ရင်ခုန်

3.1K 161 13
                                    

ဟိုနေ့ကအိမ်ကအငယ်ကောင်
ပြသနာရှာပုံပြောပြဦးမယ်
ကြောင်စရာရှားလို့် ဘဲရှိတဲ့ကောင်မလေးသွားကြောင်
တယ် messenger မှာ ဟိုကောင်မလေးကဘဲရှိပါတယ်
ပြောလဲမရဘူး သူ့ကိုဖြတ် ဘာညာပေါ့ နောက်နေ့
အဲ့ဒီ့ကောင်လေးကသူ့စော်အကောင့်ယူသုံးတော့
အိမ်ကညီလေးနဲ့ငြိတာပေါ့ ဟိုကောင်ကလည်းသူ့စော်
မထိနဲ့ပြောတယ် ညီလေးကလည်းရည်းစားလင်မယား
မဟုတ်ဘူး ငါကြိုက်ရင်ငါလိုက်မယ်ပြော သတ္တိရှိရင်ချိန်းထိုး
ကြမယ်အထိဖြစ်ကုန်ရော နောက်နေ့ညီလေးမရှိတော့
သူ့ရဲ့ဖုန်းလာတယ် ဖုန်းထားပီးထွက်သွားတော့ကိုင်မယ့်
သူဆိုလို့ကိုယ်ပဲရှိတာ ဖုန်းကလည်းမလာမချင်းခေါ်နေတော့
ကိုင်လိုက်တယ် ဟိုဘက်က ဟေ့ယောင်မင်းက ..မို့လားဆိုပီး
ညီလေးနာမည်ပြောတော့လန့်သွားတယ် အဲ့ကတည်းကထင်
လိုက်တယ် သူပြသနာရှာတဲ့ကောင်ဆိုတာ ကိုယ်ကလည်း
လန့်သွားတော့ ဘယ်သူလဲမသိဘူးခုကိုင်နေတာသူ့အကိုပါ
လို့ကြောက်ကြောက်လန့်လန့်နဲ့ဖြေရတာ 🤕😰 သူ့အကိုပါ
လို့ပြောတော့ ဟိုဘက်က အော် အစ်ကို့ညီကကျွန်တော့်
ကောင်မလေးကိုဘယ်လိုဘာညာဆိုပီးတိုင်ပါလေရော
ကျွန်တော်ကလည်း ဟုတ်ပဲပြမ်ပြောနိုင်တယ် ဘယ်သူမှန်း
မသိလန့်ကလည်းလန့်ကြောက်လည်းကြောက်နေတာကို
ပီးတော့ အစ်ကိုဖုန်းနံပါတ်ပေးထားပါတဲ့ ဘာမှမတွေးဘူး
ကြောက်လို့တစ်ခါတည်းတန်းပေးပစ်ထာ😑 နောက်ည
ဖုန်းဆက်တော့သူ့နံပါတ်မြင်ပီးလန့်နေတာ ဖုန်းကိုင်လိုက်
တော့ အစ်ကိုစားပီးပီလားတဲ့ ကြောင်သွားတယ် 🤒
ုဟုတ်ပီးပီခုနကလေးတင်လို့ပဲ အသံတုန်စွာပြန်ဖြေလိုက်မိ
သူကတော့ပြောတယ် ကျွန်တော့်ကိုမကြောက်ပါနဲ့တဲ့အစ်ကို့
ကိုကိုက်မစားပါဘူးတဲ့ အင်း ဘာလို့ကြောက်ရမှာလဲပေါ့
သတ္တိရှိစွာပြန်ဖြေလိုက်တော့ လှောင်သလိုလိုနဲ့ရယ်ပါလေ
ရော သူညီလေးအကြောင်းဘာပြောမလဲ စောင့်နေတာပေါ့
သူကပြောလိုက်တဲ့စကား အသက်တွေရော အတန်းတွေရောစုံစိအောင်မေး ဖေ့ဘုတ်အကောင့်ပါအစစ်တောင်းသွား
သေးတယ် ညရောက်တော့လာအပ်တယ် သူကိုမမြင်ဘူး
ပေမဲ့ညီလေးပြောတဲ့နာမည်ကြားဖူးတော့သူအကောင့်မှန်း
သိလိုက်ရတယ် လူကောင်ကလည်းထွားတယ် ဆယ်တန်း
ပီးခါစနဲ့တောင်မတူဘူး သူ့ကောင်မလေးကလည်းချော
တယ် သူကလည်းတော်တော်ကြည့်ကောင်းတယ်
အသားဖြူဖြူဒေါင့်ကောင်းကောင်း အကောင့်လက်ခံလိုက်
