April 10က ကိုကိုနဲ့ ကျွန်တော်ရဲ့ 1year anniversary
Date လေးပေါ့ ချစ်သူဖြစ်တာ 1yearဆိုပေမဲ့ကိုကိုနဲ့က
ငယ်ငယ်လေးကတည်းမိဘချင်းကလည်းသိအိမ်နီးနား
ချင်းလည်းဖြစ်တော့သံယောဇဉ်ကြိုးကကျွန်တော်တို့
နှစ်ယောက်ကြားပြတ်ဖို့မဖြစ်အောင်ခိုင်မာခဲ့ပီးသား
ကျွန်တော်ကလည်း ကိုကို့ကိုအရမ်းချစ်သလို ကိုကိုက
လည်းကျွန်တော့်ကိုအရမ်းချစ်တယ် ချစ်သူဖြစ်အောင်
ရည်းစားစကားပြောတာကတော့ကျွန်တော်ပေါ့ ရည်းစားဖြစ်ပုံကဒီလို ကျွန်တော် ၁၀တန်းနှစ်ပေါ့ အိမ်က
ညပိုင်းစာကျက်ဖို့ကိုတစ်သီးတစ်သန့် ဂိုက်မခေါ်ပဲ
၃ ဘာသာဂုဏ်ထူးထွက်တဲ့ကိုကို့ကိုပဲ ဂိုက်ပြခိုင်းတယ်
ကိုကို့ကိုချစ်နေတဲ့ကျွန်တော်က အထူတလည်မငြင်း
ခဲ့ဘူးပေါ့ နေ့တိုင်း ညရောက်ဖို့ပဲဆုတောင်းခဲ့ဘူးတဲ့
ပျော်ရွှင်ရင်ခုန်စရာ 10တန်းနှစ်လေး စာကျက်ရင်း
ကိုကို့ရဲ့ မျက်နှာလေးကိုကြည့်နေရတဲ့အချိန်လေးတွေ
ပေါ့ ကိုကိုကသူကြည့်ရင်စိတ်ထဲကသိတယ်ထင်ပါရဲ့
သူတခြားစာလုပ်နေရင်လဲ ကလေးကိုယ့်စာကိုကျက်
လေဆိုပီး လူကိုမကြည့်ပဲပြောတာ သူပြောလည်းခဏပါ
ပဲ ပီးရင် ကြည့်တာပဲ နောက်ဆုံး ကိုကိုက စာတစ်ပုဒ်ရ
ရင် မျက်လုံးချင်း 5မိနစ်ကြည့်ခွင့်ရမယ်လို့ အမိန့်ထုတ်
လိုက်ပါလေရော ဘဝမှာစာတစ်ပုဒ်ကို 15မိနစ်လောက်
နဲ့အရကျက်ပစ်တဲ့အချိန်တွေ ကျက်ဆို သူ့ကိုကြည့်ချင်
တာကို ဘယ်တက်နိုင်မလဲစိတ်မပါလဲရအောင်ခဏ
လေးကျက်ပစ်တာ ကိုကိုကစာကြိုးစားတယ် ကျွန်တော့်
ကိုဂိုက်လုပ်ပေးရင်းတခြားစာတွေကိုလုပ်သေးတာ
ကိုကိုနဲ့5မိနစ်ကြည့်ခွင့်ရတဲ့အချိန်တွေဆို ရင်ထဲကမ္ဘာ
ပျက်မတက်ပဲ တစ်ခါကိုကိုက သူ့ကျောင်းကကောင်မလေးသူငယ်ချင်းတွေ သူ့အိမ်ခေါ်တော့ ကျွန်တော်နဲ့ဆုံပါလေရော စကားတွေပြောလိုက်ရယ်လိုက်နဲ့ကျွန်
တော့်ကိုအဖက်မလုပ်ဘူးလေ အဲ့တာနဲ့သူ့ကိုစိတ်ဆိုးပီး
အန်တီကိုပဲနှုတ်ဆက်ပြန်ခဲ့တာ ညဘက် ဂိုက်လာပြတဲ့
အချိန်ကိုကို့ကိုစကားမပြောခဲ့ဘူး အဲ့ဒီည စာတစ်ပုဒ်အကြာကြီးပဲကျက်တာ ကိုကိုကစိတ်ဆိုးနေတာသိတယ်ထင်ပါရဲ့ မမေးပဲနဲ့သူငယ်ချင်းတွေပါလို့ဖြေလေရဲ့
သူအဲ့လိုပြောတော့ စိတ်ထဲကကျေနပ်ပေမယ့် မျက်နှာ
ကကောက်ပြတုန်း သူကဆက်ပြောတယ် သူငယ်ချင်း
