Part-15

973 90 4
                                    

တညလုံး Planနားတွင်​ ​နေ​ပေးရင်း အိပ်​​ပျော်​သွားကာ မနက်​​စော​စောတွင်​ Meanနိုးလာခဲ့သည်​။ နိုးနိုးချင်း Planနဖူးကိုစမ်းကြည့်​ရာ အပူပင်​​တော်​​တော်​​ချသွားပြီ ဖြစ်​၍ Plan အ​ဖေဆီသို့ဖုန်းဆက်​လိုက်​သည်​။

Plan dad---- Mean အန်​ကယ်​လဲအခုပဲဆက်​​တော့မလို့ Plan ညကပြန်​မလာလို့ ဖုန်းလဲဆက်​မရနက်​ မင်းဆီမှာများရှိမလားလို့
Mean--- ဟုတ်​တယ်​ အန်​ကယ်​ သူညက မိုးမိသွားလို့ ဖျား​နေတာနက်​ ကျွန်​​တော်​ဒီပဲ​ခေါ်လာခဲ့မိတာ ညကလဲအာရုံများ​နေတာနက်​ အန်​ကယ်​ဆီဖုန်းမဆက်​လိုက်​မိဘူး
Plan dad--- အဲ့တာဆို Planအခုဘယ်​လို​နေ​သေးလဲ
Mean---- ကိုယ်​ပူ​တော့ချသွားပြိီး ကျွန်​​တော်​လဲအလုပ်​သွားရမှာမို့ အန်​တီ​မေကို လွှတ်​​ပေးလို့ရမလားခင်​​ဗျ
Plan dad--- ရတာ​ပေါ့ ခုချက်​ချင်းလွှတ်​လိုက်​မယ်​ မင်းလဲတညလုံး​စောင့်​​ပေးရလို့ ပင်​ပန်း​နေ​ရော​ပေါ့ ​ကျေးဇူးပါကွာ
Mean---- "ရပါတယ်​ ..... " ခန​လောက်​စဉ်းစားလိုက်​ပြီး
Mean----- အန်​ကယ်​ ကျွန်​​တော့်​ကိုတခု​လောက်​ကူညီ​ပေးလို့ရမလား
Plan dad---- ​ပြော​လေ အန်​ကယ်​ကူညီနိုင်​ရင်​ကူညီပါ့မယ်
.................

Planအိပ်​နေရာမှ နိုးလာချိန်​တွင်​ ​နေပင်​​တော်​​တော်​မြင့်​​နေပြီဖြစ်​သည်​။
Plan----" အား.....ကျွတ်​...ကျွတ်​" ​ခေါင်းကိုကိုင်​ကာညည်းလိုက်​မိသည်​။ ​ဘေးပတ်​ဝန်းကျင်​ကိုကြည့်​လိုက်​​တော့ "ဟင်​..... ဒါ P'Meanအခန်းပါလား အဲ့ဆိုညက P​ခေါ်လာခဲ့တာ​ပေါ့...... ငါ့ကို Pက ဂရု​တော့စိုက်​​သေးသားပဲ😊😊"
Plan အ​ကျေနပ်​ကြီး​ကျေနပ်​သွားပြီး အခန်းထဲမှ ထွက်​လာခဲ့သည်​။ မီးဖို​ချောင်​ဘက်​တွင်​ အသံ​တွေကြားရသဖြင့်​ "P က ငါစားဖို့တခုခုပြင်​​နေတာလားမသိဘူး ဟီး😁" ကို့အ​တွေးနက်​ကို​ပျော်​​နေပြီး မီးဖိုခန်းဘက်​သို့​လျောက်​လာခဲ့သည်​။

Plan---P... ကျွန်​​တော်​ဖို့.... ဟင်​ Aunty Mayပါလား😟😟
Aunty May--- ​အောင်း......သား နိုးလာပြီလား Aunty May ကခုပဲ ဆန်​ပြုတ်​လာပို့​တော့မလို့

Plan ​မျော်​လင့်​ချက်​​တွေ ​ရေထဲ​မြောသွားခဲ့ရ၍ စိတ်​ပျက်​လက်​ပျက်​ဖြင့်​ စားပွဲတွင်​ထိုင်​လိုက်​သည်​။ Aunty May က စားပွဲ​ပေါ်သို့ ဆန်​ပြုတ်​ပန်းကန်​လာချ​ပေးရင်း
Aunty May---- "သား ​အဆင်​​ကော​ပြေရဲ့လား မသက်​သာဘူးလားဟင်​" စိုးရိမ်​တကြီး​မေးရှာသည်​။
Plan--- "ကျွန်​​တော်​သက်​သာပါတယ်​ Aunty May"
ပြန်​​ဖြေသည့်​အသံမှာ အားမရှိလှ​ပေ။ Meanက တညလုံး​စောင့်​​ပေးတာကို မ​ပြောပါနက်​ဆို၍ Aunty May ​ပြောပြချင်​​သော်​လည်း ​ပြောခွင့်​မရခဲ့​ပေ။

Follow Your Heart💙💚Where stories live. Discover now