Mysterious

3.1K 458 60
                                    


အမှောင်ထုအပြည့် ဖုံးလွှမ်းနေသော အခန်းငယ်
တစ်ခု။ ထိုအမှောင်ထုထဲမှ
ရှိုက်သံခပ်တိုးတိုးအား.. သေချာနားထောင် ကြည့်လျှင်
ကြားရနိုင်ကောင်းသည်။ ကြောက်ရွံ့ခြင်း၊
ရက်စက်ခြင်း၊ ဆာလောင်ခြင်း စသော အငွေ့အသက်များ
ကြီးစိုးနေသည့်
ထိုနေရာ ။ တစ်နည်း လာလမ်းသာရှိ၍ အပြန်လမ်းမရှိသည့်
နေရာတစ်ခု...။ သွေးညှီနံ့များကလည်း
အော်ဂလီဆန်ချင်စရာ ကောင်းလောက်အောင် မွှန်ထူနေပါ၏။
သို့သော်.. ထိုအရာများနှင့် အကျွမ်းတဝင်
ဖြစ်နေသော လူတစ်ယောက်အတွက်ကား စာမဖွဲ့လောက်ပါချေ။..။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင်
ထိုနေရာသို့ ရောက်သွားမည့်လူက သင်ဖြစ်ခဲ့သည်ရှိသော်
ငိုယိုကာ အသက်ချမ်းသာပေးရန် တောင်းဆိုနေမည်လား။
ဘယ်လောက်ပဲ...
တောင်းပန်ပါစေ ထိုနေရာမှ လွတ်မြောက်မည့်နေ့ကား
သင်၏ ငရဲနှင့် မိတ်ဆက်ရမည့်နေ့ပင် ဖြစ်လေ၏ ။
ထို့ကြောင့် သင်၏ သေမင်းနှင့်
မပတ်သက်မိအောင် ရှောင်ရန်က အရေးကြီးဆုံး အရာတည်း။

အမှောင်ထုထဲသို့ ချည်းနှင်းဝင်ရောက်လာသည့်
အလင်းရောင် ခပ်စူးစူးနှင့်အတူ
ဖွင့်ဟသွားသည့် တံခါးကြောင့် ခုံပေါ်တွင်
သံကြိုးများနှင့် ချည်နှောင်ခံထားရသော မိန်းကလေးတစ်ယောက်သည်ကား ရှိုက်သံအချို့
တိတ်ဆိတ်သွားပြီးနောက် လှုပ်လှုပ်ရှားရှား ဖြစ်လာ၏ ။
သို့သော် အချိန်ပိုင်းအတွင်းမှာပင်
ချည်နှောင်ထားသည့် ကြိုးများမှ အတင်းရုန်းကန်လာပြီး
စူးစူးဝါးဝါး အော်ဟစ်နေသော်ငြား
တကယ်တမ်းတော့... တအုအု အသံသာ ထွက်ဆဲ..။

အကြောင်းမှာကား
ထိုတံခါးမှ ဝင်လာသောသူ.. သူမ၏ သေမင်း
သို့မဟုတ်.. Bunny Mask နှင့် လူတစ်ယောက်
ကြောင့်သာ။

ချစ်စဖွယ်ကောင်းရမည့် ယုန်ရုပ်ကလေးအစား
ခြောက်ခြားဖွယ်ကောင်းလှသည့်.. ယုန်မျက်နှာပုံစံက
နေရာယူလျက်။
လမ်းတစ်လျှောက် သူဆွဲလာခဲ့သည့် ပုဆိန်မှာလည်း
တကျစ်ကျစ်မြည်ကာ.. သွေးဆာနေသည့်အလား။
သေချာတာတော့ သူ့သခင် ဒီည သူ့ဆာလောင်မှုအား
ဖြည့်ဆည်းပေးတော့မည်။

ထိုလူ၏ လက်ထဲမှ ပုဆိန်ဟာ
တဖြေးဖြေး လေပေါ်မြှောက်တက်လာရင်း သူမဆီသို့
အားဖြင့် သက်ရောက်သွားတော့မည့်ဆဲဆဲတွင် ထိုလူထံမှ
ခြောက်ကပ်ကပ်ရယ်သံနှင့်အတူ.. ရပ်တန့်သွားလေ၏ ။

Being His Psychopath Where stories live. Discover now