တော့စကားလာပြောတော့တာပဲ ဒီငကြောက်ကဘာတွေ
တိုင်ပီး ငါ့မကျေနပ်လို့လာဆဲတော့မှာလားမသိဘူးလို့
လန့်နေတုန်းပဲ ပီးတော့မှသူရေးတဲ့စာက စကားပြောပုံလေး
ကရော ရုပ်လေးကရောကလေးလေးကျနေတာပဲတဲ့
ကိုယ်ကလည်းအမြှောက်ကြိုက်တော့ ဝမ်းသာပီတိတွေ
ဖြာပီး နောက်နေ့မှမုန့်လိုက်ကျွေးမယ်လို့ပြောမိတာ
သူကတကယ်နော်ဆိုပီး မနက်ဖြန်ဘယ်ကိုဘယ်အချိန်လာ
ဆိုပီးချိန်းပါလေရော ကိုယ့်ကိုလိမ်ညာခေါ်ပီးအပြင်မှာ
ညီကိုမကျေနပ်လို့ဘာလုပ်မယ်ဆိုတဲ့ငကြောင်တွေးက
ဝင်လာပြန်ရော ပီးတော့မှ လူတွေရှိတာပဲမဟုတ်တာ
လုပ်လည်းအော်လို့ရတယ်ဆိုပီး ကြောက်ကြောက်နဲ့သွားတာ
ညီလေးတောင်မခေါ်ခဲ့ဘူ ဆိုင်ကိုတောင်ကိုယ်ကအရင်ရောက်နေတာ အိပ်ထဲမှာလည်းခဲတံချွန်တဲ့ဓားလေးဆောင်ခဲ့တာ
ပီးတော့သူလာတယ် သူ့စော်ခေါ်ခဲ့မယ်ထင်တာ သူ့စော်
လည်းပါမလာဘူး တော်သေးတယ် သူ့စော်ပါလာရင်စား
သမျှဟာရှင်းရတော့မှာ ပိုက်ဆံကသိပ်မပါတော့ သူကအပြင်
မှာအထဲကထက်ကြည့်ကောင်းသေး အသားညိုညိုနဲ့လုံးဝ
မိုက်တယ် ပိုက်ဆံလည်းရှိမယ့်ပုံပဲ ကျွန်တော့်ကိုမြင်တော့
သူကဆိုင်ထဲဝင်လာတယ် ချက်ခြင်းမထိုင်ဘူး ကျွန်တော့်
ခေါင်းကဆံပင်လေးကိုဆွဲဖွပီးပွတ်ပီးမှထိုင်တာ ပီးတော့
ကျွန်တော့်ကိုလည်းကြည့်နေရော ရှက်လွန်းလို့ဝတ်လာတဲ့မျက်မှန်ကိုပဲခေါင်းငုံ့ပီးစိုက်ကြည့်နေတာ သူကပဲမုန့်တွေ
မှာတယ် ပန်ကန်ထဲကကြက်သားတွေဆိုသူကိုယ်တိုင်နွှာ
ပေးတာ စာလည်းပီးရော စကားမပြောရဲတဲ့ကျွန်တော်က
သူ့ကိုလည်းမကြည့် ပိုက်ဆံရှင်း ပြန်တော့မယ်နော်ဆိုပီး
ဆိုင်ပြင်ထွက်လာတယ် သူကအပြေးလေးလိုက်လာတယ်
အစ်ကို့ညီကိုပြောလိုက်ဦး ကျွန်တော့်ကောင်မလေးနဲ့
ပြတ်သွားပီ ကြိုက်ရင်လိုက်တဲ့ သူပြောတော့ ကြောင်
တောင်တောင်ဖြစ်သွားတာပေါ့ အင်းဆိုပီ သူ့နှုတ်ဆက်
ပြန်လာတာပေါ့ အိမ်ရောက်တော့ညီလေးကပျော်နေတယ်
ကိုယ့်ကိုလည်းပြောတယ် သူဟိုကောင်မလေးနဲ့ချစ်သူဖြစ်
သွားပီးတဲ့ ကျွန်တော်ပြုံးလိုက်တယ် တစ်ချို့တစ်ချို့သော
မိန်းကလေးတွေများ
အရမ်းပေါတာပဲ ဒီနေ့တစ်ယောက်နဲ့ပြတ်တယ်နောက်နေ့
နောက်တစ်ယောက်နဲ့တွဲတယ် အဆင်ကိုပြေနေရော
သူတို့မှာချစ်ဖို့နှလုံးသားကြီးကြီးပါလာတယ်ထင်ပါရဲ့
အဲ့တာကြောင့်လည်းရှနေကြတာ စိတ်ထဲကတွေးမိခြင်းသာ

_အဖြူရောင်နယ်မြေ_ ( Short Story Collection )Where stories live. Discover now