တွေအိမ်လိုက်လည်ချင်လို့ခေါ်ခဲ့တာပါတဲ့ ပိုပိုကျေနပ်
ပေမဲ့ စာကျက်မပျက် သူ့မကြည့်ဘူး ကဲကဲ ကိုကိုကခုည
ကလေးကို တစ်ပုဒ်ရရင်15မိနစ်ကြည့်ခွင့်ပေးမယ်လို့
ထပ်ပြောလိုက်တော့ တကယ်နော်ဂတိနော်ဆိုပီး လက်ညှိုးထိုးပီးပြောလိုက်တော့ ကိုကိုကလှောင်သလိုနဲ့
ပြုံးတာပေါ့ ပီးတော့ အင်းဂတိတဲ့ အဲ့ဒီညကတော့ ကြည့်
နေရင်းကြည့်နေရင်း ကိုကိုဟာကျွန်တော့် ဘဝအတွက် မရှိမဖြစ်လူသားတစ်ယောက် ဆိုတာသိခွင့်ရခဲ့တယ်
၁၀တန်းတွေဖြေခါနီးအလိုပေါ့ စာတွေကလည်းကျက်
မရဘူး ကိုကိုကိုလည်းကြည့်ချင် စိတ်တွေညစ်နေတုန်း
အကြံတစ်ခုပေါ်လာတယ် ချက်ချင်းကိုကို့အနားကိုပြေး
သွားတော့ ကိုကိုက လန့်သွားတာပေါ့ မျက်မှန်ကိုအပေါ်ပင့်တင်ပီး ကျွန်တော့်ကိုဘာလဲကလေးလို့မေးပါလေရော ကိုကိုကို့ကိုကျွန်တော်ချစ်တယ် ပြန်ချစ်ပေးပါ
ပြန်ချစ်မပေးရင်ထမင်းလည်းမစားဘူး ၁၀တန်းမဖြေဘူး
လို့ပြောလိုက်တော့ သူ့ခများ ဟမ်ဆိုပီကြောင်သွားပါ
လေရော ပီးတော့မှ အင်းပီးရောလေ ၁၀ တန်းဖြေပီး
ကိုကိုသေသေချာချာပြောမယ် မဖြေခင်ကနေဖြေပီး
တဲ့အချိန်ထိ စာကြိုးစားရမယ် ၅ မိနစ်လည်းကြည့်
ခွင့်မရဘူးပြောတော့ လက်ခံလိုက်တယ် သည်ခံရင်း
သည်းခံရင်းစာထဲကိုစိတ်နှစ်လိုက်တယ် ၁၀တန်းကိုကောင်းကောင်းဖြေနိုင်ခဲ့တယ် ဖြေပီးချင်း ကိုကိုကတစ်လနီးပါးပျောက်နေခဲ့တယ် April 10ရက်နေ့မှာ ပန်းစည်းတစ်ခုရယ် လက်စွပ်ဘူးရယ်ကိုင်ပီးအိမ်ရှေ့ရောက်
လာခဲ့တယ် လွမ်းကလည်းလွမ်းနေတော့ ဘာမှမစဉ်း
စားပဲ ပြေးဖက်လိုက်တာ မျက်ရည်တွေကကျလို့ပေါ့
ကိုကိုက ဘာလို့ငိုတာလဲကလေး ကလေးကိုချစ်ခွင့်
ပန်ဖို့ကိုယ်လာတာလေ ဝမ်းမသာဘူးလားပြောတော့
ကျွန်တော်ပျော်လိုက်တာဆိုတာလေ ပီးတော့ကိုကိုက
အရမ်းချစ်တယ်ကလေးပိုချစ်ရတဲ့သူကကိုယ်ပဲဖြစ်ပါစေ
ဆိုပီး လက်စွပ်လေးဝတ်ပေးခဲ့တယ် အဲ့နေ့ကစဘယ်
သွားသွားအတူတူကိုကို့ကျောင်းလည်းလိုက်သွားတယ်
ကစာကွင်းတွေလည်းလိုက်ပို့ခဲ့တာပေါ့ ဒီနေ့လည်း
ကိုကိုနဲ့အတူရုပ်ရှင်ကြည့်ဖို့ချိန်းထားတာ Anniversary
ဆိုတော့ဘယ်လိုsurprise တွေလာမလဲ ပီးတော့ ကိုကို့
ကို ချိန်ထားတဲ့နေရာမရောက်သေးဘူးလို့လိမ်ပြောထား
တာကယ်တော့ရောက်နေတာအစောကြီးကတည်းက..