ကျွန်တော်အရင်က လုံးဝကို
straightစစ်စစ်ပါ အချစ်ဦးကလည်း
မိန်းကလေးပါ သူ့ကို3 တန်းကနေ 10တန်းအထိ
ကြိုက်ခဲ့တာ ချစ်နေတာလဲ သူသိတယ် ဒါပေမဲ့
သူက 10တန်းနှစ်ဝက်မှာ ကျွန်တော်တို့ဘော်ဒါက နှစ်ကျ
အကိုကြီးနဲ့ ကြိုက်သွားတယ် အဲ့အကိုက ပိုက်ဆံရှိတယ်
သူ့အဖေက အဲ့နှစ်က တိုင်းရဲ့ဝန်ကြီးပေါ့ ကျွန်တော့်ရဲ့
Crush ကပိုက်ဆံမက်တယ်လေ အဲ့တော့ သူ့ကိုကြိုက်တာ
မဆန်းပါဘူး ကျွန်တော်အသဲတွေကွဲတာပေါ့ဗျာ မအိပ်နိုင်
မစားနိုင်တွေဖြစ် စာတွေကလည်းမလိုက်နိုင်တွေဖြစ်သွား
တယ် ဘော်ဒါကစစ်တဲ့စာမေးပွဲတွေလည်းကျ စိတ်တွေ
ခဏ လေသွားခဲ့တာ နောက်ဆက်တွဲကတော့ စိတ်ကျရောဂါ
ဖြစ်လို့ တော်တော်လေးကုယူလိုက်ရတယ် .. သူ့ကိုလုံးဝ
စိတ်ထဲမရှိတော့ဘူလို့ ယူဆလိုက်တဲ့အချိန် ကျွန်တော်
ဘော်ဒါပြန်တက်တယ် 1လလောက်အနားယူလိုက်တော့
စာတွေတော်တော်လိုက်ရတာပေါ့ .. ကျွန်တော့် Crush
ဘယ်လောက်မကောင်းလဲဆိုရင် ကျွန်တော့်မျက်စိရှေ့
ဆို ပိုပီး ချစ်ပြ နမ်းပြနဲ့ တကယ်ကိုဗျာ ဘာမှတော့မခံစားရ
တော့ပေမဲ့ သူ့ကိုရွံသလိုလိုဖြစ်လာတယ် ..သူ့ကိုဂလဲ့စား
ချေခြင်တာပေါ့ ငါ့လိုပြန်ခံစားရပါစေဆိုတဲ့ အညှိုးကြီး
ထားလိုက်တယ် အဲ့နေ့ကစီ ကျွန်တော် မုန့်တွေဘာတွေ
ဝယ်စားရင် ပိုဝယ်တယ် ပီးရင် သူ့ရဲ့ ရည်းစားကို ကျွေးတယ်
သူ့ရည်းစားကလည်း ကျွန်တော်သူ့စော်ကိုကြိုက်နေမှန်းသိတော့လန့်တာပေါ့ ဒါပေမဲ့ ကိုယ်ကအပြောလေးနဲ့ကျွေးတော့
နောက်ပိုင်း သူနဲ့ရင်းရင်းနှီးနှီးဖြစ်လာတယ် သူ့ကောင်မလေး
နဲ့ အတူတူရှိရမဲ့အချိန်တွေအစား ကျွန်တော်နဲ့ ဂိမ်းဆိုင်သွားတယ် လက်ဖက်ရည်ဆိုင်ထိုင်တယ် အဲ့တာကို crush
ကမကြိုက်ဘူးထင်ပါတယ် အဲ့တာတွေအစား ကျွန်တော်နဲ့
သွားတာကိုမကြိုက်တာကို အဲ့အကြောင်းကြောင့်သူတို့တွေ
ရန်ဖြစ်ပီးပြတ်သွားရော ကျွန်တော်အရမ်းပျော်တဲ့အချိန်ပေါ့
ငါ့လိုပြန်ခံစားရပီဆိုတဲ့စိတ်နဲ့ တော်တော်ပျော်သွားတာ
သူတို့ပြတ်တဲ့နေ့ကစပီး ကျွန်တော်လည်း သူ့ဘဲနဲ့ဆက်ပီး
ပေါင်းစရာမလိုတောဘူဆိုတော့ သူ့ကိုမုန့်လည်းမကျွေးသလို
ဂိမ်းသွားဆော့ဖို့မခေါ်တော့ဘူ လက်ဖက်ရည်ဆိုင်လည်း
မထိုင်တော့ဘဲ ကျွန်တော်စာပဲဖိလုပ်တော့တယ်
တနင်္ဂနွေနေ့ဆို ဘော်ဒါကအမြဲပိတ်တယ် ပြန်နေကျအတိုင်း
စက်ဘီစီးပီး အိမ်ပြန်တော့ လမ်းမှာ crushရဲ့ exက
ဒီဒီဆိုင်ကယ်ကြီး စီးပီး ကျွန်တော့်စက်ဘီးရှေ့လာရပ်တယ်
အကုန်လုံးက မနက်ပိုင်းတစ်ချိန်တက်ပီးပြန်လာကြဆိုတော့
