Next morning
Meanကနောက်ကျတာမကြိုက်ဘူးဆို၍ Planအစောကြီး ရုံးသို့ရောက်လာခဲ့သည်။
Plan--- ဒီနေ့တော့အစစအရာရာ အဆင်ပြေပါစေ🙏🙏
တမနက်လုံးတော့အဆင်ပြေချောမွေ့စွာပြီးစီးသွားသည်။
Plan--- ထမင်းစားချိန်လဲနီးနေပြီ Hunကလဲခုထိအစည်းဝေးခန်းထဲကထွက်မလာသေးဘူး စောင့်လက်စနက်ဆက်ပဲစောင့်လိုက်ပါတော့မယ်လေ
ခနအကြာတွင် Hunရောက်လာခဲ့သည်။
Hun--- Planရေ အရေးပေါ်အခြေနေဖြစ်နေလို့ သူဋ္ဌေး နက် မြို့ပြင်က hotelကိုလိုက်သွားပေးပါဦး Pဒီမှာ လုပ်စရာအလုပ်တွေရှိနေသေးလို့
Plan--- P' ka အဆင်ပြေပါ့မလား P ကျွန်တော်...😞
Hun--- ပြေပါတယ် Pသူဋ္ဌေးကိုလဲပြောပြီးသား လိုက်သာသွားလိုက် မြန်မြန်လိုက် သူဋ္ဌေးကစောင့်ရတာမကြိုက်ဘူး
Plan--- ဟုတ်...ဟုတ်ကဲ့P
Planအပြေးလေးရုံးခန်းထဲက ထွက်လာခဲ့လိုက်သည်။ခုထိလဲထမင်းမစားရသေး သူဋ္ဌေးနက်လဲ အတူသွားရမယ်ဖြစ်၍ ပို၍ရင်တုန်နေမိသည်။
Plan companyရှေ့သို့ရောက်ရောက်ချင်း Meanလဲ companyထဲကထွက်လာခဲ့သည်။ Meanက ကားဘေးနားမှာရပ်နေ၍ Planလဲ သူ့နောက်နားလေးမှာကပ်ရပ်နေလိုက်သည်။
Mean--- ဟေ့ကောင် တံခါးမဖွင့်ဘဲ ဘာရပ်လုပ်နေတာလဲ😕😕
Plan--- aww ဟုတ်...ဟုတ်ကဲ့ ဟိုကားဆရာပါတယ်မှတ်လို့ပါသူဋ္ဌေး
Mean--- မင်းကို Hunက မပြောလိုက်ဘူးလား Hunမပါရင် မင်းပဲကားမောင်းလိုက်ပို့ရမှာ မသိဘူးလား😠
Plan--- ဟို.....ဟို...ဟို
Mean--- တဟိုဟိုနက် ဘာဖစ်နေတာလဲမင်းက 😡😡
Meanအော်၍ပြောလိုက်သည်။
Plan တကိုယ်လုံးတုန်တက်သွားပြီ အထစ်ထစ်အငေါ့ငေါ့ဖြစ် "ကျွန်.... ကျွန်တော်..... ကားမမောင်းတက်ဘူးဗျ"
Mean--- ဘာ.......... ခုအသက်ရွယ်ထိရောက်နေပြီ ကားကမမောင်းတက်သေးဘူးလား😠😠
Planကြောက်၍တုန်သာနေသည်။ဘာမှပြန်မပြောနိုင်
Meanက Planပုံကိုကြည့်လိုက်ပြီး သက်ပြင်းချကာယာဉ်မောင်းသူဘက်ရှိရာသို့သွားလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။
Mean--- ဟေ့ကောင် မင်းမလိုက်တော့ဘူးလား အဲ့မှာပဲရပ်နေတော့မှာလား😒😒
Plan--- ဗျာ😨
Mean--- လာတက် အချိန်မရှိဘူး အရေးကြီးကိစ္စရှိပါတယ်ဆိုမှ ဘာလဲမင်းက ကားတံခါးလဲမဖွင့်တက်ပြန်ဘူးလား Meanတမင်ရွဲ့မေးလိုက်ခြင်းဖြစ်သည်။
