Part-16

988 95 5
                                    

Planထိုအဖြစ်​ပျက်​များပြီး​နောက်​ စိတ်​ကပို၍ပင်​​လေသွားခဲ့သည်​။

Plan--- Pက ငါ့ကိုတကယ်​မချစ်​ခဲ့ဘူးပဲ သူ့ချစ်​သူအ​ဝေး​ရောက်​​နေတုန်းခန ငါ့ကိုအစားထိုးသွားတာ အခုပြန်​လာ​တော့ ငါကဘယ်​လိုအပ်​ပါ​တော့မလဲ အဲ့တာ​ကြောင့်​ ငါ့ကိုသူစိမ်းဆန်​သွားတာ​ပေါ့ ............

Plan အိမ်​ပြန်​ချင်​စိတ်​လဲ မရှိ၍ ​ခြေဦးတည့်​ရာ​လျောက်​သွား​နေခဲ့သည်​။အ​တွေးမျိုးစုံကလဲ Planစိတ်​ကို မျိုးစုံညှင်းပန်းနှိပ်​စက်​​နေ​လေသည်​။ Meanအ​ကြောင်းပဲ​တွေး​နေသည့်​ ကိုယ့်​​ခေါင်းကိုလဲ ရိုက်​ခွဲပြစ်​ချင်​စိတ်​သာ​ပေါက်​​နေ​တော့သည်​။ ဒီအ​တွေး​တွေကိုရပ်​တန့်​သွား​အောင်​ ဘာလုပ်​ရမလဲ မွန်းကြပ်​ ​နေတဲ့စိတ်​ကို ဘယ်​လို​ဖြေ​ဖျောက်​ရမလဲကိုသာ ​တွေး​နေမိသည်​။

Plan ဆက်​လက်​​လျောက်​လာရင်း barဆိုင်​နားသို့​ရောက်​လာခဲ့သည်​။ တခါမှမ​သောက်​ဘူး မ​သောက်​ချင်​ခဲ့​ပေမဲ့ အခု​သောက်​ချင်​စိတ်​​တွေဖြစ်​​ပေါ်လာမိသည်​။ မူးသွားရင်​ ခံစားရတာ​တွေ​လျော့သွားမလားဆိုတဲ့ အ​တွေးနက်​ ဆိုင်​ထဲသို့ ဝင်​သွားခဲ့လိုက်​သည်​။

Mean အလုပ်​ပုံထဲ​ခေါင်းစိုက်​​နေရ၍ Planပြန်​​ရောက်​မ​ရောက်​​မေးရန်​​ ​မေ့​နေခဲ့မိသည်​။ နာရီကိုကြည့်​လိုက်​​တော့ ည၈နာရီပင်​ ထိုး​နေပြီဖြစ်​သည်​။ အလုပ်​ဆင်းရန်​ သိမ်းစရာရှိတာ​တွေကိုသိမ်း​နေစဉ်​တွင်Meanဆီသို့ ဖုန်းဝင်​လာခဲ့သည်​။ထိုဖုန်းမှာ Plan အ​ဖေဖုန်းဖြစ်​သည်​။

Mean--- ဟုတ်​ကဲ့ ​ပြောပါ အန်​ကယ်
Plan dad---- Mean Planမင်းနက်​အတူတူရှိ​နေလား
Mean---- မရှိဘူး အန်​ကယ်​ ဘာဖြစ်​လို့လဲ
Plan dad---- Plan မနက်​ထဲက ထွက်​သွားတာ ခုထိပြန်​မလာ​သေးလို့ ဖုန်းလဲပါမသွားဘူး ပိုက်​ဆံလဲမပါသွားဘူး အဆက်​သွယ်​လဲလုံးဝမရဘူးဖြစ်​​နေတယ်
Mean----" ​ဗျာ😨😨 "  ​ခေါင်း​ပေါ်မိုးကြိုးပစ်​ချလိုက်​သလို ခံစားလိုက်​ရသည်​။ Plan​ပျောက်​​နေတယ်​ တဲ့လား အဲ့တာကလဲ တ​နေကုန်​​တောင်​လား အခုည​တောင်​​ရောက်​​နေပြီ Planသာတစ်​ခုခုဖြစ်​ရင်​ ငါ....ငါ...​ငါ​သေမှာ
Meanကို့အ​တွေးနှင့်​ကို ပူ​လောင်​​နေ၍ စကားပင်​ပြန်​မ​ပြောနိုင်​​တော့​ပေ။

Follow Your Heart💙💚Where stories live. Discover now