ဘယ်သူမှလမ်းမှာမရှိတော့ဘူ ကျွန်တော်ပဲ နောက်ကျနေတာ သူကရောဘာလို့နောက်ကျနေတာလဲ သူတိုပြန်တွဲပီး
ချိန်းတွေ့တာလားလို့ထင်လိုက်တယ် အဲ့နေကဗျာ မနက်ကိုး
နာရီကျော်နေပွင့်ချိန်ဆိုတော့ နေရောင်ကသူရဲ့ ဖြူဖွေးနေတဲ့
မျက်နှာနဲ့လည်တိုင်တစ်လျှောက်စူးစူးထိုးနေတာပေါ့ ကျွန်တော် ခဏတာသူ့ကိုငေးကြည့်မိတယ် ဒါပေမဲ့ဘယ်လောက်ကြာသွားလဲမသိဘူး သူ့ဆီကဟေ့ယောင်ဆိုတဲ့ အသံကြားမှ
ကျွန်တော်ပြန်သတိထားမိတာ ဘာဖြစ်သွားလဲဆိုတာလည်းစဉ်းစားမရဘူး ပီးတော့သူကဆက်ပြောတယ် ဘာလို့ မုန့််
လာမကျွေးတော့တာလဲတဲ့ မင်းပေးတဲ့ မုန့်ကအိမ်ကစားလာ
တဲ့မနက်စာထက် ကောင်းလို့ အိမ်ကမနက်စာတောင်စား
မလာပဲ မင်းကျွေးမယ့်မုန့်ကို မျှော်နေတာတဲ့ ဒါပေမဲ့ မင်းငါ့ကို မုန့်လာမကျွေးတာ တစ်ပတ်ပြည့်တော့မယ်တဲ့ ငါလည်း မနက်စာတွေ ငတ်ပေါင်းများလှပီကွာ ဆိုတဲ့ သူ့စကားကြောင်သူ့ကို သနားသွားတယ် သူ့မှာဘာအပြစ်မှာမရှိဘဲဓာစာခံ
ဖြစ်ရတာလေ ကျွန်တော်လည်း မလိမ်ချင်တော့လို့ သူ့ကို
ဘာကြောင့်ချဉ်းကပ်ခဲ့လည်းဆိုတာ အစကနေအဆုံးအကုန်ြေ ပာပြလိုက်တယ် ကျွန်တော့်စကားဆုံးတော့ သူ့မျက်ဝန်း
မှာအရည်ကြည်လေးတွေ ကိုတွေ့လိုက်တယ် ကျွန်တော်
ကိုဘာမှမပြောပဲ ဆိုင်ကယ်ကြီးကိုမောင်းထွက်သွားတယ်
နောက်နေ့ ဘော်ဒါကဆရာမက အကုန်လုံးကိုအစည်းဝေး
ခေါ်တယ် ပီးတော့ ဆရာမကငိုတယ် ...မင်းတို့ရဲ့ ရက်ပီတာအကိုကြီးမနေ့က ဆိုင်ကယ်မှောက်လို့ဆုံးပီ ဆိုပီး သူ့ရဲ့
ဖြစ်စဉ် ကိုငိုပီး ပြောတယ်ဗျာ ကျွန်တော့်ရင်ထဲအောင့်သက်
သက်နဲ့ မနေ့က ကျွန်တော်နဲ့စကားပြောပီးမှဖြစ်သွားတာ
လား ဆိုတဲ့အတွေးနဲ့ ကျွန်တော်ငိုချင်သလိုလို ရင်ထဲဗြောင်ဆန် သွားတယ် ဆရာမအစည်းဝေးပီးတော့ ကျွန်တော့်
Crush က ငိုသံပါနဲ့ ကျွန်တော့်ဆီ စာအုပ်တစ်အုပ်ပေးတယ်
နင့်ကို သူကပေးခိုင်းခဲ့တာတဲ့ ကျွန်တော်တွေဝေသွားတယ်
သူဘာကြောင့် ငါ့ကိုဒီစာအုပ်ပေးခိုင်းတာလဲပေါ့ စာအုပ်
ပေးရလောက်အောင်လည်း သူနဲ့ကျွန်တော်က အရမ်းကြီးမှမရင်းနှီးခဲ့ပဲကို ရောင်စုံ စာရွက်တွေနဲ့ ဒိုင်ယာရီစာအုပ်ပုံစံနဲ့
စာအုပ်ကို လွယ်အိပ်ထဲ ထည့်မယ့်လုပ်တော့ စာရွက်ကြားထဲက ပုံလေးတစ်ပုံထွက်ကျသွားတယ် ဘာရယ်မဟုတ်
ကောက်ကြည့်လိုက်တော့ ကျွန်တော် 9တန်းနှစ် အားကစား
ပြိုင်ပွဲလုပ်တော့ မုန့်အပြားလေးတွေကို ကြိုးနဲ့ဆွဲပီး စားရတဲ့
ကစားပွဲ ဓာက်ပုံထဲက ကျွန်တော်မမှီ့တမှီနဲ့မုန့်ကိုလှမ်းဆွဲနေတဲ့ ပုံလေး...........