ကျောင်းတုန်းက ရန်ဖြစ်ဖော်ဖြစ်ဖက် အကိုကြီးတစ်
ယောက်ရှိခဲ့ဖူးတယ် အဲ့ဒီ့အကိုကြီးနဲ့ကလည်း အဲ့ဒီ့
ကျောင်းစပြောင်းမှသိတာ ခင်လည်းမခင်ဘူး
ပုံမှန်သူတွေထက်ပုနေတဲ့ကျွန်တော့်ကို ဂျပုလို့
ခေါ်ပီးရန်စလို့ စစဆုံးကျောင်းတက်တဲ့နေ့ဘဲ
သူ့မျက်နှာကိုထိုးလိုက်တယ် အဲ့ဒီ့နေ့ကစပီး ကျွန်တော်ကလည်းစတာမကြိုက်သူကလည်းစနဲ့ လုံးဝကိုရန်
ဘက်တွေဖြစ်သွားခဲ့တာ ဘယ်လောက်ထိုးထိုးလဲမမှတ်
သူ့ကြည့်တော့ကိုယ့်ထက်အရပ်ရှည်လူကောင်ထွားပါ
ပေနဲ့ ကျွန်တော်ထိုးလိုက်ရင်လုံးဝပြန်မထိုးရဲဘူး
ရန်ဖြစ်ချင်လို့လာစပီး ဒီကထိုးတော့ပြန်မထိုးရဲ အဲ့ဒါ
လည်းထက်စနေတုန်းပဲ သူ့ကိုမသိပေမဲ့သူကကိုယ့်
နာမည်ကအစသိနေတယ် အခန်းချင်းကလည်းနီးတော့
တစ်နေ့တစ်ခါကျက်သရေမရှိတဲ့မျက်ခွက်ကိုမြင်နေရတာပေါ့ ဒါပေမဲ့ အတန်းခေါင်းဆောင်တွေဖြစ်ကြလို့
တစ်ခါတစ်လေ ကျောင်းအတွက်အစည်းအဝေးထိုင်ရင်
တော့စကားပြောရတယ် အဲ့ဒီ့အချိန်တော့သူစကား
အကောင်းပြောတယ် အဲ့ဒီ့တစ်ချိန်ပါပဲ ကျန်တဲ့အချိန်က
တော့ရန်ဖြစ်တာကများနေတယ် ဒီကောင်မစဖို့ကျွန်
တော်ဘယ်လိုလုပ်ရမလဲ ကျွန်တော့်သူငယ်ချင်းကိုတိုင်ပင်လိုက်တယ် သူငယ်ချင်းကပြောတယ် သူတို့
အတန်းကခပ်ချေချောစာတော်တဲ့အမကိုပြိုင်လိုက်တဲ့
မင်းရသွားရင်မခေါ်ခိုင်းနဲ့ သူရသွားရင်ဆက်ခေါ်အခေါ်ခံမယ်လို့ပြောလိုက်တဲ့ ငါရမှာသေချာပါ့မလားမေးတော့
သူကငါကူညီမယ်ပြောလို့ သူပြောတဲ့အကြံအတိုင်းအဲ့ဒီ့
ကောင်ကိုသွားပြောလိုက်တယ် သူကသဘောတူတယ်ဆိုပီးပြောလိုက်တော့ ကျွန်တော်တို့အကြံစည်အောင်မြင်သွားတာပေါ့ နောက်နေ့ကစသူရောကျွန်တော်ရော
အဲ့ဒီ့ကောင်မလေးကိုလိုက်တယ် ဒါပေမဲ့အဲ့ဒီ့ကောင်မလေးကသူ့ကိုသိသိသာသာမျက်နှာသာပေးတယ်
ကျွန်တော့်ကိုတော့ဂျူနီယာတစ်ယောက်လိုပုံမှန်ပဲ
နောက်နေ့ ထိုအမနောက်ကို စကားလိုက်ပြောမလို့ပြေးလိုက်တော့အားလွန်းပီးသူ့ခြေထောက်ကစီးထားတဲ့
ဖိနပ်ကိုတက်နင်းမိတော့ သူ့ဖိနပ်ပြတ်သွားတယ် ကျွန်
တော့်ကို သူစိတ်ဆိုးပီး ပါးကိုရိုက်လိုက်တယ် ပီးတော့
ကျွန်တော့်ကိုသူ့နောက်ဆက်မလိုက်နဲ့တဲ့ လိုက်ရင်သူ့
အဆိုးမဆိုနဲ့လို့ပြောတယ် အဲ့ဒီ့အချိန်ကျွန်တော်တို့
နှစ်ယောက်ကိုမြင်သွားတဲ့အဲ့ဒီ့ကောင်က ကျွန်တော်