စုတ်တံကိုကိုင်လျက် လှုပ်ရှားနေသော သူမ၏လက်များအား ခေတ္တခဏမျှရပ်တန့်လိုက်လေသည်။ ဆေးခြယ်ထားသော စာရွက်ပေါ်မှ အရောင်အသွေးများက လှပသပ်ရပ်နေသည်။ ကိုယ်တိုင်ဖန်တီးထားသော ပန်ချီကားကို ကြည့်လျက် နှစ်ခြိုက်စွာပြုံးကြည့်ပြီးနောက် လက်စသတ်ရန်ပြင်လိုက်လေ၏။ ထို့ကြောင့် ဆေးတို့ကပ်ပေနေသော စုတ်တံ၏ ထိပ်ဖျားကို သူမ၏ဘေးရှိခုံပေါ်၌တင်ထားသည့် ရေခွက်ထဲသို့နှစ်ကာ လှုပ်ခါလိုက်လေသည်။
ခဏမျှကြာသောအခါ သူမ၏ အခန်းငယ်လေးအတွင်းသို့ အဖွားဖြစ်သူကဝင်လာလေ၏။
" လီနာရေ နေလည်စာ စားလို့ရပြီနော် "
အဖွားက သူမကိုထိုသို့ပြောရင်း ဆွဲလက်စ ပန်းချီကားကိုတစ်ချက်စိုက်ကြည့်လာ၏။ လယ်ကွင်းအလယ်၌ ပြုံးကာရပ်နေသော အမျိုးသားတစ်ယောက်ပုံကို ရေးဆွဲထားခြင်းဖြစ်လေသည်။ ထိုအမျိုးသားက အခြားသူတော့မဟုတ်ပါ။ လီနာ၏ အဖိုးဖြစ်ပြီး ပန်းချီဆိုသော အနုပညာကို လီနာဆီအမွေပေးခဲ့သူတစ်ယောက်လည်းဖြစ်သည်။
" သမီးက သိပ်တော်တာပဲ လီနာရယ်....သမီးအဖိုးကတော့ သူ့မြေးအတွက် ဂုဏ်ယူနေမှာ "
အဖွားက ထိုသို့ပြောရင်း လီနာ၏ ပန်းချီဆွဲခန်းထဲမှထွက်သွားလေသည်။
" ခဏနေဆင်းလာခဲ့မယ်နော် "
အဖွားက တံခါးပြန်ပိတ်ပေးထားခဲ့သည်။ထို့ကြောင့် စိတ်နှစ်ကာ ပန်ချီဆွဲနေရင်း အဓိကအပိုင်းကို အဖိုးနှင့်မှဆွဲမည်ဟုတွေးမိကာ နေ့လည်စာစားရန်အောက်သို့ဆင်းလာခဲ့လိုက်သည်။
" သမီးကြိုက်တာတွေချက်ထားတယ်..."
ထိုင်ခုံသို့ဝင်ထိုင်ရင်း အဖွား၏မျက်နှာကအတော်လေးပျက်ယွင်းနေသည်ကို လီနာသတိထားမိသွား၏။အဖွားကတော့ ဆိတ်ငြိမ်လျက်ဘာတစ်ခုမှမပြောသေးချေ။ ထို့ကြောင့် လီနာမှအရင်စပြီးစကားပြောလိုက်သည်။
ESTÁS LEYENDO
Litwits Cafe
De Todo• အသိပေးချက်များ။ • Prompt များ။ • Writing Tips များ။ • Review များ။