စနေနေ့ ရုံးပိတ်ရက် တစ်ရက်လုံး တိုက်ခန်းထဲမှာပဲ
စားလိုက် အိပ်လိုက်နှင့် အချိန်ဖြုန်းပြီးနောက်
ရေခဲသေတ္တာကို ဖြည့်ရန် ကုန်တိုက်သို့ ထွက်လာခဲ့၏ ။
ဒါဟာ Tae Hyung ၏
ဖြတ်သန်းနေကြ ပုံစံပင်။ နှစ်ပတ်တစ်ခါလောက်တော့
သူ့အမေဆီ သွားလေ့ရှိသည်..။
ကိုမာဖြစ်နေသော.. သူ့အမေအား special nurse
နှင့် ထားထားတာကြောင့် စိတ်ပူစရာ မလိုသော်ငြား
ပိုက်ဆံကတော့ အတော်ကုန်ပါ၏..။သူကတော့ တစ်ကိုယ်တည်း နေသူမို့
အကုန်အကျသိပ်မရှိသလို ... ချွေတာသူဖြစ်တော့
ဝင်ငွေနှင့် ထွက်ငွေမျှပါ၏။ တစ်ခါတစ်ရံ
CEO Jung က ဆေးရုံစာရိတ်ရှင်းသွားတတ်တာကြောင့်
အားနာနေရစမြဲ။ ထိုလမျိုးတွင်တော့
သူမိဘမဲ့ဂေဟာများသို့ သွားလှူလေ့ရှိသည်။
သူသည်လည်း ထိုနေရာမျိုးမှ ကြီးပြင်းလာသူမို့
မိဘမဲ့ကလေးများကို စာနာခြင်းပင်..။ထို့ပြင် ကလေးမြင်ရင် မချီရမနေနိုင်လောက်အောင်
ကလေးချစ်သည့် Kim Tae Hyung ဖြစ်သည်။
လူအများအရှေ့တွင်သာ
ခပ်တည်တည်နေပေမယ့်.. တစ်ယောက်ထဲရှိနေလျှင်တော့
ကလေးတစ်ယောက်လို သိပ်ချစ်ဖို့ကောင်းလှသည်..။
ပိန်ပိန်ပါးပါး ခန္ဓာကိုယ်မှာလည်း
တစ်မျိုးဆွဲဆောင်မှုရှိနေသေးတာကြောင့်
လူအများ မျက်စိကျချင်ဖွယ် ကောင်းသည် မဟုတ်လား။ထိုအထဲတွင် Psychopath တစ်ယောက်ပါ
ပါဝင်နေခဲ့တာတော့..
သူ့အတွက် ကံကောင်းခြင်းလား.. သို့မဟုတ်
ကံဆိုးခြင်းပေလား။" အော် Annyeong Honey "
Tae Hyung တစ်ယောက် အသီးတန်းတွင်
အလုပ်ရှုပ်နေတုန်း
နှုတ်ဆက်သံကြောင့် လှည့်ကြည့်မိတော့ နှစ်ယောက်မရှိ
သည့် သူ့လက်ထောက် Jeon Jung kook
ပါပင်။ မျက်စောင်းတစ်ချက် ဒိုင်းခနဲ ပစ်လိုက်ရင်း
ဂရုမစိုက်သလို.. အသီးကိုသာ ဆက်ရွေးနေလေ၏..။" aigoo သစ်တော်သီး လေး
မဟုတ်သေးပါဘူး သစ်တော်သီးထက် မက်မွန်သီး က
ပိုစားကောင်းမယ်နော် Honey "Tae Hyung သူ့ တင်ပါးလုံးလုံးအား
ပစ်မှား၍ ပြောနေခြင်းကို မရိပ်မိဘဲ သူ့အာရုံနှင့်သူ
အသီးကို ကုန်းရုန်းရွေးနေလေတော့
အနောက်က Jung kook ကတော့
နှုတ်ခမ်းကို လျှာတသပ်သပ်နှင့်...။
ကိုယ့်အန္တာရယ်ကိုယ် မသိရှာသော ကျားပေါက်လေးပါတကား။
YOU ARE READING
Being His Psychopath
Mystery / ThrillerDo you hear someone calling you? 𝕨𝕒𝕣𝕟𝕚𝕟𝕘: 𝕋𝕙𝕚𝕤 𝕤𝕥𝕠𝕣𝕪 𝕞𝕒𝕪 𝕔𝕠𝕟𝕥𝕒𝕚𝕟 𝕤𝕠𝕞𝕖 𝕤𝕞𝕦𝕥𝕤 𝕒𝕟𝕕 𝕞𝕒𝕥𝕦𝕣𝕖.