လွန်ခဲ့တဲ့ ၃နှစ်ကျော်က ဖြစ်တည်ခဲ့ကြတဲ့
ဖြူစင်တဲ့အချစ်ကိုကိုယ်စားပြုတဲ့ဇာတ်လမ်းလေးလို့
ပြောရမလားပဲ.......သူက ကျွန်တော်တို့ရဲ့ရွာကို မထင်မှတ်ပဲ
ရောက်လာခဲ့တဲ့ သူပေါ့ သူဆိုတဲ့နာမ်စားထက်
အစ်ကိုဆိုတဲ့ နာမ်စားပဲသုံးပါရစေ ..အစ်ကို့ရဲ့အမေက
အစိုးရဝန်ထမ်း ကျောင်းဆရာမပေါ့ တာဝန်နဲ့
ပြောင်လာခဲ့တဲ့ အစ်ကိုတို့မိသာစုက ကျွန်တော်တို့
အိမ်ရဲ့ နှစ်အိမ်ကျော်မှာအိမ်ငှါးနဲ့စရောက်လာတယ်
စပ်စပ်စုစုနိုင်တဲ့ကျွန်တော်က အစ်ကိုတို့ရောက်ရောက်
ချင်းပဲ အပြေးလေးရောက်သွားပီး အစ်ကို့အမေကိုအန်တီတို့ဘယ်ကလာတာလဲဘာလဲမေးတာပေါ့ အစ်ကိုကတော့ပြုံးပီကြည့်လို့ ပီးတော့မှအစ်ကိုက ကလေးတို့
အိမ်ကရောဘယ်နားလဲတဲ့ 8တန်းပေမဲ့ညှက်ပီးပုနေတဲ့
ကျွန်တော်က ကလေးလို့တော့အခေါ်မခံချင်ဘူးဗျ အစ်ကို့ကို ကလေးလို့မခေါ်နဲ့ ညီလေးလို့ခေါ်လို့စွာတေးလန်ကပ်ကပ်လန်ပြန်ပြောခဲ့တာ ဟုတ်ပါပီဆိုပီးအစ်ကို
တို့သာအမိရယ်လိုက်တာ အဲ့နေ့ကစ အန်တီတို့နဲ့အရင်း
နှီးဆုံးသူက ကျွန်တော်ဖြစ်သွားတာပေါ့ စားအိမ်
သောက်အိမ်သဘောမျိုးနဲ့ အစ်ကိုလည်း ကျွန်တော့်
အိမ်နဲ့ရင်းနှီးလာတာပေါ့ အစ်ကိုက 9တန်းပေမဲ့ ထွားတော့ထွားတယ် အရပ်ဆိုအရှည်ကြီးပဲ ကျွန်တော်တို့ရွာမှာက အလယ်တန်းထိပဲရှိတော့ ရွာနဲ့ 2မိုင်ဝေးတဲ့ မြို့
ကျောင်းကို အစ်ကိုနဲ့အတူသွားတက်ရတာပေါ့ အဲ့ဒီ့နှစ်
ကသူငယ်ချင်းတွေက မြို့တွေပြောင်းကုန်တော့ အဖော်
မရှိမှာစိုးရိမ်နေတဲ့ကျွန်တော့်အတွက် ဘုရားကအစ်ကို
ကိုဖန်ဆင်းပေးလိုက်သလိုပဲ မနက်8နာရီကျောင်းသွား
တယ်ညနေ 3နာရီဆိုပြန်လာရပီပေါ့ အစ်ကို့ရဲ့အမေက
တော့ ကျူရှင်သင်တယ် ကျွန်တော်တို့နှစ်ယောက်အပါဝင်ပေါ့ မနက်ပိုင်းထမင်းချိုင့်ကိုယ်စီနဲ့ စက်ဘီးလေးစီးရင်း စကားတပြောပြောနဲ့ကျောင်းသွားတာပေါ့ စလိုက်
နောက်လိုက်နဲ့ အစ်ကိုနဲ့ကျွန်တော်နဲ့ဟာစာသင်နှစ်ဝက်
မတိုင်ခင်မှာပဲပိုပိုရင်းနှီးလာတယ် တစ်နေ့ကျောင်းမှာ
ဝတုတ်ဆိုတဲ့အခန်းထဲကသူငယ်ချင်းနဲ့ရန်ဖြစ်တယ်
ဆူဆူညံညံနဲ့ဆိုတော့ တစ်ဖက်ကျောင်းဆောင်က
အစ်ကိုကြားသွားတယ်ထင်ပါရဲ့ ရောက်ချလာတယ်
ကျွန်တော့်ကို ဟေ့ယောင်လို့အကျယ်ကြီးအော်ခေါ်ပီး
