ကျွန်တော့်မှာငယ်ငယ်တုန်းကပေါင်းလာတဲ့သူငယ်ချင်း
နှစ်ယောက်ရှိတယ် သုံးယောက်လုံး က ၁၀တန်း
အောင်တော့လည်းအတူတူ တက္ကသိုလ်ရောက်တော့
လည်းမေဂျာတစ်ခုထဲယူခဲ့ကြတာ စိတ်မကောင်းစရာ
က ပထမနှစ်မှာ ယောက်ကျားလေးသူငယ်ချင်းကကျ
ကျန်ခဲ့တယ် ကျွန်တော်နဲ့သူမသာဒုတိယနှစ်ပေါ့ သူမက
ကျွန်တော့်စိတ်ထဲအများဆုံးနေရာယူထားနိုင်သူပေါ့
သံယောဇဉ်လား အချစ်လားဝေခွဲမရအောင်သူ့အပေါ်
မရိုးမသားတွေဖြစ်မိတယ် သူမကိုချစ်တယ်လို့ဖွင့်ပြော
ဖို့ကြတော့ မဖြစ်နိုင် သူမကျွန်တော့်ကိုမုန်းသွားပီး
မခေါ်မပြောတော့မှာရယ် ကြောင့်ပါ ကျွန်တော့်ရုပ်
အရမ်းဆိုးနေတာတစ်ခုကပြစ်ချက်ပေါ့ သူမကရုပ်ချော
တာအရမ်းမက်တာ ကံတရားပဲပေါ့ ချစ်မိတဲ့ကျွန်တော်
ကပဲ သူမကိုJustfriend အနေနဲ့သူမအနားကနေတစ်သက်လုံးသူမ ဖြစ်ချင်တာလုပ်ပေးရမှာပေါ့ တစ်ခါတစ်ခါသူမကို သီချင်းတွေဆိုပြရသလိုကလည်းကပြရ
သည် သူမပျော်နေတဲ့အချိန်ဆိုကျွန်တော်ကျေနပ်
သည်။ တစ်နေ့ ပထမနှစ်ကကျကျန်ခဲ့တဲ့သူငယ်ချင်းနဲ့အတူ သူရဲ့သူငယ်ချင်းဖြစ်တဲ့တစ်ယောက်ကျွန်တော့်
ဆီလာတယ် ပီးတော့ သူတို့နှစ်ယောက်က မုန့်ဝယ်ကျွေးမယ်ဆိုပီးကန်တင်းခေါ်သွားတယ် ကန်တင်းခေါ်
ရောက်တော့ စားချင်တာမှာဆိုတော့ စိတ်ကတော့
တစ်ခုခုပဲလို့တွေးမိသား ဒါပေမဲ့ ဒီကောင်စေတနာပိုနေ
တာနေမှာဆိုပီး စားချင်တာတွေမနားတမ်းမှာစားလိုက်
တာ သူတို့ကတော့အအေးပဲသောက်သည်။ စားသောက်ပီးတော့ အဲ့ဒီကောင်ရဲ့သူငယ်ချင်းကအကုန်ရှင်းပေး
သွားတော့ အံသြသွားသည် ဘာမှလည်းမဆိုင်ပဲနဲ့
စားသမျှအကုန်ရှင်းတာကို ကျွန်တော်ကအံသြသလို
ကြည့်လိုက်တော့ အဲ့ဒီကောင်ကရယ်ပီး မအံသြပါနဲ့
ကျွန်တော်အကူညီတောင်းစရာရှိလို့တဲ့ ဘာလဲမေးလိုက်တော့ ကျွန်တော့်ရဲ့သူမကို ပြောပေးပါတဲ့ စားပီး
သားတောင်ပြန်အန်ပစ်ချင်တယ် ဒါပေမဲ့ သူကအရပ်
ရှည်ရှည်စမတ်ကျကျနဲ့ချောချောလေးလေ တွေးကြည့်
မိတော့ လိုက်ဖက်ပါတယ်လေ နေနဲ့လရွှေနဲ့မြလိုပါပဲ
သူ့ကိုတော့ပြောပေးမယ်လေ လို့ပြောလိုက်ပေမဲ့စိတ်ထဲ
ကတော့ဟာတာတာ ပြောပီးစားပီးတော့မှသူမကိုသတိရသည် နေ့လည်ဘက်ထမင်းစားလျှင် ရေခဲရေ
သောက်တက်တဲ့သူမအတွက် ရေခဲရည်ဘူးဝယ်ပီး
အတန်းထဲပြန်ပြေးရသည် သူတို့ကိုတော့မနှုတ်ဆက်မိ
နောက်နေ့ စာသင်နားတဲ့အချိန် သူမကခြေထောက်
ကြွက်တက်လို့ဆိုပီး ငိုတယ် ကျွန်တော့်မှာခဏလေးဆို
