မနက်ဖြန် ကျောင်းပိတ်ရက် ။
Chanyeol ကို ဘာသင်ပေးရမလဲစဉ်းစားနေမိသည် ။ အတိုက်အခိုက်သင်ပေးရအောင်လည်း စာမေးပွဲပြီးမှပဲ အဆင်ပြေမယ် ။ အားကစားသင်ပေးရအောင်လည်း chanyeol က ဘောလုံးနဲ့ basketball ကိုကောင်းကောင်းကစားတတ်တယ်တဲ့။ ဟိုတစ်နေ့က လူကို သက်သက်မဲ့ မဆော့တတ်ဘူးဆိုပြီး ပညာပြတာ ။
စာနဲ့ပက်သက်ရင် အဲ့ကလေးက ဥာဏ်ကောင်းပြီးစာတော်တော့ သင်စရာကမလိုဘူး ။ အစားအသောက်နဲ့ပက်သက်ပြီး သင်ရအောင်ကလည်း ကိုယ်က ကျွမ်းကျင်စားဖိုမှူးကြီးလည်းမဟုတ်ပြန်ဘူး ။ ထမင်းချက်တတ်လို့ မငတ်ရင်တော်ပြီပေါ့။ အစားအသောက် ကိစ္စက နောက်မှ သင်ပေးလို့ရတယ် ။ လောလောဆယ်က ဘာသင်ပေးရမလဲ တော်တော်အကြပ်ရိုက်နေသည် ။
အတိုက်အခိုက် ကိုယ်ခံပညာက ဒီကလေးတတ်မှာမဟုတ်တာသေချာပေမယ့် သူကခုအချိန်သင်လိုက်ရင် ပင်ပန်းပြီး နာလန်မထူနိုင်ပဲနေမှာ ။
အကျင့်စာရိတ္တနဲ့ပက်သက်ပြန်ရင်လည်း အရင်ကထက်အခြေအနေကောင်းလာပြီ ။ စရိုက်ဆိုတာ ခုသင် ခုဆုံးမ ခုဖျောက်ပေးလို့မှမရတာ ။
ဘာသင်ပေးရမလဲ စဉ်းစားရတာနဲ့ရူးမှာပဲ ။ အမှုကွင်းဆက်တွေလိုက်ပြီး စုံစမ်းစစ်ဆေးတုန်းကတောင် ဒီလောက်ဦးနှောက် မစားဘူး ။
လောလောဆယ်ကတော့ chanyeol ရဲ့ စိတ်ကို အပန်းဖြေပေးဖို့လိုမယ်ထင်တာပဲ ။ သူ့ကို အလုပ်လုပ်တဲ့နေရာများခေါ်သွားရမလား ။
-Jade-
"ဟေ့ရောင် chanyeol ခုတလောငြိမ်လို့ပါလား။ ဘာလဲ အသစ်အဆန်းမတွေ့တော့ ပျင်းနေပြီလား ''
ကျောင်းရောက်တော့ ငယ်ပေါင်း တွေဖြစ်တဲ့ taemin နဲ့ minho ကပခုံးကိုလာဖက်သည် ။
ငယ်စဉ်က ပေါင်းတာ ငါးယောက်။
chanyeol အမေနဲ့ အစ်ကိုကိုဆုံးရှုံးရချိန် chanyeol အားငယ်နေချိန် chanyeol ဘေးဘယ်သူမှရှိမနေ ။ထိုအချိန် ကျောင်းက လူဆိုးကောင်တွေနဲ့ ပေါင်းမိပြီး အရက်သောက် ဆေးလိပ်သောက် Bar သွားclubတက်လုပ်နေချိန် ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်တဲ့ taemin နဲ့ minho က ဖြောင်းဖျပေမယ့် chanyeol နားမထောင်ခဲ့ ။
VOCÊ ESTÁ LENDO
JADE [ Hiatus ]
FanficFBI မှSpecial agent တစ်ယောက် မူးယစ်ရာဇာဂိုဏ်းအမှုကို ကိုင်တွယ်ရမည့်အပြင် ဗိုလ်မှူးကြီးဟောင်း တစ်ယောက်ရဲ့သားဖြစ်သူကိုပါ ကာကွယ်ပေးရန်ဖြစ်လာသောအခါ..... Cover design by Fan Yeollie