သူ့ရဲ့အတန်းကိုခေါ်သွားတယ် အဆူခံရမလား ထပ်အထိုးခံရမလားမသိတဲ့ကျွန်တော်အစ်ကိုခေါ်ရာနောက်
လိုက်သွားရင် ရင်တမမနဲ့ပေါ့ အတန်းထဲရောက်တော့
သူ့နေရာမှာထိုင်ခိုင်းတယ် သက်ပျင်းရှည်ကြီးတစ်ခုချ
ပီးတော့ သူအပြင်ထွက်သွားတယ် ခဏကြားပြန်ရောက်
လာတော့ လက်ထဲဆေးဘူးပါလာတယ် ပါးမှာခြစ်ရာ
ကြီးထင်နေတယ်လို့ပြောပီး ဆေးထည့်ပေးရှာတယ်
ပါစပ်ကလည်း ရန်မဖြစ်နဲ့ဘာညာဆိုပီးဆုံးမတယ်ပီးတော့ခဏထိုင်ဆိုပီးပြန်ထွက်သွားတယ် 15minလောက်
ကြာတော့ပြန်လာတယ် အခန်ထဲပြန်တော့ဆိုပီးပြန်လွှတ်တယ် ပီးတော့ သူဝယ်လာတဲ့အအေးဘူးလေးကိုလက်ထဲထည့်ပေးတယ် အခန်းထဲပြန်ရောက်တော့ ရန်ဖြစ်
ခဲ့တဲ့ကောင်က ပါးမှာအခြစ်ရာကြီးနှစ်ခုနဲ့ကျွန်တော့်ကို
ကြည့်နေတယ် လက်သည်းမရှိတဲ့ကျွန်တော်ကဘာလို့
သူ့ကိုမလုပ်မိပဲ အခြစ်ရာထင်သလဲပေါ့ တွေးရင်းကိုယ့်
နေရာကို ပြန်ထိုင်တယ် စာအုပ်လေးကိုင်ဆရာမအဆူ
ကိုခံရဖို့စောင့်နေတဲ့ကျွန်တော်ကို ဘေးကသူငယ်ချင်းက ပြောတယ် ဟေ့ယောင်တဲ့ ခုနကမင်းအစ်ကိုဆိုလား
အခန်းထဲကိုလာတယ် အဲ့တာဝတုတ်နဲ့ရန်ဖြစ်ကြတယ် ဝတုတ်ကိုကြိမ်းမောင်းသွားလိုက်တာများကြောက်ဖို့ကောင်းလိုက်တာကွာ ဆိုပြောတော့ ကျွန်တော်
အသွေးအသားထဲစိမ့်တက်သွားအောင်နွေးထွးသွား
သလိုခံစားလိုက်ရတယ် ညနေကျောင်းဆင်းတော့
အစ်ကိုကကျွန်တော့်ကိုလမ်းတောက်လျှောက်လုံးစကား မပြောဘူး ကျွန်တော်ကလည်း စကားပြောမရခဲ့
ဘူးရှက်သလိုလိုနဲ့တစ်မျိုးကြီးဖြစ်နေတယ် အဲ့လိုနဲ့အိမ်ပြန်ရောက် စာသင်တော့လည်း စကားတစ်ခွန်းမှမပြောပြန်ဘူး ညပိုင်းကြအစ်ကိုက သူ့ဂီတာနဲ့သီချင်းဆိုပြမယ်
ဆိုပီး ထူးထူးဆန်းဆန်းလာခေါ်တယ် သူ့အိမ်ရှေ့က
ခုံလေးမှာ ဘာမှမပြောဘဲသီချင်းလေးတစ်ပုဒ်ဆိုပြခဲ့တယ် အဲဒီ့တုန်းကခေတ်စားခဲ့တဲ့ ဇော်ပိုင်ရဲ့မင်းနဲ့မှချစ်တက်ပီပေါ့ဆိုတဲ့သီချင်းလေးဆိုပြခဲ့တာ ခုထိမှတ်မိတုန်းပဲ
အစ်ကိုကသီချင်းလည်းဆိုပီးရော ကျွန်တော့်မျက်နှာကို
ကြည့်ပီး ဒဏ်ရာကသက်သာသွားပီလားမေးတယ်
ဘာမှပြန်မပြောဘဲ အစ်ကို့ကိုစိုက်ကြည့်နေခဲ့မိတာ
အစ်ကိုက ဒဏ်ရာသက်သာပီလားလို့နောက်တစ်ခါထပ်
မေးတော့မှရှက်ရမ်းရမ်းပီးအင်းလိုဖြေလိုက်တာ အစ်ကိုက အဲ့ဒီ့နောက်ပိုင်းကျွန်တော့်အပေါ်ကိုဂရုစိုက်လာတယ် ကျောင်းရောက်ရင်လည်းအခန်းထဲထိလိုက်ပို့တယ်
