Love U or Hate U

2.7K 346 30
                                    

" Jeon Jung kook ဘယ်လိုဖြစ်နေတာလဲ
လွှတ်စမ်း! ဟိုမှာ ငါ့အစ်ကိုကို သွားနှုတ်ဆက်မလို့! "

Tae Hyung အတင်း ရုန်းကန်ပြီး
အော်ဟစ်ထုရိုက်နေတာတောင်.. Jung kook က
ကားဆီကို အတင်းဆွဲခေါ်လာသည်။ တစ်ဖက်က
Yoongi ကတော့ ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့... လမ်းမပေါ်က ကားတွေကို ကြောင်အစွာကြည့်နေမိရင်း Tae Hyung တို့ကို
မျက်ခြေပြတ်သွားခဲ့ခြင်းသာ..။

" မင်းငါ့ကို ဘယ်လိုဆက်ဆံနေတာလဲ Jeon Jung kook အလုပ်ချိန် ပြင်ပမှာဆိုရင်တောင် ငါက
မင်းထက်ပိုကြီးတယ်နော် "

ကားပေါ်ရောက်တဲ့အထိ Jung kook ကို
ပြဿနာရှာနေဆဲပင်။ သူကတော့ ဘာမှပြန်မပြောတော့ဘဲ
Tae Hyung ပေါက်ပေါက်ဖောက် လို့ မောသွားမယ့်အချိန်ကိုသာ စောင့်နေလိုက်သည်။
တကယ်လည်း... Jung kook က သူ့ကို ဘာမှပြန်မပြောတာမို့ စိတ်တိုတိုနဲ့ ကျိတ်မှိတ်ပြီး မျက်လုံး မှိတ်ထားလိုက်ရာက Tae Hyung အိပ်ပျော်သွားခဲ့လေရဲ့။

အပြစ်ကင်းလွန်းစွာ အိပ်ပျော်နေသည့်
Tae Hyung ကို ကြည့်ရင်း သူသက်ပြင်းခပ်ယဲ့ယဲ့ချလိုက်မိသည်။ ဤသက်ရှိလူသား အရုပ်လေးကို အသာတကြည် ပိုင်ဆိုင်ရဖို့ သူဘယ်လိုကြိုးစားရပါ့မလဲ။ သူ့စိတ်အတိုင်းသာ
Tae Hyung ကို အပိုင်ရယူဖို့လုပ်လျှင် လွယ်သည်။
သို့ပေမယ့် Tae Hyung ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူ နဲ့ သူ့အချစ်ကို လက်ခံတာမျိုးပဲ လိုချင်သည်။ ပြီးမှ... သူ့ရဲ့ ပုံစံအမှန်ကို Tae Hyung
ကို ပြောပြဖို့ စဉ်းစားရလိမ့်မည်။

" ခင်ဗျားလေးကို ပိုင်ဆိုင်ခွင့်ရဖို့ ဘာလို့ဒီလောက်
ခက်ခဲနေခဲ့ရတာလဲ "

Tae Hyung မသိအောင် ခိုးနမ်းရသည်မှာတော့
သူ့လို လူတစ်ယောက်အတွက် ခက်ခဲလွန်းသည်ထက်
ပိုနေတော့သည်...။

ဒီထက် အရေးကြီးဆုံးကတော့ စုံထောက်ပေါက်စကို ရှင်းထုတ်နိုင်မယ့် နည်းလမ်းပါပဲ...။
မဟုတ်ရင် တဖြေးဖြေးနဲ့ သူ့ပုံစံအမှန်ကို ဖော်ထုတ်လိုက်လျှင် ပြဿနာတစ်ခုခုတော့ အကြီးအကျယ် တက်လိမ့်မည်။ ပြီးတော့.. Tae Hyung ရဲ့
ကြောက်ရွံ့မှုတွေ လွှမ်းမိုးနေတဲ့ မျက်ဝန်းတစ်စုံကိုလည်း
ရင်ဆိုင်ရပေလိမ့်မည်...။

Being His Psychopath Where stories live. Discover now