Meanနှင့် Planတို့ ခြံဝန်းထဲတွင် ကြည်နူးစွာလည်ပတ်ပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။
Mean mom--- သားတို့ ထမင်းစားကြရအောင်လေလာ
Meanကော Planကော ထမင်းစားစားပွဲသို့ဝင်လိုက်ကြသည်။ မိသားစုထမင်းဝိုင်းလေးက ပျော်ရွင်စရာကောင်းပေသည်။ ရယ်လိုက်မောလိုက်စားလိုက်သောက်လိုက်နှင့် ထမင်းဝိုင်းကစိုပြေနေသည်။ ထမင်းစားပြီး အချိုပွဲတည်းနေချိန်တွင် Planစိတ်ထဲ ငိုချင်သလိုဖြစ်လာ၍ ခေါင်းလေးကိုငုံ့ထားလိုက်သည်။
Mean Planဖြစ်ပုံကိုမြင်သွားလိုက်ပြီး
Mean--- Planဘာဖြစ်တာလဲ စားလို့မကောင်းလို့လား
Plan---" ကောင်းပါတယ်" ငိုသံလေးနှင့်ပြောလိုက်၍ တစ်မိသားစုလုံးစိတ်ပူသွားကြသည်။
Mean mom--- "သား...သားလေး ဘာဖြစ်လို့လဲကွယ် momကိုပြောပါဦး" ခေါင်းလေးကိုကိုင်ကာမေးလိုက်သည်။Plan--- ကျွန်....ကျွန်တော့်အမေကိုလွမ်းလို့ပါ အမေရှိတုန်းက ကျွန်တော်တို့မိသားစုခုလိုပျော်ခဲ့ကြရတာ အမေဆုံးပြီးထဲက ဖေကြီးကလဲ အလုပ်တွေနက်မအား ကျွန်တော့်ကိုဂရုမစိုက်နိုင်နက် ထမင်းတောင်လက်ဆုံမစားဖြစ်ကြတာကြာပြီ ခုလိုမြင်ရတော့အရင်ချိန်တွေကိုသတိရမိလို့ပါ😢😢😢
Mean mom--- "awww သားလေးရယ် momတို့ကလဲ သားရဲ့မိသားစုပဲလေ မငိုနက်နော်လိမ်မာတယ် နောက်တခါကျ သားဖေဖေကိုပါတူတူခေါ်ပြီး ခုလိုစားကြမယ်လေနော် ဟုတ်ပီလား မငိုနက်တော့တိတ်တိတ်" ပါးပေါ်စီးကျလာသော မျက်ရည်များကိုသုပ်ပေးပြီးပြောလိုက်သည်။
Mean--- ဟုတ်ပါတယ် မငိုပါနက် ကိုနောက်တခါက Planအဖေကိုပါ ပါအောင်ခေါ်ပေးပါ့မယ်နော် တိတ်တော့
Plan--- ဟုတ်...ဟုတ် ☺☺Mean mom----လိမ္မာလိုက်တဲ့ သားလေး ကဲဟ momခွံ့ကြွေးမယ်
ထမင်းဝိုင်းလေးက ပြန်စိုပြေသွားပြန်ပါပြီ။စားသောက်ပြီးသွားသောအခါ
Mean mom --- သားတို့ဒီညတော့ဒီမှာပဲအိပ်လိုက်ကြနော် မှောင်လဲမှောင်တော့မယ် Meanကလဲမရောက်တာကြာတော့ အိပ်ပြီးမှပြန်နော်သား
Mean Planကိုတချက်ကြည့်လိုက်ပြီး Planကခေါင်းငြိမ့်ပြသောအခါ "ဟုတ် mom"
Mean--- အဖေ လာကျွန်တော်လိုက်ပို့မယ် ဆိုကာ ဝှီးချဲကိုတွန်း၍ ထွက်သွားခဲ့သည်။
Mean mom--- သားPlan ဧည့်ခန်းထဲမှာစောင့်နေနော် momလာခက်မယ်
Plan--- ဟုတ်
YOU ARE READING
Follow Your Heart💙💚
Short StoryFollow Your Heart💙💚........... Mean---အခင်ရဆုံးသူငယ်ချင်းနှင့် ချစ်ရသူတို့၏ သစ္စာဖောက်မှုကြောင့် ဘယ်သူ့ကိုမှ အလွယ်တကူမယုံရဲ မာနကြီးခက်ထန်တဲ့ကောင်လေး Plan. ---ငယ်စဉ်ထဲက တယောက်ထဲ ကြီးပြင်းလာခဲ့ရ၍ အရာရာတွင်သိမ်ငယ်တက် အားနာတက်...