက် အရှုံး ပေးသွားမယ့်
အခက်အခဲ မှန်သမျှ ကိုကိုယ် တစ်ယောက်တည်း
ရင်ဆိုင်ပစ်မယ်။
ကိုယ့်မောလာရင်း မင်းပြုံးပြပေး။
ကိုယ်ပင်ပန်းလာရင် မင်း ကြင်နာပေး။
ကိုယ့် ဝမ်းနည်းလာရင် မင်းကချော့ပေး။
ကိုယ့်အတွက် တော့ မင်းကမရှိမဖြစ်ဘဲ
မင်းအတွက်ရော ကိုယ် ကမရှိ မဖြစ် လား ဒါမှမဟုတ်
မရှိလည်း ဖြစ်တဲ့သူတစ်ယောက်လား။
ချမ်းတတ်တဲ့ မင်းကို
ဘယ်သူ့ ရင်ခွင် ကများ ကိုယ့်ရင်ခွင်လောက်
နွေးထွေး မှုတွေ ပေးနိုင်ဦးမလဲကွယ်။