Plan--- ဖွင့်...ဖွင့်တက်ပါတယ်ဗျ ဆိုပြီး နောက်တံခါးကိုသွားဖွင့်လေသည်။
Mean--- ဟေ့ကောင် ငါကမင်း driver မဟုတ်ဘူးကွ အရှေ့မှာလာထိုင်😕😕
Plan--- ဟုတ်....ဟုတ် လာပါပြီခင်ဗျ
မျက်နှာငယ်လေးဖြင့်ကားတံခါးဖွင့်ကာ ထိုင်လိုက်သည်။
Mean စိတ်ထဲတွင် ဘယ်လိုအူကြောင်ကြောင်ကောင်မှန်းကိုမသိဘူး ဟုတွေးနေမိသည်။
တလမ်းလုံးဘာစကားမှမပြောဖစ်ကြပေ Planလဲကြောက်၍ ထောင့်လေးမှာသာကပ်၍ လိုက်ပါလာခဲ့သည်။
မြို့ပြင်က ဆောက်လုပ်ဆဲhotel ကိုရောက်ပါပြီ ကျယ်ဝန်းလှတဲ့ခြံကျယ်ကြီးမှာ ခမ်းနားထည်ဝါစွာရှိနေတဲ့ ဆောက်လုပ်ပြီးလုနီးပါးဖြစ်နေသည့် Hotelကြီး ကိုPlan ငေးကြည့်နေမိသည်။
Mean--- ဟေ့ကောင် လာမြန်မြန်လိုက်ခဲ့ အရာရာတိုင်းနှေးတုပ်ကွေးတေးနက် ကြားထဲကလဲငေးလိုက်သေး
Planအပြေးတပိုင်း Meanနောက်သို့လိုက်သွားခဲ့လိုက်သည်။ Hotel၏ လိုအပ်ချက် အရေးပေါ်ကိစ္စများကို ဖြေရှင်းပီးချိန်တွင် ညနေ၃နာရီခန့်ဖစ်သွားခဲ့သည်။ Planခုထိလဲဘာမှမစားရသေး၍ ဗိုက်စာ၍တုန်ပင်နေသည်။တခါမှလဲထိုသို့မနေဘူး၍ လူကယိုင်တိုင်တိုင်ပင်ဖြစ်နေသည်။
Mean မှာကြားစရာများရှိတာကို မှာကြားပြီး ပြန်ရန် Planကိုလှမ်းကြည့်လိုက်သောအခါ သူ့ကြည့်ရတာ မူမမှန်ပေ လူကလဲသေးသေး လမ်းလျောက်ပုံကလဲ ယိုင်နဲ့နဲ့နှင့်
Mean--- Plan မင်းဘာဖြစ်နေတာလဲ မင်းကြည့်ရတာအခြေနေမဟန်ပါလား
Plan--- ကျွန်တော်.... မနက်ထဲက ဘာမှမစားရသေးလို့ပါ သူဋ္ဌေး😞😞
Mean--- ဘာ မင်းဘာမှမစားရသေးရအောင် ဘာလုပ်နေတာလဲ တမနက်လုံးမင်အလုပ်လဲသိပ်မရှိဘဲနက်
Plan--- ဟို ကျွန်....ကျွန်တော် P'Hunကို စောင့်နေလို့ပါခင်ဗျ
Mean--- Hun ကစောင့်ခိုင်းထားလို့လားမင်းကို
Plan--- မ.. မဟူတ်ပါဘူး ကျွန်တော်ကိုတိုင်က တယောက်ထဲမစားတက်လို့ပါ😞
Mean--- မင်းက တယောက်ထဲမစားတက်ရအောင် ကလေးလားကွ ကို့အသက်လဲပြန်ကြည့်ဦးလေ
Planလေး ဘာမှပြန်မပြောပေ မျက်နှာငယ်လေးဖြစ်သာ အောက်ငုံ့နေသည်။ Meanက Planဖစ်သွားသည့်ပုံကို ကြည့်ပြီး သနားသွားကာ
Mean--- ကဲ အဲ့ဆိုလဲ လာ ဒီနားကဆိုင်တဆိုင်ဆိုင်မှာ သွားစားကြမယ်
Plan--- ရ..ရပါတယ်ဗျ ကျွန်တော် ဟိုပြန်ရောက်မှ.....
