Yours အမည်ရှိ ကုမ္ပဏီအဆောက်အဦး အထပ်ပေါင်း
များစွာအတွင်းမှ တစ်နေရာတွင် ဒေါသထွက်နေသည့်
လူတစ်ယောက် နှင့် ထိုလူအား တစ်ခွန်းမှ အတွန့်မတက်ရဲ
ဘဲ ခေါင်းငုံ့နေကြသည့် လူအချို့။ အကြောင်းမှာကား
ထိုသူသည် စည်းကမ်းကြီးသလောက် ဇီဇာကြောင်သည့်
မန်နေဂျာ Kim Tae Hyung ဖြစ်လေ၏ ။" ဘယ်သူက သူ့ကို Interview အောင်ပေးလိုက်တာလဲ!
ဟမ်.. ဖြေကြလေ ဘာကိစ္စ သူက အခုထိ
ရောက်မလာသေးတာလဲ! "ထိုအခန်းတွင်းရှိ လေထုကား
တိတ်ဆိတ်လျက် ။ အမေးသာရှိ၍ အဖြေကား ပြန်မလာသည့် အတွက် ပုံမှန်ထက် ဒေါသထွက်နေရခြင်း ။
အလုပ်ချိန်အား မလေးစားလျှင် မကြိုက်သည့် သူ။
သူ့လက်ထောက် လုပ်ရန် ခန့်ထားသည့် ဝန်ထမ်း
အသစ်က အလုပ်ချိန်ထက် နာရီဝက်ပင် ကျော်နေပြီ။
ရောက်မလာသေးပေ။ထိုကဲ့သို့ စည်းကမ်းမရှိသည့် ပုံစံနှင့် Tae Hyung
တစ်ယောက် နှစ်ပါးသွားရန် အကျပ်ရိုက်နေလေ၏ ။တကယ်တမ်း.. သူ့အတွက်
ဘာလက်ထောက်မှမလိုအပ်ပေ။ CEO Jung က
သူအလုပ်ပင်ပန်းမည်စိုး၍ ဆိုကာ အတင်းခန့်ပေးသော
ကြောင့်ပင်။
Tae Hyung ဘယ်လောက် ငြင်းဆန်ပါစေ..
နောက်ဆုံးတော့လည်း အောင့်သက်သက်နဲ့ သာ
လက်ခံလိုက်ရသည် ။သူနဲ့ ဘယ်သူမှ အဆင်မပြေတာကြောင့်
ငြင်းဆန်ခဲ့ခြင်း။ သူထင်ထားသည့်အတိုင်း စလာကတည်းက
အချိုးမပြေပေ ။
လေပူများကို မှုတ်ထုတ်လိုက်ရင်း
ထိုဝန်ထမ်းရောက်လာလျှင်... ရွတ်ပြရမည့်
စည်းကမ်းချက်များကို တွေးနေတော့သည် ။သိပ်မကြာလိုက်ပါဘဲ လေတချွန်ချွန်နှင့်
ကုမ္ပဏီပိုင်ရှင် ဒီဇိုင်းဖြင့် ရောက်ရှိလာသော ဝန်ထမ်းအသစ်
Jeon Jung kook ." ကျွန်တော် Jeon Jung kook ဖြစ်ပါတယ်
ကူညီစောင့်ရှောက်ပေးကြပါဦး "ခါးလေးကိုင်းကာ နှုတ်ဆက်နေသော Jung kook အား
ဆူမည်အလုပ် သူ့မျက်ဝန်းများနှင့် ဆုံလိုက်သော အချိန်တွင် Tae Hyung တစ်ယောက်
မှင်သက်သွားကာ ပြောစရာစကားများပင်
ထွက်မလာ။ ထို့အပြင် ရုတ်တရက် သူ့အား
မျက်စိမှိတ်ပြရင်း လျှာသပ်လိုက်သည့် Jung kook
ကြောင့် ကျောပါချမ်းသွားသည်...။
YOU ARE READING
Being His Psychopath
Mystery / ThrillerDo you hear someone calling you? 𝕨𝕒𝕣𝕟𝕚𝕟𝕘: 𝕋𝕙𝕚𝕤 𝕤𝕥𝕠𝕣𝕪 𝕞𝕒𝕪 𝕔𝕠𝕟𝕥𝕒𝕚𝕟 𝕤𝕠𝕞𝕖 𝕤𝕞𝕦𝕥𝕤 𝕒𝕟𝕕 𝕞𝕒𝕥𝕦𝕣𝕖.