Part-7

1.1K 100 7
                                    

Next morning,

Mean---" Plan မင်းကိုငါချစ်​တယ်​" Planကို ရင်​ခွင်​ထဲထည့်​သိပ်​ရင်း​ပြောလိုက်​သည်​။
Plan--- ကျွန်​​တော်​လဲ ချစ်​တယ်
Mean Planကို ရင်​ခွင်​ထဲကထုတ်​လိုက်​ပြီး မျက်​နှာကို​လေး​မော့​စေကာ "ဘယ်​​တော့မှမခွဲ​ကြေး​နော်​" ​ပြောရင်း Planမျက်​နှာနားသို့ ချဉ်းကပ်​ နမ်းဖို့ပြင်​လိုက်​​လေသည်​။ Planလဲမျက်​လုံး​လေးမှိတ်​ပြီး အနမ်းခံရန်​အသင့်​ဖြစ်​​နေ​ပေပြီ။

Mean--- " Plan" "Plan" ​ခေါ်ပြီးလှုပ်​နိုးလိုက်​သည်​။မနိုးလို့လဲမရ Planတ​ယောက်​ နှုတ်​ခမ်းကြီးစူပြီး အိ​မ်​မက်​​ယောင်​​နေသည်​။😚😚

Plan အိမ်​မက်​မှနိုးထလာခဲ့ပြီး အ​ရှေ့တည့်​တည့်​တွင်​Meanကို​တွေ့လိုက်​​သောအခါ လန့်​သွားသည်​။

Mean--- အိမ်​မက်​ထဲမှာဘယ်​သူနက်​နမ်း​နေလို့နှုတ်​ခမ်းကြီး​ထော်​​နေရတာလဲ😒
Plan တိုက်​ရိုက်​အ​မေးခံလိုက်​ရ၍ ရှက်​သွားပြီး " ဘာ.....ဘာ​တွေ​ပြော​နေတာလဲ ​စော​စောစီးစီး မဟုတ်​ကဟုတ်​က​တွေ"
Mean--- "မဟုတ်​မှလွဲ​ရော မင်းငါ့ကိုစိတ်​ကူးယဉ်​​နေတာလား" စူးစမ်းလို၍​မေးလိုက်​ခြင်းဖြစိသည်​။
Plan---" မ....မဟုတ်​တာ​တွေ​လျောက်​​ပြောမ​နေနက်​" ​ပြောရင်းဆိုရင်း အိပ်​ယာ​ပေါ်မှထ​ပြေးပြီး ​ရေချိုးခန်းထဲဝင်​သွားခဲ့သည်​။
Meanက​တော့ Planရှက်​​နေပုံကိုကြည့်​ရုံနဲ့တင်​ ခန့်​မှန်းမိ၍ ကြိတ်​ကာရယ်​​နေလိုက်​သည်​။
Mean--- က​လေး​လေးလိုပါပဲလားကွာ😊

Plan​ကော Mean​ကော မျက်​နှာသစ်​ပြီး မနက်​စာစား​နေချိန်​တွင်​....

Mean--- Plan ဒီ​နေ့ရုံးပိတ်​တယ်​မလား
Plan--- ဟုတ်​ ပိတ်​တယ်​​လေ
Mean--- ငါနက်​ တစ်​​နေရာကိုလိုက်​ခဲ့ပါလား
Plan--- ဘယ်​...ဘယ်​ကိုလဲသူ​ဋ္ဌေး
Mean--- "သွားရင်​သိမှာ​ပေါ့" ထိုင်​​နေရာမှထလိုက်​ပြီး "အာ... မင်းကို​ပြောရဦးမယ်​ ငါ့ကိုသူ​ဋ္ဌေးလို့ မ​ခေါ်နက်​​တော့
Plan--- ဘာ...ဘာလို့လဲသူ​ဋ္ဌေး
Mean--- သူစိမ်း​တွေမဟုတ်​​တော့လို့
Mean ​ပြောစကားကို Planနားမလည်​​၍ ​ခေါင်းကုပ်​၍သာကျန်​ခဲ့သည်​။ Meanက​တော့​ပြောပြီးထွက်​သွားခဲ့သည်​။

Follow Your Heart💙💚Where stories live. Discover now