Mean--- ငါ့ကိုလျှာပြန်မရှည်နက် ငါပြောသလိုပဲလုပ် ငါလဲဘာမှမစားရသေးဘူး မင်းကိုလိုက်ကြွေးချင်လွန်းလို့တော့မဟူတ်ဘူး လာခဲ့😏😏
ထိုအခါမှသာ Planဘာမှမပြောတော့ဘဲ Meanသွားရာနောက်သို့လိုက်လာခဲ့သည်။
ဆိုင်သို့ရောက်သောအခါ စားစရာမှာပြီး Planကို Mean သေချာကြည့်နေမိသည်။ Planက ပတ်ဝန်းကျင်အသစ်ကိုခုမှရောက်ဖူး၍ အရာရာဟာ အသစ်အဆန်းဖြစ်နေသည်။လမ်းကလူတွေကိုကြည့်လိုက် ဆိုင်ထဲကလူတွေကိုကြည့်လိုက်နှင့်သူတယောက်ထဲအလုပ်ရှုပ်နေသည်။
Mean--- မင်း ဒီကိုတခါမှ မရောက်ဖူးဘူးလား Plan
Plan--- ဟုတ်ကဲ့ခင်ဗျ။ ဒါ ကျွန်တော်အပြင်ကိုပထမဆုံးထွက်ဖူးခြင်းပဲ ဆိုပြီး ရီကာပြောနေလေသည်။
Mean--- ဒါဆို မင်းအရင်က ဘယ်ကိုမှမရောက်ဖူးဘူးလား
Plan--- ဟုတ်တယ် အရင်က ကျောင်းနက်အိမ်ပဲ သွားဖူးတာ ဟု အပြင်ဘက်ကိုစပ်စုနေရင်း ပြန်ဖြေလိုက်သည်
ထိုအချိန်စားစရာများရောက်လာ၍ Meanထပ်မမေးတော့ဘဲ ၂ယောက်လုံးစားစရာများကိုစားနေခဲ့လိုက်သည်။
စားသောက်ပြီးသွားသောအခါ
Mean--- စားလို့ကောင်းရဲ့လား ဗိုက်ကောဝရဲ့လား
Plan--- ဟူတ်ကောင်းတယ် ဗိုက်လဲဝသွားပြီ😁😁
Mean---အဲ့ဆိုလဲ ပြန်ကြမယ်ထ
Plan --- ဟုတ် ဟုတ်ကဲ့
Mean--- အပြင်ကစောင့်နေလာခက်မယ်
Plan--- ဟုတ်ကဲ့သူဋ္ဌေး
Mean ပိုက်ဆံရှင်းပြီး ထွက်လာသော ဆိုင်ရှေ့တွင် ကလေးများဝိုင်းနေသော ရေခဲမုန့်သည်ကို Planငေးကြည့်နေသည်။သူ့ကြည့်ရတာ စားချင်နေပုံပေါ်၍ Mean Planနားကိုကပ်သွားပြီး
Mean--- ဘာလဲ စားချင်လို့လား
Planလန့်သွားပြီ နောက်သို့လှည့်ကြည့်လိုက်ရာ Mean နှင့် Planတို့မျက်နှာ နှစ်ခုနီးကပ်သွားခဲ့သည်။Meanကော Planကော အကြည့်ချင်းဆုံနေရာမှ Planအနည်းငယ်ခွာလိုက်ပြီး
Plan--- ဟို ရ...ရပါတယ်ခင်ဗျ
Meanရေခဲမုန့်သည်နားကို သွားလိုက်ပြီး Planကိုလှမ်းခေါ်လိုက်သည်။
Mean---ဟိတ်....ဘာစားမှာလဲ
Plan Meanနားသို့ ပြေးသွားလိုက်ပြီး "တ... တကယ်စားရမှာလား"
Mean--- ငါ့ပုံစံက မင်းကိုနောက်သလိုဖစ်နေလို့လား😒
Plan--- မ...မဟုတ်ပါဘူး သူဋ္ဌေးက စောနကလဲ ထမင်းဝယ်ကြွေးထားတော့.....