ပီး ထွန်းရွှေဝါဘူးကို ဆရာနားနေခန်းထဲပြေးသွားတောင်တာ နားနေခန်းထဲတောင်မရောက် အဆင်းအတက်မှာချော်လဲသွားတော့ ခြေထောက်ကတော်တော်နဲ့မထနိုင် ဒါမဲ့အရှေ့ကနေ အစ်ကိုရလာဆိုပီးပြေးလာ
တဲ့ သူမကိုပြောခိုင်းတဲ့ ကောင် ကိုယ်မှာရတယ်လို့သာ
ပြောပီး သူမအတွက်ထွန်းရွှေဝါဘူးပြေးယူပေးပါအကူညီတောင်းရတယ် ထွန်းရွှေဝါဘူးပဲပြောရသေးတယ်သူကထွက်ပြေးသွားသည်။ ပြန်လာတော့ ပေးမယ့်ထွန်းရွှေဝါဘူးကိုသူကိုယ်တိုင်ဖွင့်ပီးလူးပေးသည် ခြေထောက်ကို
သေချာနှိပ်နေတဲ့သူ့ကိုအားနာလို့ရတယ်ပြောပေမဲ့သူက
လက်မခံ နှိပ်ပီးတော့လည်း မထနိုင်တဲ့ကျွန်တော့်ကို
ဂုန်းအတင်းပိုးပီး အခန်းထဲပို့ပေးခဲ့သည် အခန်းထဲရောက်တော့သူမက တခြားတစ်ယောက်အကူညီဖြင့်ရသွား
လို့ ကူညီပေးတဲ့ကောင်နဲ့လေပေးဖြောင့်ကာရယ်မောနေသည်ကျွန်တော့်လာတာကိုတောင်အရေးမစိုက်
လိုက်ပို့တဲ့ကောင်ကသူတို့နှစ်ယောက်ကိုကြည့်ပီး
တောက်ခေါက်ကာစိတ်ဆိုး၍ထွက်သွားသည် ။ အော်သူလည်း သူချစ်ရတဲ့သူတခြားသူနဲ့ရယ်မောနေတာဘယ်လိုခံစားနိုင်မှာလဲ ကျွန်တော်တောင်တော်
တော်စိတ်မကောင်းဖြစ်သွားတာ ညနေကျောင်းဆင်း
တော့ ခြေထောက်မကောင်းတဲ့သူမကိုစက်ဘီးနဲ့တင်
နင်းရသည် ကျွန်တော်နာတာကိုမေ့ပီးသူမ အတွက်ဦးစားပေးနေမိသည်။ သူမကိုထိုကောင်လေးကြိုက်တဲ့
အကြောင်းပြောတော့ သူမက သူ့ကြိုက်တာသူတစ်
ယောက်ထဲမဟုတ်ဘူးလို့ပြောရယ်သည် ကျွန်တော်က
သေချာလေးပြောပြတော့ သူစဉ်းစားမယ်ပဲပြောသည်။
သူ့ကိုအိမ်ပို့ပီး ပြန်လာတော့ အဲ့ဒီကောင်လေးက တစ်
ဖက်လမ်းကနေ အစ်ကိုဆိုပီးပြေးလာတယ် သူကဒီမှာ
နေတာလား မသိလို့ မေးလိုက်တော့မဟုတ်ဘူးဒီလမ်း
ကသူငယ်ချင်းအိမ်ကိုလာတာတဲ့ ပြန်ရမာလည်းခြေလျင်ဖြစ်နေလို့ စက်ဘီးနဲ့လိုက်ပါရစေတဲ့ သူတင်နင်းပါ့
မယ်ဆိုပီး ပြောတော့ အားနာလို့ ရတယ်လို့ပြောလိုက်
တယ် သူ့ကို ဟိုကိစ္စပြောပေးပီးသွားပီးလို့ပြောတော့
သူကအင်းပဲပြောတယ် ပီးတော့ ကျွန်တော့်ခြေထောက်
ကောင်းသွားပီးလားလို့မေးတယ် ကောင်းသွားပီ ကျေးဇူးပဲနော် ဒီနေ့ကိစ္စအတွက် ပဲပြောလိုက်တယ် ပီးတော့
တိတ်သွားကြတယ် ကျွန်တော်တွေးမိတယ် တကယ်တော့အချစ်ဆိုတာပေးဆက်မှုသက်သက်ပဲလို့ သူငယ်
ချင်းတစ်ယောက်ကိုချစ်မိတော့ 528 ရယ် 1500ရယ်
ကိုပေါင်းချစ်နေရသလိုဖြစ်သွားတာ ဒီဘဝတော့သူမကို
အချစ်ကျွန်တစ်ယောက်လို သူမအနားခစားနေရင်းသူမဖြစ်ချင်တာ ဖြည်ဆည်းပေးရတော့မှာပေါ့ ရက်စက်တယ်
ကံကြမ္မာရယ် ပျော်ရွှင်မှုတွေကိုပေးသနားပါလား ကျွန်တော့်ကိုသနားရင်ပေါ့ .......