ဆေးလိပ်ငွေ့အချို့ဟာ VIP အခန်းအတွင်း ပျံ့နှံ့သွားသည်။
ထိုအခန်းအတွင်းရှိ လူနှစ်ယောက်မှာတော့ အတန်ကြာ
တိတ်ဆိတ်နေပြီး.. အကြည့်ချင်း တိုက်ခိုက်နေကြသလို။
ခဏအကြာမှာတော့ စားပွဲထိုးသုံးယောက်ခန့် ရောက်ရှိလာပြီး
အငွေ့တထောင်းထောင်းထနေသော စားသောက်ဖွယ်ရာများ
လာချသွားသည်..။ သို့ရာတွင် နှစ်ယောက်လုံး အစားအသောက်များတွင် အာရုံမထားကြပါချေ။" သခင် Jeon က တကူးတက ဖိတ်တယ်ဆိုတော့
သာမန်ကိစ္စတော့မဟုတ်လောက်ဘူးထင်တယ် "ထိုလူရဲ့ စကားကို သဘောကျစွာ Jung kook
ပြုံးလိုက်သည်။ ထိုလူက ဆေးလိပ်မီးကို ငြိမ်းသတ်လိုက်ရင်း
Jung kook ၏ မျက်ဝန်းများကို စူးစိုက်ကြည့်လိုက်သည့်
အခိုက်.. သူ့မျက်ဝန်းများမှာလည်း အပြာရောင်သန်းသွားသလို Jung kook ကတော့
အနီရောင် စူးစူး မျက်ဝန်းတွေအဖြစ် ပြောင်းလဲသွား၏။" Jung Hoseok ssi သိပ်ပြီး ထူးထူးခြားခြားတွေ
လုပ်ပြမနေပါနဲ့တော့လား ခင်ဗျားရဲ့ ပုံစံအစစ်ကို
မမြင်ရတာကြာပြီမို့လို့ ပြချင်နေတာလား?? "" အရင်ကလို စိတ်ဆတ်နေတုန်းပဲကိုး hk
ပြောပါဦး သခင် Jeon ကိုယ်တိုင်က အကူအညီတောင်းရ
လောက်တဲ့အထိ ကိစ္စကြီးရှိနေပြီလား "" ကိစ္စကြီးရယ်လို့မဟုတ်ပါဘူး... ဒီတိုင်း ကြောင်လေးတစ်ကောင်ကို မသတ်ရက်လို့ ခင်ဗျားကို မွေးစေချင်တာ "
Jung kook ရဲ့ အကြည့်တွေမှာ လူသတ်လိုစိတ်တွေ
ပြင်းပြနေပေမယ့် ထိန်းချုပ်ပြီး သူ့ဆီအကူအညီတောင်းရ
လောက်တဲ့အထိ.. ဖြစ်သွားတာကို Hoseok တကယ်
နားမလည် ။ ကြည့်ရတာ နှစ်ယောက်မရှိတဲ့
Jung kook တောင် အချစ်နဲ့ထိတွေ့နေပြီထင်သည်။" အကျိုးအမြတ်က??? "
" Pack ခေါင်းဆောင်နေရာက ခင်ဗျားအတွက် ဖြစ်လာစေရမယ် "
" Okay.. deal "
*****
အမှောင်ထုကြီးထဲတွင် အခိုးအငွေ့တို့က အသက်ရှူကြပ်စေလျက်။ Tae Hyung အမြင် အာရုံတွေဟာလည်း.. မြင်နိုင်စွမ်းမရှိပေ။ သူ့ခြေလက်များဟာ
တစ်ဖက်စီ ချည်နှောင်ထားခြင်းခံရသည်...။
ရုန်းကန်နေပါသော်လည်း ကြိုးများသာ ပိုတင်းကြပ်လာရသည်။
သူတကယ်ပဲ ဘယ်ကိုရောက်နေခဲ့တာလဲ..???
YOU ARE READING
Being His Psychopath
Mystery / ThrillerDo you hear someone calling you? 𝕨𝕒𝕣𝕟𝕚𝕟𝕘: 𝕋𝕙𝕚𝕤 𝕤𝕥𝕠𝕣𝕪 𝕞𝕒𝕪 𝕔𝕠𝕟𝕥𝕒𝕚𝕟 𝕤𝕠𝕞𝕖 𝕤𝕞𝕦𝕥𝕤 𝕒𝕟𝕕 𝕞𝕒𝕥𝕦𝕣𝕖.