စာအရမ်းတော်ပီး ရုပ်ချောတော့ အခန်းထဲသူငယ်ချင်း
မတွေဆို အမြဲသူ့ကို ဘယ်လိုကြိုက်ကြောင်းပြောတာ
ပီးတော့အနီးကပ်ရှိတဲ့ကျွန်တော့်ကိုလည်းအားကျတယ်တဲ့ ကျောင်း၃လပိတ်တော့မယ့်အချိန် စာမေးပွဲ
နောက်ဆုံးနေ့ အစ်ကိုကညဘက်ကျွန်တော့အိမ်ရှေ့
လာတယ် ကျွန်တော့်ကိုအော်ခေါ်ပီး ရွာထိပ်ကဆည်မြောင်းတံတားမှာ လသာတာသွားကြည့်မယ်တဲ့ အဲ့ဒီ့နေ့က လပြည့်နေ့လေးပေါ့ အမေ့ပြောပီးအစ်ကို့နောက်လိုက်ခဲ့တယ် တံတားမှာထိုင်နေရင်းအစ်ကိုကကျွန်တော့်ကိုဖက်ပီးငိုတယ် ဘာဖြစ်လို့လဲမေးတော့ မပြောဘူး
ပီးတော့ကျွန်တော့်မျက်နှာကြည့်ပီးတော့ အမေအစိုးရအလုပ်ကနေရပ်နာတော့မယ်တဲ့ ပီးတော့ သူ၁၀တန်း
အတွက်ရန်ကုန်ကိုယ်ပိုင်ကျောင်းကိုပြောင်းရမယ်ဆိုပီး
ထပ်ငိုတယ် ကျွန်တော့်ရင်ထဲ ဟာခနဲဖြစ်သွားတယ်
ဝမ်းနည်းစိတ်ကရှိပေမဲ့ အကို့ကိုဖြေသိမ့်ပေးဖို့ စိတ်ကို
တည်ငြိမ်အောင်ထားလိုက်တယ် အစ်ကို့ကို သွားတက်ဖို့အကြောင်းရယ် ဖုန်းဆက်မယ်ဆိုနဲ့အကြောင်းရယ် ညီလာတွေ့မယ်ဆိုတဲ့အကြောင်းရယ်
ပြောဆိုကတိပေးလိုက်တယ် အစ်ကိုက မသွားချင်ဘူး
ပြောတယ် ဘာလို့လဲအစ်ကိုရလို့မေးတော့ ညီရယ်
ဒီရွာလေးရယ်မခွဲချင်ဘူးတဲ့ အဲ့ညကစကားတွေအများ
ကြီး ပြောပီးမှအိမ်ပြန်ဖြစ်ခဲ့ကြတယ် အစ်ကိုတို့ပြန်မယ်ဆိုတာသိလို့စောစောထပီးနှုတ်ဆက်ဖို့လုပ်တော့
အမေကပြောတယ် မင်းအစ်ကိုတို့ကပြန်သွားပီတဲ့
မင်းငိုမှာစိုးလို့မပြောတာဆိုပီး စိတ်မကောင်းစရာစကား
ကိုကြားလိုက်ရတယ် အဲ့ဒီ့နောက်ပိုင်းဖုန်းအဆက်သွယ်
ရတယ် အစ်ကိုကဖုန်းထဲကနေကျန်းမာရေးဂရုစိုက်
ဖို့အကြောင်းတဖွဖွပြောတာ နောက်တော့အစ်ကိုလည်း
အဆောင်ဝင် ကျွန်တော်တို့အိမ်ဖုန်းလည်းပျက်သွား
တော့အစ်ကိုနဲ့အဆက်သွယ်ပြတ်သွားခဲ့တယ် အဲ့တုန်းက ရွာမှာကဟန်းဖုန်းသိပ်မပေါဘူး အိမ်ဖုန်းကို တစ်မိနစ် 1၀၀နဲ့ပြောရတာ .. ကျွန်တော် တတိယနှစ်ရောက်တော့အစ်ကိုနဲ့ FB ကနေတဆင့်အဆက်အသွယ်ပြန်ရခဲ့တယ် ပျော်လိုက်တာဆိုတာ ပြောမပြတက်ဘဲ ဒီကြားထဲ အစ်ကို့ကိုအရမ်းလွမ်းနေခဲ့တာကို ဘယ်လောက်လွမ်းကြောင်းပြောပြမယ်ပေါ့ ဒါပေမဲ့ ကျွန်တော်ကံမကောင်းခဲ့ဘူး သူ့wall ရဲ့ Bio ရော About မှာပါ သက်ဆိုင်သူ