Mean--- ရှည်ပြန်ပြီ ဝယ်စရာရှိတာဝယ် မြန်မြန်လုပ် အပြန်မှောင်နေမယ်😕
Plan--- ဟုတ် ဦးလေး ကျွန်တော့်ကို cantaloup အရသာနဲ့ရေခဲမုန့်တခွက်ပေးပါ
Meanပိုက်ဆံရှင်းပြီိးနောက် ကားဆီကိုပြန်လာခဲ့လိုက်သည်။ အနောက်ကတော့ရေခဲမုန့်ကိုင်၍ Planလိုက်လာခဲ့သည်။
Meanကားပေါ်ရောက်သောအခါ Planကိုကြည့်တော့ အရမ်းပျော်နေပုံရသည်။
Mean--- မင်းအဲ့လောက်တောင်ကြိုက်လား
Plan--- ဟုတ်ကျွန်တော်ကရေခဲမုန့်ဆိုအရမ်းကြိုက်တာဗျ ဆိုပြီး ရယ်မောပျော်ရွင်စွာပြောနေသည်။ Plan၏ ကလေးသဖွယ်ပျော်ရွင်နေသောပုံကို ကြည့်ပြီး Mean လဲပြုံးလိုက်မိသည်။ထိုအပြုံးကိုတော့ Plan တယောက် မြင်လိုက်မည်မဟုတ်ပေ။
At Mean home...
အိပ်ယာထဲအိပ်မည်လုပ်နေချိန်တွင် Planတယောက် သူ့အတွေးထဲကိုဝင်လာခဲ့သည်။ ရိုးရိုးအေးအေးအပြစ်ကင်းစင်သော Planရဲ့အပြုအမှုအပြောအဆိုတွေကို ပြန်တွေးရင် Meanပြုံးလိုက်မိသည်။ " Plan မင်းကတော်တော်စိတ်ဝင်စားဖို့ကောင်းပါလား"☺☺
At Plan home...
အိပ်ယာထဲတွင်နေ့လည်ကအကြောင်းကိုPlanတယောက်ပြန်တွေးနေမိသည်။"ငါဘာလို့ သူဋ္ဌေးနက် မျက်နှာချင်းကပ်သွားတူန်းက ရင်ခုန်သွားရတာလဲ ဒီလိုခံစားချက်မျိုးတခါမှလဲမဖစ်ဘူးပါလား ငါဘယ်လိုဖစ်သွားတာလဲ" အတွေးများဖြင့်...........
![](https://img.wattpad.com/cover/184175640-288-k940990.jpg)
YOU ARE READING
Follow Your Heart💙💚
Short StoryFollow Your Heart💙💚........... Mean---အခင်ရဆုံးသူငယ်ချင်းနှင့် ချစ်ရသူတို့၏ သစ္စာဖောက်မှုကြောင့် ဘယ်သူ့ကိုမှ အလွယ်တကူမယုံရဲ မာနကြီးခက်ထန်တဲ့ကောင်လေး Plan. ---ငယ်စဉ်ထဲက တယောက်ထဲ ကြီးပြင်းလာခဲ့ရ၍ အရာရာတွင်သိမ်ငယ်တက် အားနာတက်...