ကောင်မလေးနာမည်နဲ့ပုံကိုတွေ့လိုက်တယ် အဲ့အကြောင်းအရာတင်မဟုတ်ခဲ့ဘူး ကျွန်တော်အစ်ကို့ကို CB
မှာဘယ်သူဆိုတာပြောပြတော့ သူအရမ်းဝမ်းသာနေခဲ့တာ ပီးတော့ အသံမတ်ဆေ့ပို့တယ် ထင်မိလို့လားတော့
မသိဘူး အစ်ကိုရဲ့အသံတွေကတုန်နေတယ် ကျွန်တော်က သူ့ရည်းစားချောကြောင်း သူတို့နှစ်ယောက်
အတွက်ဝမ်းသာကြောင်းပြောတော့ အစ်ကိုရဲ့ စာတွေ
ရပ်တန့်သွားခဲ့တယ် သူစာကိုဖက်နေတယ် chatကို
ကြည့်နေပေမဲ့ စာမရေးဘဲ ဘာတွေတွေးနေလဲဆိုတာ
သိချင်လိုက်တာ နိုတီသံလေးနဲ့အတူရောက်လာတဲ့
စာကြောင့် ကျွန်တော့်ရင်တွေ စို့နစ်ကြေကွဲသွားလိုက်
တာ အစ်ကိုအရမ်းလွမ်းနေတာခဲ့တာဆိုတဲ့စာကြောင်း
လေးကိုကြည့်ရင်းဖိတ်ခေါ်မှုမရှိဘဲကျလာတဲ့ မျက်ရည်
တွေကဖုန်းစကရင်ပေါ်မှာအတိုင်းသား ဆက်မပြောနိုင်
တော့လို့ ဖုန်းကိုပစ်ပီး ငိုချပစ်လိုက်တယ် နောက်တစ်နေ့ စကားတွေပြန်ဆက်ပြောတယ် သူကောင်မလေးက
သူ့သူငယ်ချင်းတွေကောင်းလို့ရခဲ့ကြောင်းလည်းရယ်စရာလုပ်ပြောသေးတာ ပီးတော့ သူတို့နှစ်ယောက်စေ့စပ်
တော့မယ်တဲ့ ကျွန်တော့်ဘက်က စာကရပ်တန်းသွားတယ် ဒါပေမဲ့ သူကျွန်တော့်စာကိုစောင့်နေလို့ အင်း လို့
ပြန်ပြောရုံကလွဲလို့မတက်နိုင်ခဲ့ဘူး အစ်ကိုက ကျွန်တော့်ကို ညီအရင်းလိုသူဘေးမှာဂရုစိုက်ပေမယ်ပြော
တော့ ကျွန်တော်လက်မခံခဲ့ဘူး သူငယ်ချင်းလိုပဲခင်နေ
ပါရစေအစ်ကိုရာလို့ပဲ ပြန်ပြောလိုက်တယ် ဆိုင်သူရှိနေ
တဲ့သူတစ်ယောက်ဘေးမှာ မရိုးသားတဲ့စိတ်နဲ့ ညီတစ်
ယောက်လိုနေနိုင်ပါ့မလဲဗျာ ဘယ်လောက်ပဲ ဘာမှ
မဆိုင်ဘူးပြောပြောအနည်းဆုံးတော့ အစ်ကို့ကိုကျွန်တော် ချစ်ခဲ့မိတာပဲလေ ကျွန်တော့်နှလုံးသားရောစိတ်က
ရော အလိုလိုသိနေတယ် အစ်ကိုလည်း ကျွန်တော့်ကို
ချစ်ခဲ့လိမ့်မယ်လို့လေ ........ဝေးကွာခြင်တွေက အစစ်မှန်တစ်ခုကို
လွဲချော်သွားစေနိုင်တယ် ဝေးကွာခြင်းတစ်ချို့မှာ
ဆိုင်သူနှစ်ဦးရဲ့ နှလုံးသားတွေကို စတေးသလိုဖြစ်
သွားနိုင်တယ် သွေးမအေးတဲ့ ချစ်ခြင်းတစ်စုံဆိုပေမဲ့
လည်း ကံကံ၏အကျိုးဆိုတာလည်းရှိတယ်လေ
တစ်ယောက်နဲ့တစ်ယောက်ချစ်ပေမဲ့ကံတရားက
မျက်နှာသာပေးမှ ပေါင်းဖက်နိုင်ကြတာမှတ်ထား အချစ်စစ်တစ်ခုမှာ ဗီလိန်ဆိုတဲ့အရာကြီးက
ကြားဝင်စမြဲပဲ 🍀🍀